ရက်စက်ကြမ်းကြုတ်သော အနိဋ္ဌာရုံ မြင်ကွင်း

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
လူများတွင် အနိဋ္ဌာရုံပုံရိပ်များ၊ ရက်စက်ကြမ်းကြုတ်သည့် ပုံရိပ်များအပေါ် မတူညီသော ထိခိုက်လွယ်သည့် တုံ့ပြန်ခံစားမှုများရှိသည်ကို ကျွန်ုပ်တို့သိရှိနားလည်ထားပါသည်။ အသုံးပြုသူများကို ထိုကဲ့သို့အကြောင်းအရာများမှ ကာကွယ်ပေးရန် ကျွန်ုပ်တို့သည် အဆိုးရွားဆုံး အနိဋ္ဌာရုံ မြင်ကွင်းကို ဖယ်ရှားပြီး အခြားအကြောင်းအရာ အမျိုးအစားများတွင် သတိပေးချက် အညွှန်းများ ထည့်သွင်းပါသည်။ သို့မှသာ လူများသည် သူတို့ နှိပ်မကြည့်မီ ထိုအကြောင်းအရာက ထိခိုက်လွယ်နိုင်ကြောင်း သတိမူမိနိုင်ပါမည်။ ကျွန်ုပ်တို့သည် ငယ်ရွယ်သော အသုံးပြုသူများအား သူတို့အတွက် မသင့်လျော်နိုင်သော သို့မဟုတ် အရွယ်နှင့်မလိုက်သော အကြောင်းအရာများ ကြည့်ရှုနိုင်စွမ်းကို ကန့်သတ်ထားပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ အသုံးပြုသူများအား သူတို့ကိုယ်ကိုသူတို့ ထုတ်ဖော်ပြသနိုင်ရန်အတွက် ရပ်ဝန်းတစ်ခု ဆက်လက်ပံ့ပိုးပေးထားသည့်တစ်ပြိုင်နက်တည်းမှာပင် သင့်လျော်သော အသုံးပြုသူ သက်ဝင်ခံစားမှုကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။
အသုံးပြုသူများသည် လူ့အခွင့်အရေး အလွဲသုံးစားပြုမှုများ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခကဲ့သို့သော လုပ်ရပ်များကို ဖော်ထုတ်ပေးရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်အလို့ငှာ အကြောင်းအရာများကို မျှဝေနိုင်ကြောင်း ကျွန်ုပ်တို့သိရှိနားလည်ပါသည်။ ကျွန်ုပ်တို့၏မူဝါဒများသည် ဤအခြေအနေမျိုးတွင် အကြောင်းအရာမျှဝေထားသည့်အချိန်ကိုလည်း ထည့်သွင်းစဉ်းစားကာ ဆွေးနွေးမှုနှင့် သိရှိမှုမြှင့်တင်ခြင်းအတွက် သင့်လျော်သလို နေရာပေးပါသည်။
အခပေးကြော်ငြာအတွက် ထပ်ဆောင်းကာကွယ်မှုများကို ကျွန်ုပ်တို့ပံ့ပိုးပေးထားပါသည်။ ဥပမာအားဖြင့် ထိခိုက်လွယ်သည်ဟု ယူဆထားသည့် အကြောင်းအရာကို ကြော်ငြာများတွင် ပြသရန် မသင့်လျော်ပါ။ ကြော်ငြာများတွင် စိတ်ချောက်ချားစေသော၊ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော သို့မဟုတ် အခြားတစ်နည်းအားဖြင့် သည်းထိတ်ရင်ဖိုဖြစ်စေသော ရုပ်ပုံများနှင့် ဗီဒီယိုများကို ထည့်သွင်းပြသခြင်း မပြုရန်လည်း ကျွန်ုပ်တို့ တားမြစ်ထားပါသည်။ နောက်ထပ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ကြော်ငြာစံနှုန်းများကိုကြည့်ပါ။
အောက်ပါတို့ကို ပို့စ်မတင်ရပါ-
လူများ၏ရုပ်ပုံများ
ဆေးကုသမှုနှင့်မဆိုင်သော အခြေအနေများတွင် အောက်ပါတို့ကို ပုံဖော်ထားသော သက်ရှိလူသားများ၏ သို့မဟုတ် လူသေများ၏ ဗီဒီယိုများ -
  • ကိုယ်လက်အင်္ဂါပြတ်တောက်ခြင်း။
  • သက်ရှိလူသားများ သို့မဟုတ် လူသေများပေါ်ရှိ မြင်သာအောင်ပြထားသော ကိုယ်တွင်းအင်္ဂါများ၊ အရိုးများ သို့မဟုတ် ကြွက်သားတစ်ရှူးကဲ့သို့ အထင်အရှားမြင်နိုင်သော အတွင်းကလီစာများ။
  • မီးလောင်ကျွမ်းနေသော သို့မဟုတ် မီးကျွမ်းထားသောလူများ၊ သို့မဟုတ်
  • လည်လှီးခြင်း။
ရာဇဝတ်မှုအတွက် တရားဝင်သေဒဏ်ပေးခြင်းကို တိုက်ရိုက်ထုတ်လွှင့်မှုများ။
အခြားသူများ နာကျင်မှုအပေါ် သာယာသော မှတ်ချက်များ
အခြားသူများ နာကျင်မှုအပေါ် သာယာသော မှတ်ချက်များဆိုသည်မှာ လူများ သို့မဟုတ် တိရစ္ဆာန်များ၏ ဝေဒနာခံစားရမှု သို့မဟုတ် အရှက်ကွဲသိက္ခာကျမှုအပေါ် ပျော်ရွှင်ကြောင်း သို့မဟုတ် ဝမ်းမြောက်ကြောင်း ဖော်ပြသော စာတန်းများ သို့မဟုတ် မှတ်ချက်များကဲ့သို့ ထင်မြင်သုံးသပ်ချက်ဖြစ်သည်။
ကျွန်ုပ်တို့ ဖယ်ရှားသည့်အရာများမှာ
  • မိမိကိုယ်ကို ခုခံကာကွယ်သည့် လုပ်ရပ်များကို သရုပ်ဖော်ထားသည့်ပုံရိပ် (ဥပမာ- တစ်စုံတစ်ဦးက လက်နက်ကိုင်ဓားပြတိုက်မှုမှ မိမိကိုယ်ကို ခုခံကာကွယ်သော ဗီဒီယို) သို့မဟုတ် ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခုတွင် ပုံဖော်ထားသည့်ပုံရိပ် (ဥပမာ- ခွဲစိတ်ကုသမှု လုပ်ဆောင်နေသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ ရုပ်ပုံတစ်ပုံ) မှလွဲ၍ အကြောင်းအရာသည် ထိခိုက်လွယ်နိုင်ကြောင်း ဤမူဝါဒအရ လူများအား အသိပေးသော သတိပေးချက်မျက်နှာပြင်တစ်ခု တစ်နည်းနည်းဖြင့် ပါနေသည့် ပုံရိပ် (ဗီဒီယိုနှင့် ရုပ်ငြိမ်ပုံရိပ် နှစ်မျိုးလုံး အပါအဝင်) တွင် ရေးသားပြုလုပ်ထားသော အခြားသူများ နာကျင်မှုအပေါ် သာယာသော မှတ်ချက်များ။
  • ပုံရိပ်တွင် ပုံဖော်ထားသည့် တိရစ္ဆာန်များ၏ ဝေဒနာခံစားရမှုအပေါ် ရေးသားပြုလုပ်ထားသော အခြားသူများ နာကျင်မှုအပေါ် အတိအလင်း နှစ်သက်အားပေးသည့် မှတ်ချက်များနှင့် တိရစ္ဆာန်များ အသက်ရှင်ရာမှ သေဆုံးသွားသော အခိုက်အတန့်ကို ဖော်ပြသည့် ပုံရိပ်။
  • အခြားသူများ နာကျင်မှုအပေါ် သာယာသော မှတ်ချက်များ တွဲလျက်ပါရှိသည့်အခါ ဤမူဝါဒအရ ဖျက်ခံထားရသော သို့မဟုတ် သတိပေးချက် မျက်နှာပြင်တစ်ခုပါရှိနေသော ပုံရိပ်ကို ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းခံခြင်း။
အောက်ပါအကြောင်းအရာများအတွက် ၎င်းသည် ထိခိုက်လွယ်နိုင်ကြောင်း လူအများသတိပြုမိစေရန် သတိပေးချက် မျက်နှာပြင်တစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းထားပါသည်။ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ အကြောင်းအရာများကို ကြည့်ရှုနိုင်ရန်လည်း ကျွန်ုပ်တို့ ကန့်သတ်ပါသည် -
လူများ၏ရုပ်ပုံများ
အောက်ပါတို့ကို ပုံဖော်ထားသည့် ဆေးဘက်ဆိုင်ရာ အခြေအနေများရှိ သက်ရှိလူသားများ သို့မဟုတ် လူသေများ၏ ဗီဒီယိုများ -
  • ကိုယ်လက်အင်္ဂါပြတ်တောက်ခြင်း။
  • သက်ရှိလူသားများ သို့မဟုတ် လူသေများပေါ်ရှိ မြင်သာအောင်ပြထားသော ကိုယ်တွင်းအင်္ဂါများ၊ အရိုးများ သို့မဟုတ် ကြွက်သားတစ်ရှူးကဲ့သို့ အထင်အရှားမြင်နိုင်သော အတွင်းကလီစာများ၊
  • မီးသင်္ဂြိုဟ်ခြင်းနှင့်ဆက်စပ်သည့် အခြေအနေများအပါအဝင် မီးလောင်ကျွမ်းနေသော သို့မဟုတ် မီးကျွမ်းထားသောလူများ၊ သို့မဟုတ်
  • လည်လှီးခြင်း။
အောက်ပါတို့ကို ပုံဖော်ထားသည့် သက်ရှိလူသားများ၏ သို့မဟုတ် လူသေများ၏ ရုပ်ငြိမ်ပုံရိပ်များ -
  • ကိုယ်လက်အင်္ဂါများပြတ်ခြင်း။
  • သက်ရှိလူသားများ သို့မဟုတ် လူသေများပေါ်ရှိ မြင်သာအောင်ပြထားသော ကိုယ်တွင်းအင်္ဂါများ၊ အရိုးများ သို့မဟုတ် ကြွက်သားတစ်ရှူးကဲ့သို့ အထင်အရှားမြင်နိုင်သော အတွင်းကလီစာများ။
  • မီးလောင်ကျွမ်းနေသော သို့မဟုတ် မီးကျွမ်းထားသောလူများ၊ သို့မဟုတ်
  • လည်လှီးခြင်း။
လူတစ်ဦး၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှု (ထိုသူတို့၏သေဆုံးချိန် အခိုက်အတန့် သို့မဟုတ် သေဆုံးပြီးနောက်ပိုင်းအခြေအနေ အပါအဝင်) သို့မဟုတ် အသက်အန္တရာယ်ရှိသော အဖြစ်အပျက်တစ်ခု ကြုံတွေ့နေရသူ (ဥပမာ - ကားတိုက်ခံရခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း သို့မဟုတ် အခြားသော အသက်ဆုံးရှုံးနိုင်ဖွယ်ရှိသည့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ကြုံတွေ့နေရခြင်း) ကို ပုံဖော်ထားသည့် ပုံရိပ် (ဗီဒီယိုနှင့် ရုပ်ငြိမ်ပုံရိပ် နှစ်မျိုးစလုံး)။
ရာဇဝတ်မှုအတွက် လူတစ်ဦးအား တရားဝင်သေဒဏ်ပေးခြင်းကို ပုံဖော်ထားသည့်ပုံရိပ် (တိုက်ရိုက်ထုတ်လွှင့်မှုများမပါ)။
လူတစ်ဦးအပေါ် သို့မဟုတ် လူတစ်စုအပေါ် ကျူးလွန်သည့် လူမဆန်သောလုပ်ရပ်များ (ဥပမာ - အကြမ်းဖက်လုပ်ရပ်များ သို့မဟုတ် အတင်းအဓမ္ဓ ဖမ်းချုပ်ခံထားရသူများအပေါ် သေစေနိုင်လောက်သော ခြိမ်းခြောက်မှုများ) ကို ပုံဖော်ထားသည့်ပုံရိပ်။
ဆေးကုသမှုနှင့်မဆိုင်သော ပြင်ပအရာဝတ္ထုများ (ဥပမာ - ဓား၊ သံ သို့မဟုတ် အခြားသတ္တုပစ္စည်းများ) ဖြင့် လူ့အရေပြားအား ထိုးဖောက်ခြင်းကို ပုံဖော်ထားသည့်ပုံရိပ်။
လူတစ်ဦး၏ ကျိုးနေသော၊ သွေးထွက်နေသော သွားများ၊ သွေးထွက်သံယိုဖြစ်လျက် ပြုတ်ထွက်နေသော သွားများ သို့မဟုတ် ပြင်ပအရာဝတ္ထုများကို သွားများ သို့မဟုတ် သွားဖုံးများထဲသို့ ထည့်သွင်းခြင်းကို ပုံဖော်ထားသည့်ပုံရိပ်။
ပုံထဲတွင် အခြားသူတစ်ဦးဦးပါဝင်ခြင်းမရှိဘဲ သားအိမ်အပြင်ဘက်၌ သေဆုံးနေသော သန္ဓေသားနှင့် ကလေးငယ်များကို ပုံဖော်ထားသည့်ပုံရိပ်။
တိရစ္ဆာန်များ၏ပုံရိပ်
တိရစ္ဆာန်အရှင်များ သို့မဟုတ် တိရစ္ဆာန်အသေများ၏ ကိုယ်လက်အင်္ဂါများပြတ်တောက်ခြင်း၊ အထင်အရှားမြင်နိုင်သော အတွင်းကလီစာများ၊ မီးလောင်နေခြင်း သို့မဟုတ် မီးကျွမ်းနေခြင်း သို့မဟုတ် အရှင်လတ်လတ် အပြုတ်ခံရခြင်းကို သရုပ်ဖော်ထားသည့် မည်သည့်ပုံရိပ်မဆို။
အသက်ရှိရာမှ သေဆုံးသွားသော တိရစ္ဆာန်များ၏ပုံရိပ်။
လူသားများက တိရစ္ဆာန်အရှင်များအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ (ဥပမာ - ကန်ကျောက်ခြင်း၊ ရေနှစ်ခြင်း သို့မဟုတ် အမွေးများနှုတ်ခြင်း) ကို ပုံဖော်ထားသည့်ပုံရိပ်။
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အသုံးပြုသူများသာ ၎င်းကို ကြည့်ရှုနိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
လူများ၏ ရုပ်ပုံများ
ဆိုးဝါးပြင်းထန်သော သေဆုံးမှုဖြစ်ကြောင်း အထင်အရှားမြင်သာသည့် အချက်ပြလက္ခဏာများ မရှိလင့်ကစား တချို့တစ်ဝက်သာ ဖုံးအုပ်ထားသော သို့မဟုတ် အပြည့်ဖုံးအုပ်မထားသော လူသေအလောင်းများကို ပုံဖော်ထားသည့်ပုံရိပ်။
ပုံထဲတွင် အခြားသူတစ်ဦးပါဝင်နေစဉ် သားအိမ်အပြင်ဘက်၌ သေဆုံးနေသော သန္ဓေသားနှင့် ကလေးငယ်များကို ပုံဖော်ထားသည့်ပုံရိပ်။
ကာကွယ်ဆေးထိုးခြင်း၊ အပ်စိုက်ကုသခြင်း သို့မဟုတ် အပ်စိုက်ကုထုံး၊ ဆေးမင်ကြောင်ထိုးခြင်း သို့မဟုတ် ထိုးဖောက်ခြင်းနှင့်ဆက်စပ်သည့် အခြေအနေမဟုတ်ဘဲ လူတစ်ဦး၏အရေပြားကို အပ်များဖြင့် ထိုးဖောက်နေသည်ကို ပုံဖော်ထားသည့်ပုံရိပ်။
နာကျင်ခြင်း သို့မဟုတ် စိတ်ဆင်းရဲခြင်း၊ ပွန်းပဲ့ခြင်း သို့မဟုတ် သူတို့၏မျက်နှာ နှင့်/သို့မဟုတ် လက်တို့တွင် ဆေးပိုက်များ တပ်ထားခြင်းရှိပုံရသည့်အခါ ဆေးကုသမှုနှင့်ဆိုင်သော အခြေအနေများတွင် ဒဏ်ရာရရှိသူများကို ပုံဖော်ထားသည့်ပုံရိပ်။
လူ့အညစ်အကြေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသောအရည်များ (ဥပမာ - မစင်၊ ဆီး၊ အန်ဖတ်၊ နားဖာချေး၊ ချွဲ၊ ဝက်ခြံညှစ်ထုတ်ရာမှ ထွက်ရှိလာသည့် ပြည်နှင့်အညစ်အကြေးများ သို့မဟုတ် သွေး) ကို ပုံဖော်ထားသည့်ပုံရိပ်။
မီးလောင်နေသော သို့မဟုတ် ပေါက်ကွဲနေသော ယာဉ်များကို ဖော်ပြသည့် သို့မဟုတ် အရှိန်ပြင်းပြင်းမောင်းလာသော ယာဉ်များနှင့် အခြားအရာဝတ္ထုများ တိုက်မိပြီး ယာဉ်က ၎င်း၏လမ်းကြောင်းမှ လွင့်ထွက်သွားသည့် နှင့်/သို့မဟုတ် ယာဉ်၏ ယာဉ်မောင်းအခန်း သို့မဟုတ် ခရီးသည်အခန်းများ ဆိုးဆိုးရွားရွား ပျက်စီးသွားသည့် အခိုက်အတန့် သို့မဟုတ် ယင်း၏နောက်ဆက်တွဲအခြေအနေကို ပုံဖော်ထားသည့်ပုံရိပ်။
အားကစားနှင့်ပတ်သက်သည့် အခြေအနေမှလွဲ၍ လူနှစ်ဦးနှင့်အထက် ကိုယ်ထိလက်ရောက် တိုက်ခိုက်သည့် ရုပ်ပုံ။
တိရစ္ဆာန်များ၏ပုံရိပ်
သွေးများကို အထင်အရှားမြင်ရလျက် တိရစ္ဆာန်အရှင် သို့မဟုတ် တိရစ္ဆာန်အသေများကို ပုံဖော်ထားသည့်ပုံရိပ်။
မီးဖွားနေသည့် တိရစ္ဆာန်များကို ပုံဖော်ထားသည့်ပုံရိပ် (ဥပမာ - သွေး သို့မဟုတ် အထင်အရှားမြင်ရသော ကိုယ်တွင်းကလီစာများ ရှိနေသည်)။
တိရစ္ဆာန်အရှင်များ သို့မဟုတ် တိရစ္ဆာန်အသေများ၏ ကိုယ်ထဲမှ အင်းဆက်ပိုးမွှားများ (ဥပမာ - လောက် သို့မဟုတ် သန်ကောင်) ထွက်လာခြင်းကို ပုံဖော်ထားသည့်ပုံရိပ်။
ဒဏ်ရာရပြီး ဝေဒနာခံစားနေရသော တိရစ္ဆာန်များကို ပုံဖော်ထားသည့်ပုံရိပ်။
စိတ်ကူးယဉ်ပုံရိပ်
အောက်ပါအခြေအနေများတွင် စိတ်ကူးယဉ်ဇာတ်ကောင်များကို ပုံဖော်ထားသည့်ပုံရိပ် -
  • ကိုယ်လက်အင်္ဂါပြတ်တောက်ခြင်း၊
  • မြင်သာအောင်ပြထားသော ကိုယ်တွင်းအင်္ဂါ၊ အရိုး သို့မဟုတ် ကြွက်သားတစ်ရှူးကဲ့သို့ အထင်အရှားမြင်နိုင်သော ကိုယ်တွင်းကလီစာများ။
  • မီးလောင်ကျွမ်းနေသော သို့မဟုတ် မီးကျွမ်းထားသောလူများ၊
  • လည်လှီးခြင်း၊ သို့မဟုတ်
  • ဆိုးဝါးပြင်းထန်သော သေဆုံးမှု သို့မဟုတ် အသက်အန္တရာယ်ရှိသောဖြစ်ရပ်များ။
အောက်ပါအခြေအနေများတွင် စိတ်ကူးယဉ်ဇာတ်ကောင်များကို တကယ့်အစစ်ကဲ့သို့ထင်ရအောင် ပုံဖော်ထားသည့်ပုံရိပ် (လက်တွေ့လောကမှ လူတစ်ဦး၏ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုနှင့် ဆင်တူသည့် သို့မဟုတ် ထပ်တူနီးပါးဖြစ်သည့် ပုံရိပ်) -
  • ဆေးကုသမှုနှင့်မဆိုင်သော ပြင်ပအရာဝတ္ထုများ (ဥပမာ - ဓား၊ သံ သို့မဟုတ် အခြားသတ္တုပစ္စည်းများ) ဖြင့် အရေပြားအား ထိုးဖောက်ခြင်း။
  • သွေးမှလွဲ၍ လူ့အညစ်အကြေးများ သို့မဟုတ် ခန္ဓာကိုယ်မှထွက်ရှိသော အရည်များ (ဥပမာ - မစင်၊ ဆီး၊ အန်ဖတ်၊ နားဖာချေး၊ ချွဲ သို့မဟုတ် ဝက်ခြံညှစ်ထုတ်ရာမှ ထွက်ရှိလာသည့် ပြည်နှင့်အညစ်အကြေးများ)၊
  • သားအိမ်အပြင်ဘက်၌ သေဆုံးနေသော ကလေးငယ်များ သို့မဟုတ် သန္ဓေသားများ၊
အောက်ပါအခြေအနေများတွင် စိတ်ကူးယဉ်ဖြစ်သော်လည်း တကယ့်အစစ်ကဲ့သို့ထင်ရသော တိရစ္ဆာန်များကို ပုံဖော်ထားသည့်ပုံရိပ် -
  • ကိုယ်လက်အင်္ဂါပြတ်တောက်ခြင်း၊
  • မြင်သာအောင်ပြထားသော ကိုယ်တွင်းအင်္ဂါ၊ အရိုး သို့မဟုတ် ကြွက်သားတစ်ရှူးကဲ့သို့ အထင်အရှားမြင်နိုင်သော ကိုယ်တွင်းကလီစာများ။
  • မီးလောင်ကျွမ်းနေသော သို့မဟုတ် မီးကျွမ်းထားသော တိရစ္ဆာန်များ၊
  • အရှင်လတ်လတ် အပြုတ်ခံရသော တိရစ္ဆာန်များ၊
  • သွေးထွက်သံယိုဖြစ်နေခြင်း၊
  • အသက်ရှိရာမှ သေဆုံးသွားသော တိရစ္ဆာန်များ၊
  • လူများက တိရစ္ဆာန်အရှင်များအပေါ် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ (ဥပမာ - ကန်ကျောက်ခြင်း၊ ရေနှစ်ခြင်း သို့မဟုတ် အမွေးများနှုတ်ခြင်း) ကျူးလွန်နေခြင်း၊
  • ဒဏ်ရာရရှိကာ ဝေဒနာခံစားနေရသော တိရစ္ဆာန်များ
  • တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ထဲမှ အင်းဆက်ပိုးမွှားများ (ဥပမာ - လောက် သို့မဟုတ် သန်ကောင်) ထွက်နေခြင်း။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
လူတစ်ဦး၏ သေဆုံးမှုကို ဥပဒေစိုးမိုးရေးမှတ်တမ်း၊ သေစာရင်း၊ ယုံကြည်ရသောပါတနာ၏ အစီရင်ခံချက် သို့မဟုတ် မီဒီယာသတင်းဌာန၏ အစီရင်ခံချက်ဖြင့် အတည်ပြုထားပြီး ကွယ်လွန်သွားသူ၏ မိသားစုဝင်တစ်ဦးက ဖယ်ရှားပေးရန် တောင်းဆိုသည့်အခါ ထိုလူ၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုနှင့်သက်ဆိုင်သည့် ပုံရိပ် သို့မဟုတ် အသံဖိုင်။
ကန့်ကွက်ဆန္ဒပြသည့် လုပ်ရပ်တစ်ခုအဖြစ် မိမိကိုယ်ကို မီးရှို့သည့် အခြေအနေတွင် မီးကျွမ်းထားသော သို့မဟုတ် မီးလောင်နေသော လူများကို ရိုက်ကူးထားသည့်ဗီဒီယို။
ကျွန်ုပ်တို့ ခွင့်ပြုပေးနိုင်သည့် အရာများမှာ -
မတော်တဆမှုကို သရုပ်ဖော်ထားခြင်းဖြစ်သည့်အခါ လူတစ်ဦး၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှု သို့မဟုတ် အသက်အန္တရာယ်ရှိသော ဖြစ်ရပ်၏ ပုံရိပ်
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
အချက်အလက်
နောက်ဆုံးထုတ်ပြန်ထားသော လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာကို ကြည့်ရှုရန်
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
ရက်စက်ကြမ်းကြုတ်သော အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ