ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု
မူဝါဒ အသေးစိတ်အချက်များ
မှတ်တမ်းပြောင်းရန်
ယနေ့
၂၀၂၄၊ စက် ၂၇
၂၀၂၄၊ ဩ ၂၉
၂၀၂၄၊ ဩ ၁၃
၂၀၂၄၊ ဇူ ၂
၂၀၂၄၊ ဧ ၂၅
၂၀၂၃၊ စက် ၂၈
၂၀၂၃၊ စက် ၂၂
၂၀၂၃၊ ဇန် ၂၆
၂၀၂၂၊ နို ၂၃
၂၀၂၂၊ စက် ၂၉
၂၀၂၂၊ ဖေ ၂၄
၂၀၂၁၊ နို ၂၄
၂၀၂၁၊ အောက် ၂၈
၂၀၂၁၊ မေ ၄
၂၀၂၁၊ ဖေ ၈
၂၀၂၁၊ ဇန် ၂၈
၂၀၂၀၊ နို ၁၈
၂၀၂၀၊ စက် ၃
၂၀၂၀၊ ဇွန် ၂၆
၂၀၂၀၊ မေ ၂၈
၂၀၁၉၊ ဒီဇင်ဘာ ၁၆
၂၀၁၉၊ နို ၃၀
၂၀၁၉၊ စက် ၂၉
၂၀၁၉၊ ဇူ ၃၀
၂၀၁၉၊ ဇူ ၁၀
၂၀၁၉၊ ဇူ ၁
၂၀၁၉၊ ဧ ၂၆
၂၀၁၈၊ ဒီဇင်ဘာ ၂၈
၂၀၁၈၊ အောက် ၁၅
၂၀၁၈၊ ဇူ ၂၇
၂၀၁၈၊ မေ ၂၅
မူဝါဒဆိုင်ရာ သဘောတရား
ကျွန်ုပ်တို့၏ ပလက်ဖောင်းများရှိ အကြောင်းအရာများနှင့်ဆက်စပ်၍ ပြင်ပကမ္ဘာတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေရှိသည်များကို တားဆီးရန် ကျွန်ုပ်တို့ ရည်ရွယ်ထားပါသည်။ လူများသည် အထင်အမြင်သေးမှု သို့မဟုတ် သဘောထားကွဲလွဲမှုကို ပေါ့ပျက်ပျက်နှင့် သာမန်ကာလျှံကာ နည်းလမ်းများဖြင့် ခြိမ်းခြောက်ပြောဆို၍ဖြစ်စေ၊ အကြမ်းဖက်ရန်နှိုးဆော်၍ဖြစ်စေ ထုတ်ဖော်ပြလေ့ရှိကြသည်ကို ကျွန်ုပ်တို့နားလည်သော်လည်း အများပြည်သူအန္တရာယ်ကင်းရှင်းရေး သို့မဟုတ် လူပုဂ္ဂိုလ်အန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေသည့် ယုံကြည်နိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုကို လှုံ့ဆော်သော သို့မဟုတ် ဖြစ်မြောက်စေသော စကားအသုံးအနှုန်းများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။ ယင်းတွင် လူတစ်ဦး သို့မဟုတ် လူတစ်စုအား ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်(များ) သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးအခြေအနေအပေါ် မူတည်၍ ပစ်မှတ်ထားသော အကြမ်းဖက် စကားပါဝင်သည်။ အမှန်တကယ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုဖြစ်နိုင်သည့် အန္တရာယ်ရှိနေကြောင်း သို့မဟုတ် အများပြည်သူအန္တရာယ်ကင်းရှင်းရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုများ ရှိနေကြောင်း ယူဆသည့်အခါ ကျွန်ုပ်တို့သည် အကြောင်းအရာကို ဖယ်ရှားခြင်း၊ အကောင့်များကို ပိတ်ပင်ခြင်း၊ ဥပဒေစိုးမိုးရေးအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ပါသည်။ ပုံမှန်ရေးသားပြောဆိုမှုများ သို့မဟုတ် အသိပေးမြှင့်တင်သည့် ရေးသားပြောဆိုမှုများကို အများပြည်သူအန္တရာယ်ကင်းရှင်းရေး သို့မဟုတ် လူပုဂ္ဂိုလ်အန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေသည့် ယုံကြည်နိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှု အကြောင်းအရာများမှ ခွဲခြားသိမြင်နိုင်ရန်အတွက် စကားအသုံးအနှုန်းနှင့် ဆက်စပ်အခြေအနေများကိုလည်း ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားရန် ကြိုးစားပါသည်။ ခြိမ်းခြောက်မှုတစ်ခုက ယုံကြည်နိုင်ဖွယ်ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် ကျွန်ုပ်တို့သည် လူတစ်ဦး၏ အများပြည်သူ မြင်သာနိုင်စွမ်းနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအပေါ် ထိခိုက်နိုင်ခြေများကဲ့သို့ နောက်ထပ်အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။
အချို့သောကိစ္စများတွင် အကြမ်းဖက်သမားများနှင့် အခြားသော အကြမ်းဖက်မှုလုပ်ဆောင်သူများထံ ဦးတည်၍ အကြမ်းဖက်မှု ကျူးလွန်လိမ့်မည်ဟူသော မျှော်လင့်ချက်အား ဖော်ပြမှုများ အပါအဝင် ရည်ရွယ်ချက်ကိုပြဆိုသော သို့မဟုတ် အခြေအနေနှင့်ဆိုင်သော အကြမ်းဖက်ခြိမ်းခြောက်မှုများကို ကျွန်ုပ်တို့ သုံးသပ်ကြည့်ရှုပါသည် (ဥပမာ- “အကြမ်းဖက်သမားတွေကို သတ်ပစ်သင့်တယ်၊” “အကြမ်းဖက်သမားတွေကို သူတို့ သတ်ပစ်မယ်လို့ မျှော်လင့်တယ်”)။ ဆန့်ကျင်ဘက်အားဖြင့် ကျွန်ုပ်တို့သည် ထိုကဲ့သို့အကြောင်းအရာများကို ယုံကြည်နိုင်ဖွယ်မရှိသော၊ တိကျသောအထောက်အထားမရှိသော အရာများအဖြစ် မှတ်ယူသည်။
အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်-
ပစ်မှတ်အမျိုးမျိုးအပေါ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများကို ကျွန်ုပ်တို့ ဖယ်ရှားသည်။ အကြမ်းဖက်ခြိမ်းခြောက်မှုများသည် ပစ်မှတ်ထားသူတစ်ဦးအား အကြမ်းဖက်ရန် ရည်ရွယ်ချက်၊ ပြင်းပြသောဆန္ဒ သို့မဟုတ် အကြမ်းဖက်ရန်တောင်းဆိုမှုကို ကိုယ်စားပြုသော ဖော်ပြချက်များ သို့မဟုတ် ရုပ်ပုံများဖြစ်ပြီး ရည်ရွယ်ကြောင်းဖော်ပြချက်များ၊ လုပ်ဆောင်ရန် တောင်းဆိုမှုများ၊ ထောက်ခံမှု၊ မျှော်လင့်ချက်ကို ဖော်ပြမှုများ၊ ပြင်းပြသောဆန္ဒကို ဖော်ပြမှုများ၊ အခြေအနေကိုပြဆိုသော ဖော်ပြချက်များကဲ့သို့ ရေးသားဖော်ပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများကို ဖော်ပြနိုင်သည်။
လူအများသိရှိစေရန် အသိပေးမြှင့်တင်သည့် သို့မဟုတ် ဝေဖန်ရှုတ်ချသည့် အခြေအနေတွင် မျှဝေထားစဉ် ခြိမ်းခြောက်မှုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ထိတွေ့လှုပ်ရှားကစားရသော အားကစားပွဲများနှင့်ဆက်စပ်သည့် အခြေအနေတွင် ဆိုးရွားပြင်းထန်မှုနည်းသော ခြိမ်းခြောက်မှုများကို ပြုလုပ်သည့်အခါ သို့မဟုတ် အကြမ်းဖက်အုပ်စုများကဲ့သို့ အကြမ်းဖက်မှုကျူးလွန်သူများအပေါ် အချို့သော ခြိမ်းခြောက်မှုများကို ကျွန်ုပ်တို့ မတားမြစ်ပါ။
လူတိုင်းအတွက် အလုံးစုံကာကွယ်ပေးမှုများ
လူတိုင်းကို အောက်ပါခြိမ်းခြောက်မှုများမှ ကာကွယ်ပေးထားသည်-
- သေစေနိုင်သော အကြမ်းဖက် ခြိမ်းခြောက်မှုများ (သို့မဟုတ် အခြားသော ဆိုးရွားပြင်းထန်မှုမြင့်မားသည့် အကြမ်းဖက်မှုပုံစံများ)
- ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်သည့် အကြမ်းဖက် ခြိမ်းခြောက်မှုများ (သာမန်အဆင့် အကြမ်းဖက်မှု)။ နှိမ့်ချဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ် အခြေခံခြင်းမရှိဘဲ လူသိများသောပုဂ္ဂိုလ်များနှင့် အဖွဲ့များအား ထိုသို့သော ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း ခိုင်လုံနေသည့်အခါ ထိုခြိမ်းခြောက်မှုများကို ဖယ်ရှားပြီး ခိုင်လုံမှုနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ (နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ် အခြေခံ၍ အဖွဲ့များကို ခြိမ်းခြောက်ခြင်းအပါအဝင်) အခြားမည်သည့်ပစ်မှတ်မဆိုအပေါ် ခြိမ်းခြောက်မှုများကို ဖယ်ရှားပါသည်
- ကယ်တင်ခြင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ထိတွေ့လှုပ်ရှားကစားရသော အားကစားပွဲများနှင့်ဆက်စပ်သည့် အခြေအနေ (သာမန်ပြင်းထန်မှုအဆင့် သို့မဟုတ် ယင်းထက်နည်းပါးသောအဆင့်) တွင် မျှဝေသည့်အခါမှလွဲ၍ သို့မဟုတ် ဥပဒေစိုးမိုးရေးအဖွဲ့၊ တပ်မတော် သို့မဟုတ် နိုင်ငံ့လုံခြုံရေးဝန်ထမ်းများက လုပ်ဆောင်သည့်အခါမှလွဲ၍ ဆိုးရွားပြင်းထန်မှုအဆင့်မြင့်သော အကြမ်းဖက်မှု သို့မဟုတ် သာမန်အဆင့် အကြမ်းဖက်မှုကို ကျူးလွန်ကြောင်း ဝန်ခံချက်များ (ကျူးလွန်သူ သို့မဟုတ် ကြံရာပါက စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ သရုပ်ဖော်ပြမှု)
- အကူအညီရယူရန် မေတ္တာရပ်ခံမှုတစ်ခုအဖြစ် မတရားပြုခံရသူတစ်ဦး သို့မဟုတ် ၎င်း၏မိသားစုက မျှဝေခြင်း သို့မဟုတ် သတင်းအချက်အလက်ပေးရန်၊ ဝေဖန်ရှုတ်ချရန် သို့မဟုတ် လူအများသိရှိအောင် အသိပေးမြှင့်တင်ရန် ရည်ရွယ်ချက်များအတွက် မျှဝေထားကြောင်း ရှင်းရှင်းလင်းလင်း မရှိလျှင် ပြန်ပေးဆွဲရန် သို့မဟုတ် အဓမ္မခေါ်ဆောင်ရန် ခြိမ်းခြောက်မှုများ သို့မဟုတ် သရုပ်ဖော်မှုများ
သာမန်အရပ်သားဖြစ်သည့် အရွယ်ရောက်ပြီးသူများ၊ ကလေးများအားလုံးအပြင် ထိခိုက်နိုင်ခြေမြင့်မားသူများနှင့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ်အခြေခံ၍ ပစ်မှတ်ထားခံရသည့် လူများ သို့မဟုတ် အဖွဲ့များအတွက် ထပ်ဆောင်းကာကွယ်ပေးမှုများ-
လူတိုင်းအတွက် ဘက်ပေါင်းစုံ ကာကွယ်ပေးမှုများအပြင် သာမန်အရပ်သားဖြစ်သည့် အရွယ်ရောက်ပြီးသူများ (ကိုယ်တိုင် တိုင်ကြားသည့်အခါ)၊ ကလေးများနှင့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်(များ)ပေါ်အခြေခံ၍ ပစ်မှတ်ထားခံရသည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့များအားလုံးကို ပြင်းထန်မှုအဆင့်နိမ့်သော အကြမ်းဖက် ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးထားပါသည်။
အခြားသောအကြမ်းဖက်မှု
အထက်ဖော်ပြပါ ကာကွယ်ပေးမှုအားလုံးအပြင် အောက်ပါတို့ကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားသည်-
- ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများ (ဥပမာအားဖြင့် လူသတ်သမား၊ ကြေးစားစစ်သားများ၊ လုပ်ကြံသတ်ဖြတ်သူများ၊ အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်ခြင်း) ကို တောင်းဆိုသည့်၊ ကမ်းလှမ်းသည့် သို့မဟုတ် ယင်းဝန်ဆောင်မှုများကို ကမ်းလှမ်းကြောင်း ဝန်ခံသည့် သို့မဟုတ် ယင်းဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ထောက်ခံသည့် အကြောင်းအရာ
- အကြောင်းအရာက မိမိကိုယ်ကို ခုခံကာကွယ်ရေး အသိပညာပေးခြင်း (ဥပမာ- တိုက်ခိုက်ရေး လေ့ကျင့်မှု၊ ကိုယ်ခံပညာ) နှင့် စစ်ရေးလေ့ကျင့်မှုကဲ့သို့ အကြမ်းဖက်ခြင်းမရှိသော ရည်ရွယ်ချက်အတွက်ဖြစ်သည်ဟု ဆက်စပ်အခြေအနေကို ရှင်းရှင်းလင်းလင်း မဖော်ပြဘဲ လူများကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေရန် သို့မဟုတ် သေဆုံးစေရန် ရည်ရွယ်ချက်ကို အတိအလင်းပြသည့် အသုံးအနှုန်းများဖြင့် လက်နက်များပြုလုပ်နည်း သို့မဟုတ် အသုံးပြုနည်းဆိုင်ရာ ညွှန်ကြားချက်များ သို့မဟုတ် ယင်းတို့၏ အဆုံးသတ်ရလဒ်ကို ပြသည့် သို့မဟုတ် အသွင်တူအောင်ဖန်တီးသည့် ရုပ်ပုံ
- အကြောင်းအရာသည် အပန်းဖြေခြင်းနှင့်ဆိုင်သော အသုံးပြုမှုများ (ဥပမာ- မီးရှူးမီးပန်းများ၊ စီးပွားဖြစ် ဗီဒီယိုဂိမ်းများ၊ ငါးမျှားခြင်း) ကဲ့သို့ အကြမ်းဖက်ခြင်းမရှိသော ရည်ရွယ်ချက်အတွက်ဖြစ်သည်ဟု ဆက်စပ်အခြေအနေကို ရှင်းရှင်းလင်းလင်း မဖော်ပြဘဲ ပေါက်ကွဲစေတတ်သောပစ္စည်းများကို ပြုလုပ်နည်း သို့မဟုတ် အသုံးပြုနည်း ညွှန်ကြားချက်များ
- လက်နက်များကိုင်ဆောင်ရန် သို့မဟုတ် တည်နေရာတစ်ခုသို့ လက်နက်များ ယူဆောင်သွားရန် သို့မဟုတ် (ဝတ်ပြုဆုတောင်းသော နေရာများ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ မဲပေးရာနေရာများ သို့မဟုတ် မဲရေတွက်ရန်ဖြစ်စေ၊ ရွေးကောက်ပွဲတစ်ခုကို စီမံခန့်ခွဲရန်ဖြစ်စေ အသုံးပြုသည့် နေရာများ အပါအဝင် အခြားကန့်သတ်မထားသော) တည်နေရာတစ်ခုသို့ဖြစ်စေ သို့မဟုတ် အကြမ်းဖက်မှုဖြစ်နိုင်ခြေ အန္တရာယ်မြင့်မားကြောင်း ယာယီအချက်ပြလက္ခဏာများရှိသည့် တည်နေရာများသို့ဖြစ်စေ အတင်းအဓမ္မဝင်ရောက်ရန် ခြိမ်းခြောက်မှုများ။
- မည်သူမည်ဝါပစ်မှတ်ထားခြင်း မရှိသော်လည်း မဲပေးခြင်း၊ မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း သို့မဟုတ် ရွေးကောက်ပွဲတစ်ခုကို စီမံခန့်ခွဲခြင်း သို့မဟုတ် ၎င်း၏ရလဒ်နှင့်ဆက်စပ်၍ အကြမ်းဖက်ရန်ခြိမ်းခြောက်မှုများ။
- အတူနေလက်တွဲဖော်၏ အကြမ်းဖက်မှုဖြစ်သည့် ကျား/မအခြေပြု အကြမ်းဖက်မှုကိုဖြစ်စေ၊ ဂုဏ်သိက္ခာအပေါ်အခြေခံသော အကြမ်းဖက်မှုကိုဖြစ်စေ အမွှမ်းတင်ခြင်း
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်-
- လူသိများသောပုဂ္ဂိုလ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သို့မဟုတ် အကြမ်းဖက်မှုဖြစ်သည်ဟု ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ ဥပဒေစိုးမိုးရေး အရာရှိများ သို့မဟုတ် ရွေးကောက်ပွဲ အရာရှိများအပေါ် ခြိမ်းခြောက်မှုများ။
- အောက်ပါစာရင်းမှ ခြိမ်းခြောက်မှု အချက်ပြလက္ခဏာနှင့် ဆက်စပ်အခြေအနေဆိုင်ရာ အချက်ပြလက္ခဏာနှစ်ခုလုံးကို ပေါင်းစပ်ပြသထားသည့်အတိုင်း အကြမ်းဖက်မည့်နည်းလမ်းကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသော်လည်း အကြမ်းဖက်မှုကို ဖုံးကွယ်ထားသည့် သို့မဟုတ် သွယ်ဝိုက်သည့် စာဝှက်ဖြင့် ရေးထားသော ဖော်ပြချက်များ။
- ခြိမ်းခြောက်မှု- အောက်ပါတို့အနက် အခြေအနေတစ်ခုနှင့်ပတ်သက်ပြီး စာဝှက်ဖြင့် ရေးထားသော ဖော်ပြချက်
- လက်တုံ့ပြန်ခြင်းနှင့်ဆက်စပ်သော အခြေအနေဖြင့် မျှဝေထားခြင်း (ဥပမာ- အမှန်တကယ်ဖြစ်နိုင်သည့်၊ သတိမူမိနိုင်သည့် သို့မဟုတ် ကြိုတင်မျှော်မှန်းနိုင်သည့် မကျေနပ်ချက် သို့မဟုတ် ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အခြားသူများအပေါ် အကြမ်းဖက်မှုတွင် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒကို ဖော်ပြမှုများ)
- အကြမ်းဖက်မှု၏ သမိုင်းဆိုင်ရာ သို့မဟုတ် စိတ်ကူးယဉ် ဖြစ်ရပ်များကို ကိုးကားခြင်းများ (ဥပမာ- သမိုင်းတစ်လျှောက် ကျူးလွန်ခဲ့သည်ဟု သိရှိထားသော သမိုင်းဝင်အကြမ်းဖက်ဖြစ်ရပ်များကို ကိုးကားခြင်းဖြင့် သို့မဟုတ် စိတ်ကူးယဉ်အခြေအနေများတွင် အခြားသူများက မျှဝေသည့် အကြောင်းအရာ)
- ခြိမ်းခြောက်လုပ်ဆောင်ခိုင်းသည့် လုပ်ရပ်များ (ဥပမာ- အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရာတွင် ပါဝင်ရန် အခြားသူများကို ဖိတ်ခေါ်သော သို့မဟုတ် အားပေးသော အကြောင်းအရာ)
- အခြားသူများ အကြမ်းဖက်ခံရနိုင်သည့် ထိခိုက်လွယ်သော အချက်အလက်များကို သိရှိကြောင်း ညွှန်းဆိုခြင်း သို့မဟုတ် ထိုအချက်အလက်များကို မျှဝေခြင်း (ဥပမာ- အကြမ်းဖက်ရန် ခြိမ်းခြောက်မှုကို ပိုမိုခိုင်လုံစေနိုင်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရေးမှတ်ထားသော သို့မဟုတ် သိရှိကြောင်း သွယ်ဝိုက်ညွှန်းဆိုသော အကြောင်းအရာ။ ၎င်းတွင် လူတစ်ဦး၏ နေထိုင်ရာလိပ်စာ၊ ၎င်းတို့၏ အလုပ်နေရာ သို့မဟုတ် ပညာသင်ယူသည့်နေရာ၊ နေ့စဉ်အသွားအလာလုပ်သည့် လမ်းကြောင်းများ သို့မဟုတ် လက်ရှိတည်နေရာတို့ကို သိရှိကြောင်း သွယ်ဝိုက်ညွှန်းဆိုခြင်း ပါဝင်သည်)
- ဆက်စပ်အခြေအနေ
- ရည်ညွှန်းပါ ဖော်ပြချက်က မကြာမီ အကြမ်းဖက်မှုဖြစ်လာစေနိုင်ကြောင်း ဒေသတွင်းဆက်စပ်အခြေအနေအရဖြစ်စေ၊ ကျွမ်းကျင်သူကဖြစ်စေ အတည်ပြုပါသည်။
- အကြောင်းအရာဖြင့် ပစ်မှတ်ထားခံရသူကဖြစ်စေ၊ ခွင့်ပြုထားသော ကိုယ်စားလှယ်တစ်ဦးကဖြစ်စေ အကြောင်းအရာကို ကျွန်ုပ်တို့ထံ တိုင်ကြားထားသည်။
- ပစ်မှတ်ထားခံရသူက ကလေးတစ်ဦးဖြစ်နေသည်။
- ဝတ်ပြုဆုတောင်းရန်နေရာများ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ မဲပေးရာနေရာများ သို့မဟုတ် မဲရေတွက်ရန်ဖြစ်စေ၊ ရွေးကောက်ပွဲတစ်ခုကို စီမံခန့်ခွဲရန်ဖြစ်စေ အသုံးပြုသည့် နေရာများ အပါအဝင် အခြားကန့်သတ်မထားသော တည်နေရာများသို့ဖြစ်စေ၊ အကြမ်းဖက်မှုဖြစ်နိုင်ခြေ အန္တရာယ်မြင့်မားကြောင်း ယာယီအချက်ပြမှုများရှိသည့် တည်နေရာများသို့ဖြစ်စေ လက်နက်များ ယူဆောင်သွားရန် သွယ်ဝိုက်ခြိမ်းခြောက်မှုများ (သို့မဟုတ် အလားတူလုပ်ဆောင်ရန် အခြားသူများကို တိုက်တွန်းအားပေးခြင်း)။
- အောက်ပါတို့အပါအဝင် အကြောင်းအရာသည် အကြမ်းဖက်ရန် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အချက်ပြလက္ခဏာတစ်ခု (ဥပမာ- လက်နက်ကိုင်ဆောင်ရန် သို့မဟုတ် ယူဆောင်သွားရန် ခြိမ်းခြောက်မှုများ၊ လက်နက်တစ်ခုကို မြင်သာအောင် သရုပ်ဖော်မှုများ၊ မီးရှို့မှု၊ ခိုးမှု၊ လက်သရမ်းဖျက်ဆီးခြင်းကို ရည်ညွှန်းပြောဆိုချက်များ) ပေါင်းစပ်ပါဝင်နေသည့်အခါ ရွေးကောက်ပွဲဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ ပုံမှန်မဟုတ်မှုများ သို့မဟုတ် ဘက်လိုက်မှုနှင့်ပတ်သက်၍ အခိုင်အမာပြောဆိုချက်များ သို့မဟုတ် ခန့်မှန်းချက်-
- လူပုဂ္ဂိုလ်(များ)ကို ပစ်မှတ်ထားခြင်း
- သီးခြားတည်နေရာတစ်ခု (ပြည်နယ် သို့မဟုတ် ယင်းထက်သေးငယ်သောနေရာ) ကို ပစ်မှတ်ထားခြင်း
- ပစ်မှတ်ကို ရှင်းလင်းစွာ ဖော်ပြမထားလျှင်
- အကြောင်းအရာသည် အကြမ်းဖက်ရန် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အချက်ပြလက္ခဏာတစ်ခု (ဥပမာ- လက်နက်ကိုင်ဆောင်ရန် သို့မဟုတ် ယူဆောင်သွားရန် ခြိမ်းခြောက်မှုများ၊ လက်နက်တစ်ခုကို မြင်သာအောင် သရုပ်ဖော်မှုများ၊ မီးရှို့မှု၊ ခိုးမှု၊ လက်သရမ်းဖျက်ဆီးခြင်းကို ရည်ညွှန်းပြောဆိုချက်များ) ပေါင်းစပ်ပါဝင်သည့်အခါ ရွေးကောက်ပွဲနှင့်ဆိုင်သော စုဝေးမှုများ သို့မဟုတ် ဆောင်ရွက်ချက်များကို ရည်ညွှန်းပြောဆိုမှုများ။
- အောက်ပါသတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသည့်အခါ မိမိကိုယ်ကို သို့မဟုတ် အခြားလူတစ်ဦးကို ခုခံကာကွယ်ရာတွင် ဆိုးရွားပြင်းထန်မှု မြင့်မားသည့် သို့မဟုတ် သာမန်အဆင့် အကြမ်းဖက်မှု ပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများ။
- (အမည် သို့မဟုတ် မျက်နှာဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်သော လူပုဂ္ဂိုလ်များ၊ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ ပစ်မှတ်ထားခံရသူများနှင့် ကလေးများမှအပ) လူတစ်ဦးကို ထိခိုက်အောင်ပြုလုပ်ခြင်း
- တုံ့ပြန်သည့်အကြမ်းဖက်မှုနှင့် ကိုက်ညီပြီး လက်ငင်းခြိမ်းခြောက်မှုအန္တရာယ်ဖြစ်သော နေအိမ်တွင်းဝင်ရောက်မှု သို့မဟုတ် လူအချင်းချင်း အကြမ်းဖက်မှု အခြေအနေတွင်
- ထုတ်ဖော်ပြောဆိုခွင့်အပေါ် ထိခိုက်နိုင်ခြေသည် မကြာမီအကြမ်းဖက်မှုဖြစ်နိုင်ခြေ အန္တရာယ်ထက် ပို၍အလေးသာနေခြင်း
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
အချက်အလက်
နောက်ဆုံးထုတ်ပြန်ထားသော လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာကို ကြည့်ရှုရန်
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ