မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှုနှင့် အစားအသောက် မူမမှန်ခြင်း

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
ကျွန်ုပ်တို့၏အက်ပ်များကို အသုံးပြုသူများ၏ အန္တရာယ်ကင်းရှင်းရေးကို ကျွန်ုပ်တို့အနေဖြင့် အထူးဂရုစိုက် အလေးထားပါသည်။ ကျွန်ုပ်တို့၏မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှုအကြောင်းကို အသိပေးတင်ပြနိုင်ရန်အတွက် မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှုနှင့် အစားအသောက်မူမမှန်ခြင်းအကြောင်း သိရှိနားလည်သော ကျွမ်းကျင်ပညာရှင်များနှင့် ပုံမှန်ဆွေးနွေးတိုင်ပင်ပြီး ထိခိုက်ခံစားနေရသူများကို အကူအညီပေးနိုင်ရန် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။
ကျွန်ုပ်တို့သည် လူများအား မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်းကို တမင်ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ချီးကျူးဂုဏ်ပြုခြင်း သို့မဟုတ် အားပေးခြင်းကို ခွင့်မပြုသော်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လူများအတွက် သူတို့၏အတွေ့အကြုံများ မျှဝေနိုင်သည့်၊ ဤကိစ္စများနှင့်ပတ်သက်၍ ပိုမိုသတိပြုမိစေနိုင်သည့်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကူအညီရယူနိုင်သည့် နေရာတစ်ခု ဖြစ်လာစေလိုသောကြောင့် ဤအကြောင်းအရာများကို လူများဆွေးနွေးနိုင်စေရန် ကျွန်ုပ်တို့ ခွင့်ပြုပေးထားပါသည်။ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ ဤအကြောင်းအရာများကို ကြည့်ရှုနိုင်ရန်လည်း ကျွန်ုပ်တို့ ကန့်သတ်နိုင်ပါသည်။
မည်သည့်အခြေအနေဖြစ်စေကာမူ ရုပ်ပြောင်ပုံများ သို့မဟုတ် သရုပ်ဖော်ပုံများကဲ့သို့ စိတ်ကူးယဉ် အကြောင်းအရာများအပါအဝင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်းကို အားပေးသော အကြောင်းအရာများနှင့် မိမိကိုယ်ကို နာကျင်အောင်လုပ်သည့် အနိဋ္ဌာရုံ အကြောင်းအရာမှန်သမျှကို ကျွန်ုပ်တို့ဖယ်ရှားပါသည်။ အလွန်အကျွံ ကိုယ်အလေးချိန်လျှော့ချသည့် အပြုအမူအတွက် ညွှန်ကြားချက်များ ပါဝင်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့ဖယ်ရှားသည်။ မိမိကိုယ်ကို သေကြောင်းကြံစည်သူများ၊ မိမိကိုယ်ကို နာကျင်အောင်လုပ်သူများ သို့မဟုတ် အစားအသောက်မူမမှန်ခြင်း ခံစားနေရသူများကိုဖြစ်စေ၊ ယင်းအခြေအနေများအား ကျော်လွှားလွန်မြောက်၍ ပုံမှန်ပြန်ဖြစ်လာသော ပုဂ္ဂိုလ်များကိုဖြစ်စေ လှောင်ပြောင်သော အကြောင်းအရာများအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို နာကျင်စေမှုကို အချိန်နှင့်တစ်ပြေးညီ သရုပ်ဖော်မှုများကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားသည်။ မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်း ခံစားရပြီးနောက် ပြန်လည်နာလန်ထူ သက်သာလာခြင်းဆိုင်ရာ အကြောင်းအရာကို ခွင့်ပြုသော်ငြားလည်း ၎င်းတွင် (သက်သာပျောက်ကင်းလာသော အမာရွတ်ကဲ့သို့) စိတ်မသက်မသာဖြစ်စေနိုင်သော ရုပ်ပုံမျိုးပါဝင်နိုင်သောကြောင့် ထိုရုပ်ပုံကို ထိခိုက်လွယ်သော အကြောင်းအရာဖြစ်သည်ဟု သတိပေးသော မျက်နှာပြင်နောက်တွင် ထားရှိပြီး အကြောင်းအရာကို အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုနိုင်ရန်လည်း ကျွန်ုပ်တို့ ကန့်သတ်ပါမည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်းနှင့်ဆိုင်သော အကြောင်းအရာများကို လူများ ပို့စ်တင်သည့်အခါ သို့မဟုတ် ရှာဖွေသည့်အခါ ၎င်းတို့အား ပံ့ပိုးကူညီမှုပေးနိုင်သည့် ဒေသတွင်းအဖွဲ့အစည်းများသို့ လမ်းညွှန်ပေးမည်ဖြစ်ပါသည်။ လက်ငင်းထိခိုက်အန္တရာယ်ဖြစ်မည်ကို ကျွန်ုပ်တို့၏ သုံးစွဲသူထောက်ပံ့ရေး လုပ်ငန်းစဉ်အဖွဲ့အနေဖြင့် စိုးရိမ်ပူပန်ပါက ၎င်းတို့အတွက် အကူအညီရယူပေးရန် ဒေသတွင်း အရေးပေါ် ဝန်ဆောင်မှုဌာနများသို့ ကျွန်ုပ်တို့ ဆက်သွယ်ပါမည်။ အချက်အလက်များကို ပိုမိုသိရှိရန်အတွက် Meta ဘေးကင်းလုံခြုံရေးစင်တာတွင် ဝင်ရောက်ကြည့်ရှုပါ။
တိုက်ရိုက်လွှင့်အကြောင်းအရာနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက ကျွန်ုပ်တို့ကို ပြောကြားထားသည်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် တိုက်ရိုက်လွှင့်နေစဉ် သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုအတွက် ရည်ရွယ်ကြောင်း ပြောကြားလျှင် အဆိုပါတိုက်ရိုက်လွှင့်သည့် အကြောင်းအရာကို တတ်နိုင်သမျှကြာကြာထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ကင်မရာရှေ့တွင် ထိုသူစကားပြောချိန်ကြာလေ၊ ထိုသူ၏ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်က အရေးပေါ်ဝန်ဆောင်မှုဌာနများသို့ ဖုန်းခေါ်ရန်အခွင့်အရေး ပိုရလေဖြစ်သည်။ သို့သော်ငြားလည်း ဤအကြောင်းအရာကို ကြည့်ရှုခြင်းဖြင့် အခြားသူများအပေါ် ဆိုးကျိုးသက်ရောက်နိုင်ခြေ အန္တရာယ်အနည်းဆုံးဖြစ်စေရန်အတွက် ခြိမ်းခြောက်မှုမှ ကြိုးပမ်းမှုသို့ ကူးပြောင်းသွားချိန်တွင် တိုက်ရိုက်လွှင့်ခြင်းကို ကျွန်ုပ်တို့ရပ်တန့်လိုက်မည်ဖြစ်သည်။ အထက်တွင်ဖော်ပြထားသကဲ့သို့ မည်သည့်ကိစ္စတွင်မဆို တစ်စုံတစ်ယောက်က မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်မည့် လက်ငင်းအန္တရာယ်ရှိနေကြောင်း ဖော်ထုတ်သိရှိရလျှင် အရေးပေါ် ဝန်ဆောင်မှုဌာနများကို ကျွန်ုပ်တို့ ဆက်သွယ်ပါမည်။
ကျွန်ုပ်တို့သည် အောက်ပါတို့ကို ခွင့်မပြုပါ-
  • မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်းကို အားပေးသည့်၊ တိုက်တွန်းသည့်၊ ညှိနှိုင်းဆောင်ရွက်သည့် သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များပေးသည့် အကြောင်းအရာ။
  • မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်းနှင့်ဆိုင်သော အနိဋ္ဌာရုံ ပုံရိပ်ကို သရုပ်ဖော်သည့် အကြောင်းအရာ
  • မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားခြင်း သို့မဟုတ် မိမိကိုယ်ကို သေကြောင်းကြံစည်၍ သေဆုံးမှုတွင် ပါဝင်သောလူပုဂ္ဂိုလ်အား သရုပ်ဖော်သည့် အကြောင်းအရာ
  • အစားအသောက်မူမမှန်ခြင်းနှင့်ဆက်စပ်သော အသုံးအနှုန်းများနှင့်တွဲ၍ မျှဝေသည့်အခါ လူများ၏ ပုံရိပ်
  • အစားအသောက်မူမမှန်ခြင်းနှင့်ဆက်စပ်သော အသုံးအနှုန်းများနှင့်တွဲ၍ မျှဝေသည့်အခါ နံရိုးများ၊ ညှပ်ရိုးများ၊ ပေါင်ခြံခွကြား၊ တင်ပါးဆုံ၊ ခွက်ဝင်နေသော အစာအိမ်၊ ငေါထွက်နေသော ကျောရိုး၊ လက်ပြင်ရိုး၊ လက်မောင်း သို့မဟုတ် ခြေထောက်တွင် မြင်သာသောအရိုးများ သို့မဟုတ် ပါးနှစ်ဖက်ခွက်ဝင်နေခြင်းတို့ကို အသားပေး သရုပ်ဖော်သည့် အကြောင်းအရာ
  • အလွန်အကျွံ ကိုယ်အလေးချိန်လျှော့ချသည့် အပြုအမူအတွက် ညွှန်ကြားချက်များ ပါဝင်သည့် အကြောင်းအရာများ
  • အစားအသောက်မူမမှန်ခြင်းနှင့်ဆက်စပ်သော အသုံးအနှုန်းများနှင့်တွဲ၍ မျှဝေသည့်အခါ အလွန်အကျွံ ကိုယ်အလေးချိန်လျှော့ချသည့် အပြုအမူကို ဝန်ခံသော အကြောင်းအရာ
  • အစားအသောက်မူမမှန်ခြင်းနှင့်ဆက်စပ်သော အသုံးအနှုန်းများနှင့်တွဲ၍ မျှဝေသည့်အခါ တင်းကျပ်ကန့်သတ်ထားသော စားသောက်မှုပုံစံအတွက် ညွှန်ကြားချက်များပါဝင်သည့် အကြောင်းအရာ
  • မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်း ဖြစ်ဖူးကြောင်း သို့မဟုတ် ထိုသို့ဖြစ်နေကြောင်း လူအများသိရှိထားပြီးဖြစ်သည့် သို့မဟုတ် သွယ်ဝိုက်ရည်ညွှန်းသည့် မိမိကိုယ်ကို သေကြောင်းကြံစည်သူများ၊ မိမိကိုယ်ကို နာကျင်အောင်လုပ်သူများ သို့မဟုတ် အစားအသောက်မူမမှန်ခြင်း ခံစားနေရသူများကိုဖြစ်စေ၊ ယင်းအခြေအနေများအား ကျော်လွှားလွန်မြောက်၍ ပုံမှန်ပြန်ဖြစ်လာသော ပုဂ္ဂိုလ်များကိုဖြစ်စေ လှောင်ပြောင်သော အကြောင်းအရာ
  • မိမိကိုယ်ကို သေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို နာကျင်စေမှုနှင့်ဆိုင်သော အခြေအနေတစ်ခုတွင် မျှဝေသည့်အခါ ခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်း (ဥပမာ- တက်တူးထိုးခြင်း၊ အပေါက်ဖောက်ခြင်း၊ အမာရွတ်ထင်အောင်လုပ်ခြင်း၊ မိမိကိုယ်ကို ကျာပွတ်ဖြင့်ရိုက်ခြင်းစသည်) ကို သရုပ်ဖော်သည့် ရုပ်ပုံ
အောက်ပါအကြောင်းအရာများအတွက် ၎င်းသည် ထိခိုက်လွယ်နိုင်ကြောင်း လူအများသတိပြုမိစေရန် သတိပေးချက် မျက်နှာပြင်တစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းပေးပါသည်။ ကျွန်ုပ်တို့သည် အကြောင်းအရာကို အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ ကြည့်နိုင်ရန်လည်း ကန့်သတ်ပါသည်-
  • ဆေးဘက်ဆိုင်ရာအခြေအနေတွင် ညင်သာစွာအဆုံးစီရင်ပေးခြင်း/သေဆုံးခါနီးလူနာအား ကိုယ့်ကိုယ်ကိုသတ်သေနိုင်ရန် ကူညီပေးခြင်းတွင် ပါဝင်သောလူပုဂ္ဂိုလ်အား ဖော်ပြသည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများ။
  • မိမိကိုယ်ကို နာကျင်စေမှု၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း သို့မဟုတ် ပြန်လည်နာလန်ထူခြင်းဆိုင်ရာ အခြေအနေတစ်ခုတွင် အနာကျက်သွားပြီးဖြစ်သည့် ဒဏ်ရာများ သို့မဟုတ် မိမိကိုယ်ကို နာကျင်စေသည့် အနိဋ္ဌာရုံ ပုံရိပ်မဟုတ်သည့် အခြားအရာများများကဲ့သို့ မိမိကိုယ်ကို နာကျင်စေသည့် ယခင်ဖြစ်ရပ်များကို ဖော်ပြသော အကြောင်းအရာများ။
  • ပြန်လည်ကောင်းမွန်လာသော အခြေအနေတွင်ရှိနေသည့် နံရိုးများ၊ ညှပ်ရိုးများ၊ ပေါင်ခြံခွကြား၊ တင်ပါးဆုံများ၊ ခွက်ဝင်နေသော အစာအိမ်၊ ငေါထွက်နေသော ကျောရိုး သို့မဟုတ် လက်ပြင်ရိုး၊ လက်များ သို့မဟုတ် ခြေထောက်များရှိ မြင်နေရသော အရိုးများ သို့မဟုတ် ပါးနှစ်ဖက် ခွက်ဝင်နေခြင်းကို သရုပ်ဖော်သော အကြောင်းအရာ။
အောက်ပါအကြောင်းအရာများအတွက် ကျွန်ုပ်တို့သည် လူများအား အရင်းအမြစ်များ ပံ့ပိုးပြီး အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ အကြောင်းအရာကို ကြည့်ရှုနိုင်စေရန် ကန့်သတ်ထားပါသည်-
  • မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက်မူမမှန်ခြင်းကို စာဖြင့် သို့မဟုတ် နှုတ်ဖြင့် ဝန်ခံခြင်း။
  • မိမိကိုယ်ကို သေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို နာကျင်စေမှုနှင့်ဆက်စပ်သော အခြေအနေတွင် မရေရာမသေချာသည့် မိမိကိုယ်ကို သေကြောင်းကြံလိုသော ဖော်ပြချက်များ သို့မဟုတ် ယင်းကဲ့သို့သော ရည်ညွှန်းချက်များ (ဝမ်းနည်းသော စိတ်ခံစားချက်၊ စိတ်ဓာတ်ကျခြင်း၊ လွတ်မြောက်ရာအဖြစ် သေဆုံးမှုကို ဖော်ပြခြင်း သို့မဟုတ် စိတ်လေးလံသော၊ စိတ်ဓာတ်ကျသော အတွေးများကို အလေးပေးသည့် လူကြိုက်များသော ယဉ်ကျေးမှုမှ အကြောင်းအရာနှင့် ပတ်သက်သော ရုပ်ပြောင်ပုံ သို့မဟုတ် ဓာတ်ပုံကုန်စည်များ အပါအဝင်)။
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်သူများသာ အကြောင်းအရာကို ကြည့်ရှုနိုင်စေရန် ကျွန်ုပ်တို့ကန့်သတ်ထားပါသည်-
  • မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ မိမိကိုယ်ကို နာကျင်စေခြင်း သို့မဟုတ် အစားအသောက်မူမမှန်ခြင်း အယူအဆကို လှောင်ပြောင်ခြင်း သို့မဟုတ် အရေးမပါဟု သဘောထားခြင်း
  • အမည်တပ်ပြောခြင်း သို့မဟုတ် လုပ်ရပ်တစ်ခု သို့မဟုတ် နောက်ဆက်တွဲဖြစ်ပျက်မှုကို ရည်ညွှန်းခြင်းမျှသာမက မိမိကိုယ်ကို သေကြောင်းကြံစည်မှုကို အသေးစိတ်ဖော်ပြသည့် ဇာတ်ကြောင်းများ
  • အလွန်အမင်း ကိုယ်အလေးချိန်လျှော့ချခြင်း အပြုအမူကို ဝန်ခံခြင်း
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
  • မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း သို့မဟုတ် သေကြောင်းကြံစည်ရန် ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း အတည်ပြုချက်ကို ရရှိသည့်အခါ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမပြုမီ ရေးသားထားသော နောက်ဆုံးနှုတ်ဆက်မှတ်စုများကို ကျွန်ုပ်တို့ ဖယ်ရှားပစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အောက်ပါတို့ အပါအဝင် ယင်းမျှမကသော အချက်များစွာကို အသုံးပြု၍ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမပြုမီ ရေးသားထားသော နောက်ဆုံးနှုတ်ဆက်မှတ်စုများ ဟုတ်မဟုတ် ခွဲခြားဖော်ထုတ်ရန် ကြိုးစားသည်-
    • မိသားစု သို့မဟုတ် ဥပဒေရေးရာ အစိုးရကိုယ်စားလှယ်၏ တောင်းဆိုမှုများ။
    • မီဒီယာ၊ ဥပဒေစိုးမိုးရေး သို့မဟုတ် အခြားကြားခံပြင်ပ ရင်းမြစ်များ (ဥပမာ- အစိုးရအေဂျင်စီများ၊ NGO များ) ၏ တိုင်ကြားချက်များ သို့မဟုတ် သေကြောင်းကြံစည်မှုဆိုင်ရာ ဆက်သွယ်ရန်ဖောင် သို့မဟုတ် Instagram ဆက်သွယ်ရန်ဖောင်ဖြင့် တိုင်ကြားချက်များ။
    • Meta ပလက်ဖောင်းများတွင် အသုံးပြုသူပို့စ်တင်ထားသော အကြောင်းအရာတစ်ခုသည် အခြားသူများအား အန္တရာယ်ဖြစ်စေနိုင်ခြင်းရှိ၊ မရှိ အကဲဖြတ်ရန်အတွက် မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု၊ အစားအသောက်မူမမှန်ခြင်း သို့မဟုတ် အလွန်အမင်း ကိုယ်အလေးချိန် လျှော့ချခြင်း အပြုအမူများကို ထိုအသုံးပြုသူ၏ အားပေးမှု သို့မဟုတ် ပြုလုပ်ကြောင်း ဝန်ခံမှုနှင့်ပတ်သက်သော ပလက်ဖောင်းပြင်ပမှ အချက်ပြများကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားနိုင်သည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
အချက်အလက်
နောက်ဆုံးထုတ်ပြန်ထားသော လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာကို ကြည့်ရှုရန်
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှုနှင့် အစားအသောက်မူမမှန်ခြင်း ပြဿနာနှင့်ပတ်သက်၍ အကူအညီ ရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ