အရွယ်ရောက်ပြီးသူအား လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်း

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
အရွယ်ရောက်ပြီးသူအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း မူဝါဒတွင် မှတ်ချက်ပြုထားသည့်အတိုင်း လူများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုအကြောင်း ဆွေးနွေးရန်နှင့် သတိပြုမိအောင် တင်ပြရန် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အသုံးပြုကြပါသည်။ ကျွန်ုပ်တို့သည် ဤဆွေးနွေးမှု၏ အရေးပါမှုကို အသိအမှတ်ပြုပြီး ဤဆွေးနွေးမှုကို ခွင့်ပြုသည်။ ကျွန်ုပ်တို့သည် လိင်လုပ်သား အခွင့်အရေးများ အားပေးထောက်ခံရေးနှင့် လိင်လုပ်ငန်းစည်းမျဉ်းများအကြောင်း ဆွေးနွေးမှုကိုလည်း ခွင့်ပြုသည်။ သို့သော် အကြောင်းအရာသည် အရွယ်ရောက်ပြီးသူများကြား ကာမဆက်ဆံမှုများ သို့မဟုတ် စီးပွားဖြစ် လိင်ဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စေရန် ကူညီပေးသောအခါ သို့မဟုတ် ညစ်ညမ်းပုံ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာကို တောင်းဆိုသည့်အခါ သို့မဟုတ် ကမ်းလှမ်းသည့်အခါမျိုးတွင် ကျွန်ုပ်တို့က ကန့်သတ်ချက်ထားရှိပါသည်။ လူကုန်ကူးမှုများ၊ အကျပ်ကိုင်မှုများနှင့် ကာယကံရှင်ဆန္ဒမပါသော လိင်မှုကိစ္စလုပ်ဆောင်မှုများ ပါဝင်နိုင်သည့် အရောင်းအဝယ်ကိစ္စများ မဖြစ်မြောက်စေရန်အလို့ငှာ ကျွန်ုပ်တို့က ထိုသို့ကန့်သတ်ရခြင်းဖြစ်သည်။
ကျွန်ုပ်တို့၏ ကမ္ဘာ့လူမှုအသိုင်းအဝိုင်းအတွင်းရှိ ပရိသတ်အချို့အတွက် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်းများပါသည့် အကြောင်းအရာမျိုးကို မြင်တွေ့ရခြင်းမှာ ထိခိုက်လွယ်နိုင်ပြီး လူများအတွက် ၎င်းတို့၏ သူငယ်ချင်းများ၊ ပို၍ကျယ်ပြန့်သော လူမှုအသိုင်းအဝိုင်းနှင့် ဆက်သွယ်နိုင်စွမ်းအား အဟန့်အတားဖြစ်စေနိုင်သောကြောင့် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းသဘော သက်ရောက်စေနိုင်သည့် အဆိုပါစကားအသုံးအနှုန်းများကိုလည်း ကျွန်ုပ်တို့ကန့်သတ်ထားပါသည်။
ကျွန်ုပ်တို့သည် အောက်ပါတို့ကို ခွင့်မပြုပါ-
အောက်ပါနည်းလမ်းများဖြင့် ငွေ သို့မဟုတ် တန်ဖိုးရှိသောအရာတစ်ခုခုအတွက် အပြန်အလှန်အနေဖြင့် ကာမဆက်ဆံမှုများကို တောင်းဆိုခြင်း သို့မဟုတ် မိမိကိုယ်ကို ကမ်းလှမ်းခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ပြည့်တန်ဆာအလုပ်အတွက် ဆက်သွယ်ရန်နည်းလမ်းများ ကမ်းလှမ်းသည့်၊ တောင်းဆိုသည့် သို့မဟုတ် ပံ့ပိုးသည့် အကြောင်းအရာ-
  • ကာမဆက်ဆံမှုကို ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းဆိုခြင်း (ဥပမာ- အခကြေးငွေယူ၍ အဖော်ပြုပေးသည့် ဝန်ဆောင်မှုများ၊ လိင်ပိုင်းဆိုင်ရာ/ကာမရမ္မက်နှိုးဆွသော အနှိပ်ခန်းများ၊ လိင်အသားပေး စကားဝိုင်းများ/အပြန်အလှန်စကားဝိုင်းများ၊ ကာမစွဲလမ်းမှု/ကာမဆန္ဒသာယာမှုအတွက် စိုးမိုးခြယ်လှယ်ခြင်း ဝန်ဆောင်မှုများ)
  • ရနိုင်ခြေ၊ စျေးနှုန်း၊ ငွေကြေး သို့မဟုတ် တန်ဖိုးရှိသောတစ်စုံတစ်ရာအတွက် အရောင်းအဝယ်လုပ်ခြင်း အချက်ပြတစ်ခုခု၊ တည်နေရာ သို့မဟုတ် ဆက်သွယ်ရန် အချက်အလက်များကို တောင်းဆိုခြင်း သို့မဟုတ် ကမ်းလှမ်းခြင်းနှင့်တွဲ၍ဖော်ပြထားသည့် ပြည့်တန်ဆာလုပ်ခြင်းနှင့်ဆိုင်သော ဗန်းစကားအသုံးအနှုန်းများကို အသုံးပြုခြင်း
  • ဈေးနှုန်း သို့မဟုတ် ငွေကြေး သို့မဟုတ် တန်ဖိုးရှိသောတစ်စုံတစ်ရာအတွက် အရောင်းအဝယ်လုပ်ခြင်း အချက်ပြတစ်ခုခုနှင့်ပေါင်းစပ်ထားသည့် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းတွင် ပါဝင်ဆောင်ရွက်ခြင်း
  • ဈေးနှုန်းနှင့်တွဲ၍ဖြစ်စေ၊ ငွေကြေး သို့မဟုတ် ငွေအစားထိုး တန်ဖိုးရှိသောအရာဖြင့် အရောင်းအဝယ်လုပ်ခြင်း အချက်ပြတစ်ခုခုနှင့်တွဲ၍ဖြစ်စေ ကာမဆက်ဆံမှုများ သို့မဟုတ် လိင်ဆက်ဆံဖော်များကို သရုပ်ဖော်ခြင်း သို့မဟုတ် ဖော်ပြခြင်း။
  • ကြားခံပြင်ပ စီးပွားဖြစ် လိင်လုပ်ငန်းအတွက် အခြားသူများအား ခေါ်ယူခြင်း သို့မဟုတ် ကမ်းလှမ်းခြင်းသည် လူကုန်ကူးခြင်း မူဝါဒတွင် အကျုံးဝင်သည်။
အောက်ပါတို့ကဲ့သို့ ကာမဆက်ဆံမှုများအတွက် ဆက်သွယ်ရန်နည်းလမ်းများ ကမ်းလှမ်းခြင်း၊ မေးခြင်း သို့မဟုတ် ပံ့ပိုးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းတွင် ပါဝင်ဆောင်ရွက်သည့် အကြောင်းအရာ-
  • လိင်ဆက်ဆံမှု သို့မဟုတ် နှိုးဆွပေးခြင်း
  • ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း
  • ကာမစိတ်စွဲလမ်းမှုများ
  • လိင်အသားပေး စကားဝိုင်းများ သို့မဟုတ် အပြန်အလှန်စကားဝိုင်းများ
  • လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ကာမရာဂနှိုးဆွသော မက်ဆေ့များ
  • ကာမရာဂနှိုးဆွသော အက သို့မဟုတ် ဖော်ချွတ်ပြခြင်း
  • အဖော်အချွတ် ပုံရိပ် (အဖော်အချွတ်များ၊ လိင်ဆက်ဆံသော ဗီဒီယိုများကဲ့သို့) ကို မျှဝေခြင်း
ညစ်ညမ်းရုပ်ပုံ အကြောင်းအရာကို ရယူရန် ဆက်သွယ်ရန်နည်းလမ်းများကို တောင်းဆိုသည့်၊ ကမ်းလှမ်းသည့် သို့မဟုတ် ပံ့ပိုးသည့် သို့မဟုတ် ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် အသုံးပြုသူအမည်များ သို့မဟုတ် လင့်ခ်များ ပါဝင်သည့် အကြောင်းအရာ။
အောက်ပါတို့နှင့်ပတ်သက်၍ သိသာရှင်းလင်းသော သို့မဟုတ် ကွက်ကွက်ကွင်းကွင်း မြင်သာသော အသေးစိတ်ဖော်ပြမှုကို အသုံးပြုသည့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်း-
  • လိင်အင်္ဂါများ၊
  • လိင်စိတ်ကြွနေသောအခြေအနေများ (ဥပမာ- စိုစွတ်ခြင်း သို့မဟုတ် လိင်အင်္ဂါ ထောင်မတ်ခြင်း)
  • ကာမဆက်ဆံမှုများ
  • အထက်ပါ အခြေအနေတို့တွင် ဟာသမြောက်သော၊ သရော်ထားသော အခြေအနေအတွင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ဆဲရေးတိုင်းထွာမှုအဖြစ် မျှဝေထားသော အကြောင်းအရာ မပါဝင်ပါ။
ဝေဖန်ရှုတ်ချခြင်း၊ အသိပညာပေးခြင်း၊ လူအများသတိပြုမိအောင်တင်ပြခြင်း သို့မဟုတ် သတင်းအစီရင်ခံခြင်းဆိုင်ရာ အခြေအနေများတွင် ပို့စ်တင်သည့်အခါ ဤမူဝါဒအရ တစ်နည်းအားဖြင့် အကျုံးဝင်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်ပြုပေးပါသည်။ ကျွန်ုပ်တို့သည် မူဝါဒအောက်တွင် လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်များ ဆွေးနွေးခြင်းကိုလည်း မတားမြစ်ပါ။ သို့သော် အရွယ်မရောက်သေးသူများအတွက် အသက်အရွယ်နှင့် သင့်လျော်သော သက်ဝင်ခံစားမှုပုံစံများကို ကူညီပံ့ပိုးရန် ကျန်းမာရေးနှင့် ချမ်းသာသုခ မူဝါဒအရ အဆိုပါဆွေးနွေးမှုများကို အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူများသာ ပြုလုပ်နိုင်စေရန် ကန့်သတ်ထားသည်။
အောက်ပါအကြောင်းအရာများအတွက် ကျွန်ုပ်တို့သည် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများကသာ အကြောင်းအရာကို ကြည့်ရှုနိုင်စေရန် ကန့်သတ်ထားပါသည်-
  • လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်များ သို့မဟုတ် အတွေ့အကြုံများကို ဆွေးနွေးသော အကြောင်းအရာ
  • အသုံးပြုသူအမည်များ၊ လင့်ခ်များ သို့မဟုတ် အရွယ်ရောက်ပြီးသူ စာရင်းသွင်းမှု ဝက်ဘ်ဆိုက်များ၏ လိုဂိုတံဆိပ်များပါရှိသော အကြောင်းအရာ
  • လိင်ပိုင်းဆိုင်ရာ တင်စားမှုများအပါအဝင် ဟာသမြောက်သော သို့မဟုတ် သရော်သော ဆက်စပ်အခြေအနေများတွင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်း
  • ကာမဆက်ဆံမှုများကို ရည်ညွှန်းသည့် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြဆွဲဆောင်သော စကားအသုံးအနှုန်း
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
  • အချို့ကိစ္စများတွင် လူမှုစံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်နိုင်သည့် အကြောင်းအရာများသည် သရော်စာဖြစ်နေသည်ဟု ဆုံးဖြတ်သည့်အခါ ၎င်းတို့ကို ကျွန်ုပ်တို့ ခွင့်ပြုပါမည်။ အကြောင်းအရာတွင်ပါသည့် ချိုးဖောက်ထားသောအပိုင်းများသည် သရော်ရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်အတွက် အခြား တစ်စုံတစ်ရာ သို့မဟုတ် တစ်ဦးတစ်ယောက်အား သရော်ထားခြင်း သို့မဟုတ် ဖော်ညွှန်းထားခြင်း ဖြစ်မှသာလျှင် ယင်းအကြောင်းအရာကို ခွင့်ပြုပါမည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
အရွယ်ရောက်ပြီးသူအား လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်းနှင့်ပတ်သက်၍ အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ