ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
အန္တရာယ်ကင်းရှင်းရေးကို အားပေးရန်နှင့် အန္တရာယ်ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုများကို ဟန့်တားရန်အလို့ငှာ ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် လူပုဂ္ဂိုလ်များ၊ ထုတ်လုပ်သူများနှင့် လက်လီရောင်းချသူများက အချို့သော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူရန်၊ ရောင်းချရန်၊ ကံစမ်းမဲဖောက်ရန်၊ လက်ဆောင်ပေးရန်၊ လွှဲပြောင်းရန် သို့မဟုတ် ရောင်းဝယ်ရန် ကြိုးပမ်းမှုများအား ကျွန်ုပ်တို့ တားမြစ်ပါသည်။ အောက်ရှိ ကျွန်ုပ်တို့၏မူဝါဒများအောက်တွင် အကျုံးဝင်သော မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကို ဖြစ်စေနိုင်သည့် မည်သည့်ဆေးဝါးမဆိုအား အရောင်းအဝယ်လုပ်ခြင်း သို့မဟုတ် ရောင်းချခြင်းကို ကျွန်ုပ်တို့ လက်မခံပါ။ ဆိုင်ခန်းဖွင့်ရောင်းချသူများနှင့် အွန်လိုင်းလက်လီရောင်းချသူများသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများပြင်ပတွင် ရောင်းချနိုင်သော လက်နက်များ၊ အရက်သေစာနှင့် ဆေးရွက်ကြီးပစ္စည်းများကို ကြော်ငြာနိုင်သော်လည်း ဤအကြောင်းအရာကို အရွယ်မရောက်သေးသူများ မတွေ့ရှိနိုင်အောင် ကျွန်ုပ်တို့က ကန့်သတ်ထားသည်။ စတိုးဆိုင်များတွင် သို့မဟုတ် အွန်လိုင်းလက်လီရောင်းချသူများက ဤထုတ်ကုန်များအား ရောင်းချခြင်းအကြောင်း ဆွေးနွေးမှုများ၊ ဤမူဝါဒတွင် အကျုံးဝင်သည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၏ စည်းမျဉ်းများ အပြောင်းအလဲအတွက် ထောက်ခံအားပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအကြောင်း ဆွေးနွေးမှုအပါအဝင် ဆေးကုသမှုအခြေအနေတွင် ဆေးဘက်ဆိုင်ရာသုံး ဆေးဝါးများ သုံးစွဲမှုအတွက် ထောက်ခံအားပေးခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းအကြောင်း ဆွေးနွေးမှုများကို ကျွန်ုပ်တို့ ခွင့်ပြုပါသည်။
ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများတွင် အောက်ပါအမျိုးအစားများ ပါဝင်သည်-
  • မူးယစ်ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာသုံး ဆေးဝါးများ
  • လက်နက်များ၊ ခဲယမ်းများ သို့မဟုတ် ပေါက်ကွဲစေတတ်သောပစ္စည်းများ
  • ဆေးရွက်ကြီးနှင့် ဆက်စပ်ထုတ်ကုန်များ
  • အရက်သေစာ
  • ကျန်းမာရေးနှင့် ချမ်းသာသုခ
  • အွန်လိုင်းလောင်းကစားနှင့် ဂိမ်းများ
  • မျိုးသုဉ်းရန်အန္တရာယ်ရှိသော ကာကွယ်ထားသည့် မျိုးစိတ်များ (တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ)
  • သမိုင်းဝင်ရှေးဟောင်းပစ္စည်းများ
  • အန္တရာယ်ရှိသော ထုတ်ကုန်များနှင့် ပစ္စည်းများ
  • ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့်အရည်များ
အမျိုးအစားတစ်ခုစီကို အောက်တွင် အသေးစိတ်ဖော်ပြထားသည်။
မူးယစ်ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာသုံး ဆေးဝါးများ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
အန္တရာယ်များသောဆေးများ (တလွဲသုံးစွဲမိနိုင်ခြေ၊ ဆေးစွဲနိုင်ခြေများသော သို့မဟုတ် ဆေးလွန်ခြင်းအပါအဝင် ပြင်းထန်သည့် ကျန်းမာရေးအန္တရာယ်များနှင့် ဆက်စပ်နေသော ဆေးများ၊ ဥပမာ- ကိုကင်း၊ ဖန်းတနယ်လ်၊ ဘိန်းဖြူ)။
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • အန္တရာယ်များသောဆေးများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ ပူးပေါင်းကုန်သွယ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် ယင်းကဲ့သို့သော ဆေးများကို တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာ။
  • အကြောင်းအရာ ပို့စ်တင်သူ ကိုယ်တိုင်ကဖြစ်စေ၊ အခြားသူများမှတစ်ဆင့်ဖြစ်စေ အန္တရာယ်များသောဆေးများကို ဝယ်ယူခြင်း၊ အရောင်းအဝယ်လုပ်ခြင်း သို့မဟုတ် ပူးပေါင်းကုန်သွယ်ခြင်းတို့ ပြုလုပ်ကြောင်း ဝန်ခံသည့် အကြောင်းအရာ။
  • နာလန်ထူခြင်း၊ ကုသခြင်း သို့မဟုတ် မူးယစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရန် အခြားသောအကူအညီများကို အသိအမှတ်ပြုထားခြင်း သို့မဟုတ် ရည်ညွှန်းကိုးကားခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာအရ အသုံးပြုကြောင်း ဝန်ခံသည့် အကြောင်းအရာ။ ဤအကြောင်းအရာများသည် အန္တရာယ်များသောဆေးများအကြောင်း အကောင်းဘက်မှ ပြောဆိုခြင်း၊ ထိုဆေးများသုံးစွဲမှုကို အားပေးခြင်း၊ ထိုဆေးများကို ဖန်တီးပြုလုပ်ရန်အတွက်ဖြစ်စေ၊ သုံးစွဲရန်အတွက်ဖြစ်စေ ညှိနှိုင်းစီစဉ်ပေးခြင်း သို့မဟုတ် လမ်းညွှန်ချက်များပေးခြင်းတို့ မပြုရပါ။
  • အန္တရာယ်များသောဆေးများနှင့်ပတ်သက်၍ ညှိနှိုင်းစီစဉ်ပေးသော သို့မဟုတ် ကြော်ငြာသော အကြောင်းအရာ (ဤနေရာတွင် ဆေးများအကြောင်း အကောင်းဘက်မှ ပြောဆိုခြင်း၊ ဆေးသုံးစွဲမှုကို အားပေးခြင်း သို့မဟုတ် ဆေးသုံးစွဲရန်ဖြစ်စေ၊ ဖန်တီးရန်ဖြစ်စေ လမ်းညွှန်ချက်များပေးခြင်းကို ဆိုလိုသည်)။
  • မှတ်ချက်- အန္တရာယ်များသောဆေးများ၏ တရားဝင်မှုအကြောင်း ဆွေးနွေးငြင်းခုံခြင်း သို့မဟုတ် ထောက်ခံပြောဆိုခြင်း သို့မဟုတ် ၎င်းတို့၏ သိပ္ပံနည်းကျ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကောင်းကျိုးများအား ဆွေးနွေးခြင်းကို ခွင့်ပြုသည်။ ၎င်းတွင် သတင်းထုတ်ပြန်ခြင်းနှင့် အများပြည်သူ သိရှိစေရန် ကြေညာချက်များ ပါဝင်သည်။
ဆေးကုသမှုနှင့်မဆိုင်သည့် ဆေးဝါးများ (ရည်ရွယ်ထားသော ဆေးကုသမှုဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးမပြုသော သို့မဟုတ် မူးယစ်စေရန် အသုံးပြုသော ဆေးများ သို့မဟုတ် အရာဝတ္ထုများ - ယင်းတွင် ဤဆေးများကို ထုတ်လုပ်ရာ၌ အသုံးပြုသော တားမြစ်ဓာတုပစ္စည်းများ သို့မဟုတ် အရာဝတ္ထုများ ပါဝင်သည်။)
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • ဆေးကုသမှုနှင့်မဆိုင်သည့် ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ ပူးပေါင်းကုန်သွယ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် ကြိုးပမ်းသော သို့မဟုတ် ယင်းဆေးဝါးများကို တောင်းဆိုသော အကြောင်းအရာ။
  • အကြောင်းအရာ ပို့စ်တင်သူ ကိုယ်တိုင်ကဖြစ်စေ၊ အခြားသူများမှတစ်ဆင့်ဖြစ်စေ ဆေးကုသမှုနှင့်မဆိုင်သည့် ဆေးဝါးများကို ဝယ်ယူခြင်း၊ အရောင်းအဝယ်လုပ်ခြင်း သို့မဟုတ် ပူးပေါင်းကုန်သွယ်ခြင်းတို့ ပြုလုပ်ကြောင်း ဝန်ခံသည့် အကြောင်းအရာ။
  • နာလန်ထူခြင်း၊ ကုသခြင်း သို့မဟုတ် မူးယစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရန် အခြားသောအကူအညီများကို အသိအမှတ်ပြုထားခြင်း သို့မဟုတ် ရည်ညွှန်းကိုးကားခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာအရ အသုံးပြုကြောင်း ဝန်ခံသည့် အကြောင်းအရာ။ ဤအကြောင်းအရာများသည် ဆေးကုသမှုနှင့်မဆိုင်သည့် ဆေးဝါးများအကြောင်း အကောင်းဘက်မှ ပြောဆိုခြင်း၊ ထိုဆေးများသုံးစွဲမှုကို အားပေးခြင်း၊ ထိုဆေးများကို ဖန်တီးပြုလုပ်ရန်အတွက်ဖြစ်စေ၊ သုံးစွဲရန်အတွက်ဖြစ်စေ ညှိနှိုင်းစီစဉ်ပေးခြင်း သို့မဟုတ် လမ်းညွှန်ချက်များပေးခြင်းတို့ မပြုရပါ။
  • ဆေးကုသမှုနှင့်မဆိုင်သည့် ဆေးဝါးများနှင့်ပတ်သက်၍ ညှိနှိုင်းစီစဉ်ပေးသော သို့မဟုတ် ကြော်ငြာသော အကြောင်းအရာ (ဤနေရာတွင် ဆေးများအကြောင်း အကောင်းဘက်မှ ပြောဆိုခြင်း၊ ဆေးသုံးစွဲမှုကို အားပေးခြင်း သို့မဟုတ် ဆေးသုံးစွဲရန်ဖြစ်စေ၊ ဖန်တီးရန်ဖြစ်စေ လမ်းညွှန်ချက်များပေးခြင်းကို ဆိုလိုသည်)။
  • ဆေးကုသမှုနှင့်မဆိုင်သည့် ဆေးဝါးများအတွက် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများကို ရောင်းချရန် သို့မဟုတ် ကြော်ငြာရန် ကြိုးပမ်းသော အကြောင်းအရာ။
  • ဆေးကုသမှုနှင့်မဆိုင်သည့် ဆေးဝါးများကို ပုံဖော်ထားသော ကုန်ပစ္စည်းများ ပါဝင်သည့် အကြောင်းအရာ။
ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများ (ဆေးညွှန်းစာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက စီမံပေးရန် လိုအပ်သော ဆေးဝါးများ)
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသော အကြောင်းအရာ။ သို့သော် အောက်ပါအချိန်များတွင်မူ ခြွင်းချက်ထားပါသည်-
    • အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ အသုံးပြုနိုင်ရန် ကန့်သတ်ထားသည့်အခါ ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသော အသိပညာပေး သို့မဟုတ် ဆွေးနွေးမှု အခြေအနေတွင် ကာကွယ်ဆေးများ၏ ဈေးနှုန်းကို စာရင်းပြုစုဖော်ပြခြင်း။
    • အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ အသုံးပြုနိုင်ရန် ကန့်သတ်ထားပြီး ဥပဒေနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းများက ပို့စ်တင်ထားသည့်အခါ ပို့ဆောင်မှု ဆောင်ရွက်ပေးခြင်းတို့ ဖြစ်သည်။ ဤအကြောင်းအရာတွင် လိုင်စင်ရ ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ရန် သို့မဟုတ် တရားဝင် ဆရာဝန်ညွှန်းဆေးစာ ရယူရန် သတိပေးချက်လည်း ပါဝင်ရမည်။
  • စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး သို့မဟုတ် သဘာဝဘေးအန္တရာယ် အကျပ်အတည်း ဖြစ်ရပ်မှလွဲ၍ ကျန်အခြေအနေများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများကို လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသည့် အကြောင်းအရာ။
  • ဆေးဘက်ဆိုင်ရာအခြေအနေတစ်ခုတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများ၏ ဈေးနှုန်းချိုသာမှု၊ သုံးစွဲနိုင်မှု သို့မဟုတ် အာနိသင်ရှိမှုတို့ကို အကြောင်းအရာအတွင်း ဆွေးနွေးသည့်အခါမှလွဲ၍ ကျန်အခြေအနေများတွင် ထိုဆေးဝါးများကို တောင်းဆိုသော အကြောင်းအရာ။
  • မှတ်ချက်- ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများ၏ တရားဝင်မှုအကြောင်း ဆွေးနွေးငြင်းခုံခြင်း သို့မဟုတ် ထောက်ခံပြောဆိုခြင်း သို့မဟုတ် ၎င်းတို့၏ သိပ္ပံနည်းကျ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကောင်းကျိုးများအား ဆွေးနွေးခြင်းကို ခွင့်ပြုသည်။ ၎င်းတွင် သတင်းထုတ်ပြန်ခြင်းနှင့် အများပြည်သူ သိရှိစေရန် ကြေညာချက်များ ပါဝင်သည်။
ရိုးရာဓလေ့ထုံးတမ်းအရ သုံးသော စိတ်ထင်ယောင်ထင်မှားဖြစ်စေသည့် ဆေးဝါးများ
  • ရိုးရာဓလေ့ထုံးတမ်းအရ သုံးသော စိတ်ထင်ယောင်ထင်မှားဖြစ်စေသည့် ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသည့် သို့မဟုတ် တောင်းဆိုသည့် အကြောင်းအရာ။
  • မှတ်ချက်- ရိုးရာဓလေ့ထုံးတမ်းအရ သုံးသော စိတ်ထင်ယောင်ထင်မှားဖြစ်စေသည့် ဆေးဝါးများ၏ တရားဝင်မှုအကြောင်း ဆွေးနွေးငြင်းခုံခြင်း သို့မဟုတ် ထောက်ခံပြောဆိုခြင်း သို့မဟုတ် ၎င်းတို့၏ သိပ္ပံနည်းကျ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကောင်းကျိုးများကို ဆွေးနွေးခြင်းကို ခွင့်ပြုသည်။
ဆေးခြောက်နှင့် ဆေးခြောက်မှရရှိသော ထုတ်ကုန်များ
  • ဆေးခြောက်အပြင် THC သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆက်စပ်ပါဝင်ပစ္စည်းများ ပါရှိသည့် ထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသည့် သို့မဟုတ် ၎င်းတို့ကို တောင်းဆိုသည့် အကြောင်းအရာ။
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်တွေ့နိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
ရိုးရာဓလေ့ထုံးတမ်းအရ သုံးသော စိတ်ထင်ယောင်ထင်မှားဖြစ်စေသည့် ဆေးဝါးများ
  • ရိုးရာဓလေ့ထုံးတမ်းအရ သုံးသော စိတ်ထင်ယောင်ထင်မှားဖြစ်စေသည့် ဆေးဝါးများကို တစ်ကိုယ်ရေသုံးစွဲကြောင်း ဝန်ခံချက်ကို ပြသသည့်၊ ၎င်းတို့နှင့်ပတ်သက်၍ ညှိနှိုင်းစီစဉ်ပေးသည့် သို့မဟုတ် ကြော်ငြာသည့် (ယင်းအကြောင်း အကောင်းဘက်မှ ပြောခြင်းကို ဆိုလိုသည်) သို့မဟုတ် ၎င်းတို့ကို သုံးစွဲမှုကို တိုက်တွန်းအားပေးသည့် အကြောင်းအရာ။
    • စိတ်ကူးယဉ်အခြေအနေ သို့မဟုတ် ခိုင်လုံသောဖြစ်ရပ်မှန်အခြေအနေတစ်ခုတွင် အထက်ဖော်ပြပါမှ တစ်ခုခု ဖြစ်ပွားသည့်အချိန်မှလွဲ၍။
ဆေးခြောက်နှင့် ဆေးခြောက်မှရရှိသော ထုတ်ကုန်များ
  • ဆေးခြောက်အပြင် THC သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆက်စပ်ပါဝင်ပစ္စည်းများ ပါရှိသည့် ထုတ်ကုန်များနှင့်ပတ်သက်၍ ညှိနှိုင်းစီစဉ်ပေးသော သို့မဟုတ် ကြော်ငြာသော အကြောင်းအရာ (ဤနေရာတွင် ဆေးများအကြောင်း အကောင်းဘက်မှ ပြောဆိုခြင်း၊ ဆေးသုံးစွဲမှုကို အားပေးခြင်း သို့မဟုတ် ဆေးသုံးစွဲရန်ဖြစ်စေ၊ ဖန်တီးရန်ဖြစ်စေ လမ်းညွှန်ချက်များပေးခြင်းကို ဆိုလိုသည်)။
  • ဆေးခြောက်အပြင် THC သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆက်စပ်ပါဝင်ပစ္စည်းများ ပါရှိသည့် ထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် ရောင်းဝယ်ရန် ကြိုးပမ်းခြင်းမရှိဘဲ ဆေးခြောက်အရောင်းဆိုင်များက ပို့စ်တင်ထားသော စီးပွားရေးဆိုင်ရာ အကြောင်းအရာ။
  • မျိုချ၍ရသော ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့်အဆီ (CBD) သို့မဟုတ် အလားတူ ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့်အဆီပါသော ထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသည့် အကြောင်းအရာ။
  • မျိုချ၍မရသော ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့်အဆီ (CBD) သို့မဟုတ် အလားတူ ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့်အဆီပါသော ထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသည့် အကြောင်းအရာ။
  • မျိုချ၍မရသော ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့်အဆီ (CBD) သို့မဟုတ် အလားတူ ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့်အဆီပါသော ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ရောဂါပျောက်ကင်းမှုအကြောင်း ပြောဆိုသည့် အကြောင်းအရာ။
  • ဆေးခြောက်နှင့်ဆက်စပ်သော အသုံးအဆောင်ပစ္စည်းများကို သရုပ်ဖော်ထားသည့် အကြောင်းအရာ။
ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများ
  • ဥပဒေနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများက ပို့စ်တင်သည့်အခါ အပါအဝင် မည်သည့်အခြေအနေတွင်မဆို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် ရောင်းဝယ်ရန် ကြိုးပမ်းသည့် အကြောင်းအရာ။
  • ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝယ်ယူနိုင်သည့် ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန်၊ ရောင်းဝယ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းခံရန် ကြိုးပမ်းသော အကြောင်းအရာ။
  • ဆေးရုံတက်ခြင်း သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများ မှီဝဲခြင်းတို့ ပါဝင်သော အကြောင်းအရာ။
လက်နက်များ၊ ခဲယမ်းများ သို့မဟုတ် ပေါက်ကွဲစေတတ်သောပစ္စည်းများ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • သေနတ်များ၊ သေနတ်အစိတ်အပိုင်းများ၊ ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သောပစ္စည်း သို့မဟုတ် သေစေနိုင်လောက်သည့် လက်နက်များကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသော အကြောင်းအရာ။ သို့သော် အောက်ပါအချိန်များတွင်မူ ခြွင်းချက်ထားပါသည်-
    • လက်လီရောင်းချသည့်လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ၊ အမှတ်တံဆိပ်များ သို့မဟုတ် အစိုးရဌာနများ (ဥပမာ၊ ရဲဌာန၊ မီးသတ်ဌာန) အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် Instagram ပရိုဖိုင်ကလည်းကောင်း၊ ယင်းအဖွဲ့အစည်းများ၏ကိုယ်စား အကြောင်းအရာကို မျှဝေသည့် သာမန်လူပုဂ္ဂိုလ်ကလည်းကောင်း ပို့စ်တင်ထားသည့်အခါမျိုးတွင် အသက် ၂၁ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်နိုင်စေရန် ကန့်သတ်ထားပါသည်။
  • သေနတ်များ၊ သေနတ်အစိတ်အပိုင်းများ၊ ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ သို့မဟုတ် သေစေနိုင်လောက်သည့် လက်နက်များကို လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသော အကြောင်းအရာ။ သို့သော် အောက်ပါအခြေအနေများတွင်မူ ခြွင်းချက်ထားပါသည်-
    • လက်လီရောင်းချသည့်လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ၊ အမှတ်တံဆိပ်များ သို့မဟုတ် အစိုးရဌာနများ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် Instagram ပရိုဖိုင်ကလည်းကောင်း၊ ယင်းအဖွဲ့အစည်းများ၏ကိုယ်စား အကြောင်းအရာကို မျှဝေသည့် သာမန်လူပုဂ္ဂိုလ်ကလည်းကောင်း သေနတ်များနှင့် လက်နက်ခဲယမ်းများကို လှူဒါန်းခြင်း၊ အလဲအထပ်လုပ်ခြင်း သို့မဟုတ် ပြန်လည်ဝယ်ယူခြင်း ပြုလုပ်သည့်အခါမျိုးတွင် သက်ဆိုင်ရာ အကြောင်းအရာကို အသက် ၂၁ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်နိုင်စေရန် ကန့်သတ်ထားပါသည်။
    • လက်လီရောင်းချသည့်လုပ်ငန်းများ၊ အစိုးရနှင့်ဆက်စပ်သော အဖွဲ့အစည်းများ သို့မဟုတ် အကျိုးအမြတ်မယူသည့်အဖွဲ့များ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများကဖြစ်စေ၊ ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများနှင့်ဆက်စပ်နေသော သို့မဟုတ် ၎င်းတို့က ငွေကြေးထောက်ပံ့ထားသော သာမန်လူပုဂ္ဂိုလ်များကဖြစ်စေ သေနတ်များကို လေလံတင်ခြင်း သို့မဟုတ် ကံစမ်းမဲဖောက်ခြင်း ပြုလုပ်သည့်အခါမျိုးတွင် သက်ဆိုင်ရာ အကြောင်းအရာကို အသက် ၂၁ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်နိုင်စေရန် ကန့်သတ်ထားပါသည်။
  • သေနတ်များ၊ သေနတ်အစိတ်အပိုင်းများ၊ ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ သို့မဟုတ် သေစေနိုင်လောက်သည့် လက်နက်များကို တောင်းဆိုသည့် အကြောင်းအရာ။
  • အကြောင်းအရာ သို့မဟုတ် ပို့စ်တင်သူက မည်သို့ပင်ဖြစ်စေ သေနတ်များ သို့မဟုတ် သေနတ်အစိတ်အပိုင်းများကို ဝယ်ယူရန်၊ ရောင်းချရန်၊ လက်ဆောင်ပေးရန်၊ လဲလှယ်ရန်၊ လွှဲပြောင်းပေးပို့ရန်၊ ညှိနှိုင်းရန်၊ ၎င်းတို့အကြောင်း အကောင်းဘက်မှ ပြောဆိုရန်၊ 3D ပုံနှိပ်ခြင်း သို့မဟုတ် ကွန်ပျူတာအကူအညီဖြင့် ထုတ်လုပ်ခြင်း ညွှန်ကြားချက်များကို အသုံးပြုလာအောင် တိုက်တွန်းရန် သို့မဟုတ် ထိုသို့အသုံးပြုခွင့် ပံ့ပိုးပေးရန် ကြိုးပမ်းသော အကြောင်းအရာ။
  • စက်သေနတ် ပြောင်းလဲရေး ကိရိယာများကို ဝယ်ရန်၊ ရောင်းချရန်၊ ရောင်းဝယ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန်၊ တောင်းဆိုရန် ကြိုးပမ်းသော သို့မဟုတ် ၎င်းတို့ကို ပိုင်ဆိုင်ကြောင်း ဝန်ခံသော အကြောင်းအရာ။
အောက်ပါအကြောင်းအရာများအတွက် အသက် ၂၁ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်တွေ့နိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
လက်နက်များ၊ ခဲယမ်းများ သို့မဟုတ် ပေါက်ကွဲစေတတ်သောပစ္စည်းများ
  • သေနတ်များ၊ သေနတ်အစိတ်အပိုင်းများ၊ ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ သို့မဟုတ် သေစေနိုင်လောက်သည့် လက်နက်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် (လေလံတင်ရောင်းချခြင်း သို့မဟုတ် ကံစမ်းမဲဖောက်ပေးခြင်း အခြေအနေမျိုးတွင် အပါအဝင်) လက်နက်များကို တောင်းဆိုရန် ကြိုးပမ်းသည့် လက်လီရောင်းချသော လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ၊ အမှတ်တံဆိပ်များ သို့မဟုတ် အစိုးရဌာနများ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် စတိုးဆိုင်များ၊ အဖွဲ့အစည်းများက ပို့စ်တင်ထားသည့် သို့မဟုတ် ၎င်းတို့ကို ကြော်ငြာသည့် အကြောင်းအရာ။
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်တွေ့နိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
ဓားသွားပါသည့် ပစ္စည်းများနှင့် အခြားလက်နက်များ-
  • ချွန်ထက်သောအသွားပါသည့် ပစ္စည်းများနှင့် အခြားမည်သည့်လက်နက်မဆို (ဥပမာ- ငရုတ်ရည်ဖြန်းဆေး သို့မဟုတ် လက်ဆစ်ကွင်းများ) ကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ ညှိနှိုင်းစီစဉ်ပေးရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် ကြိုးပမ်းသည့် သို့မဟုတ် ၎င်းတို့ကို တောင်းဆိုသည့် အကြောင်းအရာ။
  • ထုတ်ကုန်သုံးသပ်ချက်များတွင် သေနတ်များ၊ သေနတ် အစိတ်အပိုင်းများ၊ ခဲယမ်းမီးကျောက်များ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ သေစေနိုင်သော လက်နက်များ သို့မဟုတ် ဓားသွားပါသောပစ္စည်းများအား အသုံးပြုခြင်းအကြောင်း အကောင်းဘက်မှ ပြောဆိုသော၊ အသုံးပြုရန် ညွှန်ကြားချက်များပေးသော သို့မဟုတ် အားပေးသော အကြောင်းအရာ
  • သေစေနိုင်ခြင်းမရှိသော ခုခံကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့်ပတ်သက်သော အရောင်းကမ်းလှမ်းမှုများနှင့် ကြော်ငြာခြင်း
ဆေးရွက်ကြီးနှင့် ဆက်စပ်ထုတ်ကုန်များ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • ဆေးရွက်ကြီး/နီကိုတင်းနှင့်ဆက်စပ်သည့် ထုတ်ကုန်များ သို့မဟုတ် “ENDS” အီလက်ထရောနစ်နည်းဖြင့် နီကိုတင်းထုတ်လွှတ်ပေးပို့သည့် စနစ်များပါသော ထုတ်ကုန်အမျိုးအစားအားလုံး (ဥပမာ- အီလက်ထရောနစ် စီးကရက်များ၊ ဆေးလိပ်အစားထိုး အငွေ့ရှူကိရိယာများ၊ နီကိုတင်းမပါသော ဆေးလိပ်အစားထိုး အငွေ့ရှူကိရိယာများ) အပါအဝင် ဆေးလိပ်သောက်သကဲ့သို့ ခံစားရစေသည့် ထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသော အကြောင်းအရာ။
    • လက်လီရောင်းချသည့် လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ၊ အမှတ်တံဆိပ်များ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် Instagram ပရိုဖိုင်ကဖြစ်စေ၊ ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများ၏ကိုယ်စား အကြောင်းအရာကို မျှဝေသည့် သာမန်လူပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ ပို့စ်တင်ထားသည့်အခါနှင့် ပစ္စည်းပို့ဝန်ဆောင်မှုများနှင့် အမှတ်တံဆိပ် မေတ္တာလက်ဆောင်များကို ကမ်းလှမ်းခြင်းအပါအဝင်မှလွဲ၍။
  • ဆေးရွက်ကြီး/နီကိုတင်း ထုတ်ကုန်များ သို့မဟုတ် "ENDS" ထုတ်ကုန်များကို လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသော အကြောင်းအရာ။
    • လက်လီရောင်းချသည့် လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ၊ အမှတ်တံဆိပ်များ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် Instagram ပရိုဖိုင်ကဖြစ်စေ၊ ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများ၏ကိုယ်စား အကြောင်းအရာကို မျှဝေသည့် သာမန်လူပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ ပို့စ်တင်ထားသည့်အခါနှင့် ပစ္စည်းပို့ဝန်ဆောင်မှုများနှင့် အမှတ်တံဆိပ် မေတ္တာလက်ဆောင်များကို ကမ်းလှမ်းခြင်းအပါအဝင်မှလွဲ၍။
  • ဆေးရွက်ကြီး/နီကိုတင်း ထုတ်ကုန်များ သို့မဟုတ် "ENDS" ထုတ်ကုန် အမျိုးအစားအားလုံး (နီကိုတင်း မပါသော ဆေးလိပ်အစားထိုး အငွေ့ရှူကိရိယာများ) အပါအဝင် ဆေးလိပ်သောက်သကဲ့သို့ ခံစားရစေသည့် ထုတ်ကုန်များကို တောင်းဆိုသော အကြောင်းအရာ။
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်တွေ့နိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
  • အရက်သေစာ သို့မဟုတ် ဆေးရွက်ကြီးထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသည့် လက်လီရောင်းချသော လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် အမှတ်တံဆိပ်များ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများက ပို့စ်တင်သည့် သို့မဟုတ် ၎င်းတို့ကို ကြော်ငြာသည့် အကြောင်းအရာ။
  • ဆေးရွက်ကြီး၊ နီကိုတင်း ထုတ်ကုန်များ သို့မဟုတ် "ENDS" ထုတ်ကုန်များ သုံးစွဲမှုကို ဖော်ပြသည့် အကြောင်းအရာ။
  • ဆေးရွက်ကြီး၊ နီကိုတင်း ထုတ်ကုန်များ၊ "ENDS" ထုတ်ကုန်များ သို့မဟုတ် ဆေးရွက်ကြီးအမှတ်တံဆိပ်များ သုံးစွဲမှုကို ညှိနှိုင်းစီစဉ်ပေးသည့် သို့မဟုတ် တိုက်တွန်းအားပေးသည့် အကြောင်းအရာ။
  • ဆေးလိပ်ဖြတ်ထုတ်ကုန်များကို သရုပ်ဖော်ထားသည့် အကြောင်းအရာ
  • ဆေးရွက်ကြီး၊ ဆေးရွက်ကြီးနှင့်ဆက်စပ်သော အသုံးအဆောင်ပစ္စည်း သို့မဟုတ် ဆေးရွက်ကြီး အမှတ်တံဆိပ်များ အသုံးပြုမှုအကြောင်း ဆွေးနွေးသည့် သို့မဟုတ် ယင်းကဲ့သို့ အသုံးပြုမှုကို တိုက်တွန်းအားပေးသည့် အကြောင်းအရာ။
  • စိတ်ကူးယဉ်မဟုတ်သော အခြေအနေတစ်ခုတွင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးသုံးစွဲမှုကို သရုပ်ဖော်သည့် မီဒီယာအကြောင်းအရာ
    • ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး ကမ်ပိန်းများ၊ ဆေးလိပ်စွဲခြင်းအတွက် ဆွေးနွေးအကြံဉာဏ်ယူခြင်း ဝန်ဆောင်မှုများနှင့် ဆေးလိပ်ဖြတ်ပြီးနောက် ပြန်လည်ထူထောင်ရေး အကြောင်းအရာ သို့မဟုတ် PSA အကြောင်းအရာတို့မှလွဲ၍
အရက်သေစာ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • အရက်သေစာကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသော အကြောင်းအရာ။ သို့သော် အောက်ပါအချိန်တွင်မူ ခြွင်းချက်ထားပါသည်-
    • လက်လီရောင်းချသည့် လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် အမှတ်တံဆိပ်များ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် Instagram ပရိုဖိုင်ကဖြစ်စေ၊ ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများ၏ကိုယ်စား အကြောင်းအရာကို မျှဝေသည့် သာမန်လူပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ ပို့စ်တင်ထားသည့်အခါ။ ပစ္စည်းပို့ဝန်ဆောင်မှုနှင့် အမှတ်တံဆိပ် မေတ္တာလက်ဆောင်များကို ကမ်းလှမ်းခြင်းလည်း ပါဝင်သည်။
    • အရက်သေစာကို ရည်ညွှန်းပြောဆိုသည့် အကြောင်းအရာ သို့မဟုတ် ပွဲအစီအစဉ်၊ စားသောက်ဆိုင်၊ ဘား သို့မဟုတ် ပါတီရှိရာ တည်နေရာတွင် အရက်သေစာကို အရောင်းအဝယ်လုပ်မည့် သို့မဟုတ် သောက်သုံးမည့် အရက်ရောင်းချသောက်သုံးရာ နေရာတစ်ခုသို့ ဖိတ်ခေါ်သည့် အကြောင်းအရာ။
  • လက်လီရောင်းချသည့် လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် အမှတ်တံဆိပ်များ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် Instagram ပရိုဖိုင်ကဖြစ်စေ၊ ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများ၏ကိုယ်စား အကြောင်းအရာကို မျှဝေသည့် သာမန်လူပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ ပို့စ်တင်ထားသည့်အခါမှလွဲ၍ အရက်သေစာ သို့မဟုတ် ဆေးလိပ်နှင့် ဆေးရွက်ကြီးကို လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသော အကြောင်းအရာ။
  • အရက်သေစာ ထုတ်ကုန်များနှင့် အရက်ပါဝင်သည့်အဖျော်ယမကာများကို ‌တောင်းဆိုသော အကြောင်းအရာ။
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်တွေ့နိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
  • အရက်သေစာထုတ်ကုန်များ သို့မဟုတ် အရက်ပါဝင်သည့်အဖျော်ယမကာများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသော လက်လီရောင်းချသည့် လုပ်ငန်းများ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် အမှတ်တံဆိပ်များ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများက ပို့စ်တင်သည့် သို့မဟုတ် ၎င်းတို့ကို ကြော်ငြာသည့် အကြောင်းအရာ။
  • အရက်သေစာထုတ်ကုန်များ သို့မဟုတ် အရက်ပါသောအဖျော်ယမကာများ သောက်သုံးမှုကို ဖော်ညွှန်းထားသည့် သို့မဟုတ် အရက်ပါသောအဖျော်ယမကာ ချက်နည်းများကို မျှဝေသည့် အကြောင်းအရာ။
  • အရက်သေစာထုတ်ကုန်များကို ရည်ညွှန်းပြောဆိုသည့် အကြောင်းအရာ သို့မဟုတ် အရက်သေစာကို အရောင်းအဝယ်လုပ်မည့် သို့မဟုတ် သောက်သုံးမည့် အရက်ရောင်းချသောက်သုံးရာ နေရာတစ်ခုသို့ ဖိတ်ခေါ်သည့် အကြောင်းအရာ။
ကျန်းမာရေးနှင့် ချမ်းသာသုခ
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်တွေ့နိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
ကိုယ်အလေးချိန်ကျစေသည့် သို့မဟုတ် ကိုယ်အလေးချိန်တိုးစေသည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • ကိုယ်အလေးချိန်ကျစေသည့် သို့မဟုတ် ကိုယ်အလေးချိန်တိုးစေသည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန်၊ ရည်ညွှန်းရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာ။
  • ကိုယ်အလေးချိန်ကျစေသည့် သို့မဟုတ် ကိုယ်အလေးချိန်တိုးစေသည့် ကုန်ပစ္စည်းတစ်မျိုးကို အသုံးပြုကြောင်း ဝန်ခံသော သို့မဟုတ် ထိုသို့အသုံးပြုခြင်းကို ထောက်ခံသည့် သဘောဖြင့် ဖော်ပြသော သို့မဟုတ် ၎င်း၏ဘေးထွက်ဆိုးကျိုးများကို ဆွေးနွေးသော အကြောင်းအရာ။
  • အစားအသောက်ထိန်းသည့် ကုန်ပစ္စည်းတစ်ခုနှင့်ပတ်သက်၍ ညှိနှိုင်းစီစဉ်ပေးမှု သို့မဟုတ် ကြော်ငြာမှုကို ပြသသော အကြောင်းအရာ (ဤနေရာတွင် ၎င်းအကြောင်း အကောင်းဘက်မှပြောခြင်း၊ ၎င်းကို အသုံးပြုရန် တိုက်တွန်းခြင်း သို့မဟုတ် ၎င်းကို အသုံးပြုနည်း သို့မဟုတ် ပြုလုပ်နည်းအကြောင်း ညွှန်ကြားချက်များပေးခြင်းကို ဆိုလိုသည်)။
  • ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နှင့်ပတ်သက်သည့် နှိမ့်ချဖော်ပြချက်များ (အပျက်သဘောဆောင်ပြီး လူပုဂ္ဂိုလ်တစ်ဦး၏ ပုံပန်းသွင်ပြင်၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုကို တိုက်ခိုက်သော အသုံးအနှုန်းများ၊ ဖော်ပြချက်များ သို့မဟုတ် မေးခွန်းများ စသည့်) သို့မဟုတ် ညှစ်ထားသောအဆီပိုများကို ပြသကာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု၏ အနီးကပ်ပုံများကို သရုပ်ဖော်ချက်များ ပါဝင်သည့်အကြောင်းအရာ။
  • လက်ဝတ်ရတနာများ သို့မဟုတ် ကပ်ခွာများကဲ့သို့ ဝတ်ဆင်နိုင်သော ထုတ်ကုန်များကို အသုံးပြုခြင်းဖြင့်သာ ရလဒ်များကို ရရှိနိုင်ကြောင်း အခိုင်အမာဆိုသည့် အကြောင်းအရာ။
  • ချဲ့ကား သို့မဟုတ် လွန်ကဲသော ကျန်းမာရေးဆိုင်ရာ ပြောဆိုချက်များဖြင့် စိတ်အာရုံကို လှုံ့ဆော်သောစကားအသုံးအနှုန်းများ သို့မဟုတ် သတိပေးချက်များသော်လည်းကောင်း၊ သတ်မှတ်စံနှုန်းများသော်လည်းကောင်း မပြောဘဲ အချိန်ကာလသတ်မှတ်ချက်တစ်ခုအတွင်း တိကျသော ရလဒ်များကို ရရှိမည်ဟု ကတိပေးခြင်းများကဲ့သို့ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် ကိုယ်အလေးချိန်တိုးခြင်းကိစ္စများတွင် နှိပ်ကြည့်ရန် လှည့်ဖြားဆွဲဆောင်မှု နည်းဗျူဟာများကို အသုံးချခြင်း။
အလှအပဆိုင်ရာ ထုတ်ကုန်များ၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ခွဲစိတ်ပြုပြင်မှုများ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • အလှအပဆိုင်ရာ ထုတ်ကုန်များ၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ခွဲစိတ်ပြုပြင်မှုများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန်၊ ရည်ညွှန်းရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာ။ ၎င်းတွင် ပါဝင်သည်မှာ-
    • အသားအရေ အရောင်ချွတ်သည့် ခရင်မ်များကဲ့သို့ အသားဖြူထုတ်ကုန်များ။
    • လူများ၏ မျက်နှာများ သို့မဟုတ် ခန္ဓာကိုယ်များ၏ လုပ်ဆောင်ချက် သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံကို ကုသရန် သို့မဟုတ် နဂိုအတိုင်းပြန်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အလှအပဆိုင်ရာ လုပ်ထုံးလုပ်နည်းများ။
  • အလှအပဆိုင်ရာ လုပ်ထုံးလုပ်နည်း သို့မဟုတ် ခွဲစိတ်ပြုပြင်မှုတစ်ခု၏ အပြုသဘောဆောင်သော သို့မဟုတ် အပျက်သဘောဆောင်သော သက်ရောက်မှု သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဦးစားပေးဖော်ပြလျက် ၎င်းကို အသုံးပြုခြင်းအား ဝန်ခံသော သို့မဟုတ် ဖော်ပြသော အကြောင်းအရာ။
  • အလှအပရေးရာ ပြုပြင်မှု သို့မဟုတ် ခွဲစိတ်မှုတစ်ခုကို ညှိနှိုင်းစီစဉ်ပေးမှု သို့မဟုတ် ကြော်ငြာမှုကို ပြသသော အကြောင်းအရာ (ဤနေရာတွင် ခွဲစိတ်ပြုပြင်မှုအကြောင်း အကောင်းဘက်မှပြောခြင်း၊ ၎င်းကို အသုံးပြုရန် တိုက်တွန်းခြင်း သို့မဟုတ် ၎င်းကို အသုံးပြုနည်း သို့မဟုတ် ပြုလုပ်နည်းအကြောင်း လမ်းညွှန်ချက်များပေးခြင်းကို ဆိုလိုပါသည်)။
  • ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နှင့်ပတ်သက်သည့် နှိမ့်ချဖော်ပြချက်များ ပါဝင်သည့်အကြောင်းအရာ (အပျက်သဘောဆောင်ပြီး လူပုဂ္ဂိုလ်တစ်ဦး၏ ပုံပန်းသွင်ပြင်၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုကို တိုက်ခိုက်သော အသုံးအနှုန်းများ၊ ဖော်ပြချက်များ သို့မဟုတ် မေးခွန်းများ စသည့်)
မှတ်ချက်- လေ့ကျင့်ခန်းနည်းလမ်းများ (ပလာတေးစ်ကဲ့သို့) သို့မဟုတ် ယာယီအလှကုန်ပစ္စည်းများ (မိတ်ကပ်ကဲ့သို့) ကို ကြော်ငြာခြင်းသည် ဤမူဝါဒတွင် အကျုံးမဝင်ပါ။
နားလည်မှုလွဲစေသော ကျန်းမာရေး အလေ့အထများ
  • အောက်တွင်ဖော်ပြထားသည့် ကုသ၍မရသော ရောဂါများနှင့်/သို့မဟုတ် နောက်ဆုံးအဆင့် သေလုမြောပါး ရောဂါများ (ပြည့်စုံစေ့စပ်သော စာရင်း) မှ တစ်ခုခုကို ကုသနိုင်မည်၊ ကုစားနိုင်မည် သို့မဟုတ် ပျောက်ကင်းစေနိုင်မည်ဟူသော ပြောဆိုချက်များ (ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ သို့မဟုတ် ကျန်းမာရးအဖွဲ့အစည်းများထံမှ ပြောဆိုချက်များ အပါအဝင်)- မှတ်ချက်- ဤရောဂါအခြေအနေ လက္ခဏာများကို ကုသခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့် ပြောဆိုချက်များနှင့် မသက်ဆိုင်ပါ။
    • ဆီးချိုသွေးချိုရောဂါ
    • ရေယုန်
    • သိုင်းရွိုက်
    • အရေပြားလေးဘက်နာ
    • အီဗိုလာ
    • ကင်ဆာရောဂါ
    • အော်တစ်ဇင်ရောဂါ
    • အယ်လ်ဇိုင်းမား
    • ပါကင်ဆန်ရောဂါ
    • ဦးနှောက်အာရုံကြောများနှင့် ကျောရိုးနာ့ဗ်ကြောများ ပျက်စီးသည့်ရောဂါ (ALS)
    • လူ့ခုခံအားကျဆင်းမှုဗိုင်းရပ်စ်ပိုး (HIV)
  • ချဲ့ကား သို့မဟုတ် လွန်ကဲသော ကျန်းမာရေးဆိုင်ရာ ပြောဆိုချက်များဖြင့် စိတ်အာရုံကို လှုံ့ဆော်သောစကားအသုံးအနှုန်းများ သို့မဟုတ် သတိပေးချက်များသော်လည်းကောင်း၊ သတ်မှတ်စံနှုန်းများသော်လည်းကောင်း မပြောဘဲ အချိန်ကာလသတ်မှတ်ချက်တစ်ခုအတွင်း တိကျသော ကျန်းမာရေးရလဒ်များ ရရှိမည်ဟု ကတိပေးခြင်းများကဲ့သို့ ကျန်းမာရေးကိစ္စများတွင် နှိပ်ကြည့်ရန် လှည့်ဖြားဆွဲဆောင်မှု နည်းဗျူဟာများကို အသုံးချခြင်း။
အရွယ်ရောက်ပြီးသူသုံး လိင်စိတ်နိုးကြွစေသော ထုတ်ကုန်များ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • စိတ်ကူးယဥ် အခြေအနေတွင်ဖြစ်စေ၊ စိတ်ကူးယဥ်မဟုတ်သော အခြေအနေတွင်ဖြစ်စေ လူတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုကို လှုံ့ဆော်ပေးရန် သို့မဟုတ် လူတစ်ဦး၏ လိင်စိတ်ကို ပိုမိုနိုးကြွစေရန် အဓိကဦးစားပေးသော အရွယ်ရောက်သူသုံး လိင်စိတ်နိုးကြွစေသည့် ထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ ကြော်ငြာရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာ။ ၎င်းတွင် ပါဝင်သည်မှာ-
    • လိင်စိတ်နှိုးဆွသော အရုပ်များ
    • ရမ္မက်နှိုးဆွသော ထုတ်ကုန်များ
    • လိင်စိတ်ဆန္ဒကို နှိုးဆွသည့် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို တိုးတက်စေသည့် ထုတ်ကုန်များကဲ့သို့ ခွဲစိတ်မှုနှင့်မဆိုင်သော လိင်အင်္ဂါစွမ်းဆောင်ရည် မြှင့်တင်ပေးသော ထုတ်ကုန်များ
    • လိင်စိတ်ဆန္ဒကို နှိုးဆွရန် သို့မဟုတ် လိင်စိတ်နိုးကြွစေရန် အဓိကဦးစားပေးသော ထုတ်ကုန်များ
    • ရှင်းလင်းသော ဆက်စပ်အခြေအနေမပါဘဲ လိင်စိတ်နှိုးဆွသော အရုပ်များအား သရုပ်ဖော်ထားခြင်း
မျိုးဆက်ပွားကျန်းမာရေး သို့မဟုတ် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ ထုတ်ကုန်များ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • မျိုးဆက်ပွားကျန်းမာရေး သို့မဟုတ် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ ထုတ်ကုန်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ ကြော်ငြာရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာ။ ၎င်းတွင် ပါဝင်သည်မှာ-
    • လိင်တံ သို့မဟုတ် ယောနိကဲ့သို့သော အရာဝတ္ထုများ ပါဝင်သည့် ထုတ်ကုန်များအပါအဝင် ဆေးဘက်ဆိုင်ရာအကျိုးကျေးဇူးအတွက် မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုကို ဦးစားပေးသည့် မျိုးဆက်ပွား ကျန်းမာရေး သို့မဟုတ် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ ထုတ်ကုန်များ
    • လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွားရောဂါများကို ကုသသည့် ထုတ်ကုန်များ
    • အလှအပနေဖြင့် လိင်အင်္ဂါ ခွဲစိတ်မှုများ
    • အရွယ်ရောက်ပြီးသူ လိင်အင်္ဂါ ခွဲစိတ်မှုများ
    • လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုကို ဦးစားပေးသော လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း
    • ဟော်မုန်းထုတ်ကုန်များ (ဥပမာ- တက်စတိုစတီရုန်း မြှင့်တင်ဆေးများ)
အရွယ်ရောက်ပြီးသူနှင့်ဆိုင်သော လိင်လုပ်ငန်းများ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • လူတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုကို လှုံ့ဆော်ပေးနိုင်သည့် သို့မဟုတ် လူတစ်ဦး၏ လိင်စိတ်ကို ပိုမိုနိုးကြွစေနိုင်သည့် အရွယ်ရောက်ပြီးသူနှင့်ဆိုင်သော လိင်လုပ်ငန်းများကို ဝယ်ယူရန်၊ ရောင်းချရန်၊ ကြော်ငြာရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာ။ ၎င်းတွင် ပါဝင်သည်မှာ-
    • အရွယ်ရောက်ပြီးသူ ဖျော်ဖြေရေး လုပ်ငန်းများ
    • အရွယ်ရောက်ပြီးသူ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများပါဝင်သည့် စီးပွားရေးလုပ်ငန်းများ
    • လိင်ပိုင်းဆိုင်ရာ လမ်းညွှန်ပေးသည့် ဝန်ဆောင်မှုများ
အွန်လိုင်းလောင်းကစားနှင့် ဂိမ်းများ
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများသာ မြင်တွေ့နိုင်စေရန် ကျွန်ုပ်တို့ ကန့်သတ်ထားပါသည်-
အွန်လိုင်းလောင်းကစားနှင့် ဂိမ်းများ
  • ကစားရန်အတွက် ငွေကြေးတန်ဖိုးရှိသော အရာတစ်ခုခု (ငွေသား သို့မဟုတ် ဒစ်ဂျစ်တယ်/ဗာကျူရယ် ငွေကြေးအမျိုးအစား၊ ဥပမာ- bitcoin အပါအဝင်) ကို လိုအပ်ပြီး ဆုကြေးတစ်စိတ်တစ်ပိုင်းအဖြစ် ငွေကြေးတန်ဖိုးရှိသည့် အရာတစ်ခုခု ပါဝင်နေသည့် အွန်လိုင်းဂိမ်းကစားခြင်းနှင့် လောင်းကစားဆိုင်ရာ ဝန်ဆောင်မှုများကို ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ ဖော်ပြရန် သို့မဟုတ် ကြော်ငြာရန် ကြိုးပမ်းသည့် အကြောင်းအရာ။ ၎င်းတွင် အောက်ပါတို့အပြင် အခြားလုပ်ဆောင်ချက်များလည်း ပါဝင်သည်-
    • ကျွမ်းကျင်မှုလိုအပ်သောဂိမ်းများ၊ ထီများ/ကံစမ်းမဲများ၊ အလောင်းအစားလုပ်ခြင်း၊ အားကစားပွဲလောင်းခြင်း၊ ကာစီနိုဂိမ်းများ၊ ကံစမ်းဂိမ်းများ သို့မဟုတ် နိုင်သူအကုန်သိမ်း လောင်းကစားနည်းများ/ဆုလက်ဆောင် မဲနှိုက်ခြင်းများ။
    • အကန့်အသတ်ဖြင့် အစမ်းသုံးကာလ ပေးပြီးနောက် အစမ်းသုံးကာလပြည့်လျှင် ငွေပေးချေရန် တောင်းဆိုသော လောင်းကစားဂိမ်းများ။
လူမှုကွန်ရက်ပေါ်ရှိ ကာစီနိုဂိမ်းများ
  • ငွေကြေးကိုဖြစ်စေ၊ ငွေကြေးတန်ဖိုးတူအရာတစ်ခုကိုဖြစ်စေ ရယူခွင့်မပါသော စလော့ဂိမ်းကစားသည့်စက်များကဲ့သို့ လောင်းကစားဂိမ်းများနှင့် ပုံစံတူအောင် ဖန်တီးထားသော လူမှုကွန်ရက်ပေါ်ရှိ ကာစီနိုဂိမ်းများကို ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ ဖော်ပြရန် သို့မဟုတ် ကြော်ငြာရန် ကြိုးပမ်းသည့် အကြောင်းအရာ။ ၎င်းတွင် ငွေကြေးတန်ဖိုးမရှိသော "အကြွေစေ့များ" ကို ရယူခွင့်ရှိကြောင်း ဖော်ပြသည့် အကြောင်းအရာလည်း ပါဝင်သည်။
လောင်းကစားနှင့်ဆက်စပ်သည့် အခမဲ့ကစားနိုင်သော ဂိမ်းများ
  • ဂိမ်းကစားရန် ငွေကြေးတန်ဖိုးရှိသည့် အရာတစ်ခုခုကို မလိုအပ်သော်လည်း အနိုင်ရပါက ငွေကြေး သို့မဟုတ် ငွေကြေးတန်ဖိုးရှိသည့်အရာကို ရယူခွင့်ရှိသည်ဟုဆိုသော လောင်းကစားဂိမ်းများနှင့်ပုံစံတူအောင် ပြုလုပ်ထားသည့် အခမဲ့ကစားနိုင်သော ဂိမ်းများကို ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ သရုပ်ဖော်ရန် သို့မဟုတ် ကြော်ငြာရန် ကြိုးပမ်းသော အကြောင်းအရာ။
မျိုးသုဉ်းရန်အန္တရာယ်ရှိသော ကာကွယ်ထားသည့် မျိုးစိတ်များ (တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ)
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ သို့မဟုတ် ၎င်းတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများ သို့မဟုတ် ကာကွယ်ထားသော အပင်မျိုးစိတ်များကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် ကြိုးပမ်းသော သို့မဟုတ် ထိုအရာများကို တောင်းဆိုသော အကြောင်းအရာ။
  • အကြောင်းအရာပို့စ်တင်သူ ကိုယ်တိုင်ကဖြစ်စေ၊ အခြားသူများ၏အကူအညီဖြင့် ၎င်းတို့၏ အပေါင်းအသင်းများကဖြစ်စေ ကျူးလွန်သည့် မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တရားမဝင်ခိုးဖမ်းခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် အရောင်းအဝယ်လုပ်ခြင်း လုပ်ဆောင်ကြောင်း ဝန်ခံသော သို့မဟုတ် ထိုသို့လုပ်ရန် တိုက်တွန်းသော အကြောင်းအရာ။ ဤတွင် လူစိမ်းများ၏ တရားမဝင်ခိုးဖမ်းမှုကို ဖော်ပြခြင်းများ မပါဝင်ပါ။
  • အကြောင်းအရာ ပို့စ်တင်သူ ကိုယ်တိုင်ကဖြစ်စေ၊ ၎င်းတို့၏ အပေါင်းအသင်းများကဖြစ်စေ ကျူးလွန်သော မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်များ သို့မဟုတ် ၎င်းတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို တရားမဝင်ခိုးဖမ်းခြင်း၊ ခိုးယူခြင်းအား ဖော်ပြသည့် အကြောင်းအရာ။
  • မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုဖြစ်စေ၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် အပင်များကိုဖြစ်စေ အသုံးချရန် သို့မဟုတ် ယင်းတို့မှ ထုတ်ကုန်ပစ္စည်းများပြုလုပ်ရန် ညှိနှိုင်းစီစဉ်ပေးခြင်း သို့မဟုတ် ကြော်ငြာခြင်းကို ပြသသော အကြောင်းအရာ (ဤနေရာတွင် တရားမဝင်ခိုးဖမ်းခြင်းအကြောင်း အကောင်းဘက်မှပြောခြင်း၊ ထိုသို့လုပ်ဆောင်ရန် တိုက်တွန်းခြင်း သို့မဟုတ် လမ်းညွှန်ချက်များပေးခြင်းကို ဆိုလိုသည်)။
မျိုးသုဉ်းရန်အန္တရာယ်မရှိသော တိရစ္ဆာန်များ
  • မျိုးသုဉ်းရန်အန္တရာယ်မရှိသော တိရစ္ဆာန်အရှင်များအား ဝယ်ရန်၊ ရောင်းရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသည့် အကြောင်းအရာ။ သို့သော် အောက်ပါအချိန်တွင်မူ ခြွင်းချက်ထားပါသည်-
    • လက်လီရောင်းချသည့်လုပ်ငန်းများ၊ တရားဝင် ဝက်ဘ်ဆိုက်များ၊ အမှတ်တံဆိပ်များ သို့မဟုတ် မွေးစားမည့်နေရာသစ်ရှာဖွေပေးရေး ဂေဟာများ အပါအဝင် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများကို ကိုယ်စားပြုသော စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် Instagram ပရိုဖိုင်က ပို့စ်တင်ထားသည့်အခါ သို့မဟုတ် ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် အဖွဲ့အစည်းများ၏ကိုယ်စား အကြောင်းအရာကို မျှဝေသည့်အနေဖြင့် သာမန်ပုဂ္ဂိုလ်တစ်ဦးက ပို့စ်တင်ထားသည့်အခါ။
    • လူတစ်ဦးထံမှ အခြားလူတစ်ဦးက လက်လွှဲယူမွေးစားခြင်းများအတွက် မွေးစားမည့်နေရာသစ်ရှာဖွေရေး စရိတ်များ အပါအဝင် မျိုးသုဉ်းရန်အန္တရာယ်မရှိသည့် တိရစ္ဆာန်အရှင်များကို မွေးစားခြင်း၊ လက်ဆောင်ပေးခြင်း၊ တောင်းခံခြင်း၊ လှူဒါန်းခြင်း သို့မဟုတ် နေရာသစ်ရှာဖွေပေးခြင်း အခြေအနေတွင် ပို့စ်တင်ထားသည့်အခါ
    • ဘာသာရေးပူဇော်ပွဲအတွက် တိရစ္ဆာန်ရောင်းချသည့်အခါ သို့မဟုတ် ပျောက်ဆုံးနေသော အိမ်မွေးတိရစ္ဆာန်များကို ရှာတွေ့လျှင် ဆုကြေးပေးရန် ကမ်းလှမ်းသည့်အခါ။
    • မွေးမြူရေး တိရစ္ဆာန်များကို ရောင်းချသည့် အခြေအနေတွင် ပို့စ်တင်ထားသည့်အခါ။
    • တိရစ္ဆာန်ဦးချိုများ၊ ကိုယ်တွင်း ကလီစာများ၊ ခြေလက်အင်္ဂါများ၊ အသေကောင်များ၊ တိရစ္ဆာန်များကို အရေခွံခွာ အချောကိုင်၍ ပြန်လည်သန့်စင်ထားသည်များ၊ မစင်များ (မြေဆွေး သို့မဟုတ် ဓာတ်မြေသြဇာများ မပါဝင်ပါ) ကို ဝယ်ယူခြင်း၊ ရောင်းချခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်း၊ တောင်းခံခြင်း၊ လှူဒါန်းခြင်း အခြေအနေတွင် ပို့စ်တင်ထားသည့်အခါ။
    • ဥအမျိုးမျိုး၊ ငါးကဲ့သို့သော လူတို့စားသုံးရန်အတွက် တိရစ္ဆာန်ဆက်စပ်ထုတ်ကုန်ပစ္စည်းများကို ကမ်းလှမ်းသည့် အခြေအနေတွင် ပို့စ်တင်ထားသည့်အခါ။
သမိုင်းဝင်ရှေးဟောင်းပစ္စည်းများ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
သမိုင်းဝင်ရှေးဟောင်းပစ္စည်းများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသည့် သို့မဟုတ် ၎င်းပစ္စည်းများကို တောင်းခံသည့် အကြောင်းအရာ။
အန္တရာယ်ရှိသော ထုတ်ကုန်များနှင့် ပစ္စည်းများ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
အန္တရာယ်ရှိသော ထုတ်ကုန်များနှင့် ပစ္စည်းများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းသည့် သို့မဟုတ် ၎င်းတို့ကို တောင်းခံသည့် အကြောင်းအရာ။
ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ခန္ဓာကိုယ်မှထွက်သည့် အရည်များ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
  • လူကုန်ကူးမှုဆိုင်ရာ မူဝါဒအရ တားမြစ်ထားသည့် လူမှောင်ခိုကူးမှု အကြောင်းအရာများသာမက လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသော အကြောင်းအရာ။
  • လူ့ခန္ဓာကိုယ်မှထွက်သည့် အရည်များကို လဲလှယ်ရန် တောင်းဆိုသော အကြောင်းအရာ။
  • လူ့ခန္ဓာကိုယ်မှထွက်သည့် အရည်များကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသော အကြောင်းအရာ။
  • သုက်ရည် သို့မဟုတ် သွေးရည်ကြည်ကဲ့သို့ လူ့ခန္ဓာကိုယ်မှထွက်သည့် အရည်များကို လှူဒါန်းရန်အတွက် ပို့စ်တင်သည့်အခါမှလွဲ၍။
ဈေးကွက်တွင်းမှ ပြန်လည်သိမ်းယူထားသော ပစ္စည်းများ
အောက်ပါတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ-
ဈေးကွက်တွင်းမှ ပြန်လည်သိမ်းယူထားသော ပစ္စည်းများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ ပူးပေါင်းကုန်သွယ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် ၎င်းတို့ကို တောင်းဆိုရန် ကြိုးစားသော အကြောင်းအရာ။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
အချက်အလက်
နောက်ဆုံးထုတ်ပြန်ထားသော လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာကို ကြည့်ရှုရန်
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ