သတင်းအချက်အလက်အမှား
မူဝါဒ အသေးစိတ်အချက်များ
မှတ်တမ်းပြောင်းရန်
ယနေ့
၂၀၂၅၊ ဧ ၈
၂၀၂၅၊ မတ် ၁၄
၂၀၂၅၊ ဇန် ၈
၂၀၂၄၊ ဇူ ၁၉
၂၀၂၄၊ ဇူ ၁၀
၂၀၂၄၊ ဇွန် ၁၁
၂၀၂၄၊ မေ ၂၁
၂၀၂၄၊ ဖေ ၇
၂၀၂၃၊ ဒီဇင်ဘာ ၆
၂၀၂၃၊ စက် ၃၀
၂၀၂၃၊ ဇူ ၁၅
မူဝါဒဆိုင်ရာ သဘောတရား
တားမြစ်ထားသည့်အရာများ၏ စာရင်းအပြည့်အစုံကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုရန် နည်းလမ်းမရှိသောကြောင့် သတင်းအချက်အလက်အမှားသည် ကျွန်ုပ်တို့၏လူမှုစံနှုန်းများထဲတွင် ဖော်ပြထားသော အခြားစကားအမျိုးအစားများနှင့် ကွဲပြားမှုရှိသည်။ ဥပမာအားဖြင့် ကွက်ကွက်ကွင်းဖော်ပြသော အကြမ်းဖက်မှု မြင်ကွင်း သို့မဟုတ် အမုန်းပွားစေသော လုပ်ရပ်အတွက် ကျွန်ုပ်တို့၏မူဝါဒများတွင် ကျွန်ုပ်တို့တားမြစ်သည့် အကြောင်းအရာကို သတ်မှတ်ဖော်ပြထားပြီး ထိုမူဝါဒများကို သဘောမတူညီသည့် လူများကပင် ၎င်းတို့ကို လိုက်နာရနိုင်သည်။ သို့ရာတွင် သတင်းအချက်အလက်အမှားအတွက် ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အချက်အလက်များကို ပံ့ပိုးမပေးနိုင်ပါ။ ကမ္ဘာကြီးသည် အဆက်မပြတ် ပြောင်းလဲလျက်ရှိပြီး တစ်မိနစ်တွင် မှန်နေသောအရာသည် နောက်တစ်မိနစ်တွင် မမှန်နိုင်တော့ပါ။ လူများတွင် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးအကြောင်း အချက်အလက်များနှင့်ပတ်သက်၍ မတူညီသော အဆင့်သတ်မှတ်ချက်များရှိပြီး မမှန်ကန်သည့်အရာကို မှန်ကန်သည်ဟုလည်း ယုံကြည်နိုင်သည်။ ကျွန်ုပ်တို့အနေဖြင့် အချက်အလက်များကို အလုံးစုံ ဝင်ရောက်သုံးစွဲခွင့် မရှိသည့်အတွက် "သတင်းအချက်အလက်အမှား" ကိုသာ တားမြစ်ပေးသည့် မူဝါဒသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသူများတွက် အသုံးဝင်သော သတိပေးချက် ဖြစ်လာမည်မဟုတ်ဘဲ ၎င်းကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းနိုင်မည်လည်း မဟုတ်ပါ။
ယင်းအစား ကျွန်ုပ်တို့၏မူဝါဒများတွင် သတင်းအချက်အလက်အမှား အမျိုးအစားအမျိုးမျိုးကို ရှင်းလင်းအောင် ထုတ်ဖော်ပေးထားပြီး အဆိုပါပြောစကားမျိုးကို ကျွန်ုပ်တို့မြင်သည့်အခါ ကိုင်တွယ်ဖြေရှင်းပုံအကြောင်း ရှင်းလင်းသော လမ်းညွှန်ချက်ပေးရန် ကြိုးစားပါသည်။ အမျိုးအစားတိုင်းအတွက် ကျွန်ုပ်တို့၏ ကိုင်တွယ်ဖြေရှင်းနည်းသည် ကျွန်ုပ်တို့၏ သဘောထားထုတ်ဖော်ခွင့်၊ အန္တရာယ်ကင်းရှင်းရေး၊ ဂုဏ်သိက္ခာ၊ စစ်မှန်မှုနှင့် ကိုယ်ရေးလုံခြုံမှု တန်ဖိုးများကို အညီအမျှအလေးထားရန် ကြိုးပမ်းကြောင်း ထင်ဟပ်စေသည်။
မကြာမီအချိန်ကာလအတွင်း ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်မှု အန္တရာယ်ကို တိုက်ရိုက်ဖြစ်ပေါ်စေနိုင်သည့် သတင်းအချက်အလက်အမှားများကို ကျွန်ုပ်တို့ဖယ်ရှားပါသည်။ နိုင်ငံရေး လုပ်ငန်းစဉ်များ၏ အခြေခံလှုပ်ရှားဆောင်ရွက်မှုကို တိုက်ရိုက်အနှောင့်အယှက်ဖြစ်စေနိုင်သည့် အကြောင်းအရာကိုလည်း ကျွန်ုပ်တို့ဖယ်ရှားပါသည်။ ဤအမျိုးအစားများတွင် သတင်းအချက်အလက်အမှားဟု ယူဆနိုင်စေသည့်အရာကို ဆုံးဖြတ်ရာတွင် အကြောင်းအရာ၏ မှန်ကန်မှုနှင့် ၎င်းသည် မကြာမီအချိန်ကာလအတွင်း ထိခိုက်နာကျင်မှု အန္တရာယ်ကို တိုက်ရိုက်ဖြစ်ပွားစေနိုင်ခြင်းရှိ၊ မရှိ အကဲဖြတ်ရန် ကျွမ်းကျင်ပြီး ဗဟုသုတရှိသော သီးခြားလွတ်လပ်သော ကျွမ်းကျင်ပညာရှင်များနှင့်အတူ ကျွန်ုပ်တို့လက်တွဲလုပ်ဆောင်ပါသည်။ ဤတွင် ဥပမာအားဖြင့် ပြည်တွင်းပဋိပက္ခအကြောင်း ကောလာဟလတစ်ခုကို မှန်ကန်မှုရှိ၊ မရှိ ဆုံးဖြတ်ရန် နိုင်ငံတစ်နိုင်ငံ၏ မြေပြင်တွင် တည်ရှိနေသော လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ဆောင်ခြင်း ပါဝင်သည်။
အခြား သတင်းအချက်အလက်အမှား အားလုံးအတွက် ကျွန်ုပ်တို့သည် ၎င်းတို့၏ ပျံ့နှံ့မှုကို လျှော့ချခြင်း သို့မဟုတ် အကျိုးရှိသော အပြန်အလှန် ဆွေးနွေးပြောဆိုမှုကို မြှင့်တင်ပေးသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းတို့အပေါ် အာရုံစိုက်လုပ်ဆောင်ပါသည်။ လူများသည် တစ်ခါတစ်ရံ အချက်အလက်တစ်ခုကို ချဲ့ကားပြောဆိုရန် ("ဒီအသင်းမှာ အားကစားသမိုင်းတစ်လျှောက် အဆိုးဆုံးစံချိန်ရှိတယ်။") သို့မဟုတ် ဟာသအနေဖြင့် သို့မဟုတ် သရော်စာအနေဖြင့် ("ငါ့ခင်ပွန်းက ခုလေးတင် တစ်နှစ်တာအကောင်းဆုံးခင်ပွန်းဆု ရသွားပြီ။") တို့ကဲ့သို့ သတင်းအချက်အလက်အမှားများကို မထိခိုက်စေသည့်နည်းများဖြင့် အသုံးပြုတတ်ကြသည်ကို ကျွန်ုပ်တို့သိရှိပါသည်။ လူများသည် မသေချာမရေရာမှုများ ပါဝင်နေသည့် ဇာတ်လမ်းများဖြင့် ၎င်းတို့၏ အတွေ့အကြုံများကိုလည်း မျှဝေကောင်း မျှဝေနိုင်သည်။ အချို့သော ကိစ္စများတွင် လူများသည် အခြားသူများက မှားယွင်းသည်ဟု ယူဆသော ၎င်းတို့လေးလေးနက်နက် လက်ကိုင်ထားသည့် ကိုယ်ပိုင်အမြင်များကို မျှဝေသည် သို့မဟုတ် ၎င်းတို့က မှန်ကန်သည်ဟု ယုံကြည်သော်လည်း အခြားသူများက မပြည့်စုံဟု သို့မဟုတ် အထင်အမြင်မှားစေသည်ဟု ယူဆသော အချက်အလက်များကို မျှဝေသည်။
နားလည်မှုလွဲစေနိုင်သော သို့မဟုတ် စိတ်ရှုပ်ထွေးစေနိုင်သော အကြောင်းအရာ ရှိသည့်အခါ အဆိုပါစကားမျိုးကို မည်မျှတွေ့ရများနိုင်ကြောင်း အသိအမှတ်ပြုလျက် အသုံးပြုသူများအား အထောက်အကူပြုသော အချက်အလက်များ ပံ့ပိုးပေးရန် ကျွန်ုပ်တို့ အာရုံစိုက်သည်။ ထိုအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ပြည်ထောင်စုပြင်ပ၌ ကျွန်ုပ်တို့၏ပလက်ဖောင်းများပေါ်တွင် အများဆုံး ပျံ့နှံ့နေသည့် အကြောင်းအရာ၏ တိကျမှန်ကန်မှုကို စိစစ်သုံးသပ်ကာ အဆင့်သတ်မှတ်ရန် ကမ္ဘာ့နေရာအများအပြားမှ ကြားခံပြင်ပ အချက်အလက်စစ်ဆေးရေး အဖွဲ့အစည်းများနှင့်အတူ ကျွန်ုပ်တို့ လက်တွဲလုပ်ဆောင်ပါသည် (အမေရိကန်ပြည်ထောင်စုတွင် ကျွန်ုပ်တို့၏ ကိုင်တွယ်လုပ်ဆောင်ပုံအတွက် ဤနေရာနှင့် ဤနေရာတွင် ကြည့်ပါ)။ အမေရိကန်ပြည်ထောင်စုမှ အစပြုလုပ်ဆောင်သည့် လူမှုအဖွဲ့အစည်း မှတ်ချက် အစီအစဉ်သည် နားလည်မှုလွဲစေနိုင်သော သို့မဟုတ် ရှုပ်ထွေးစေနိုင်သော Facebook၊ Instagram နှင့် Threads ပို့စ်များတွင် နောက်ထပ်ဆက်စပ်အခြေအနေကို ထည့်သွင်းဖော်ပြရန် လူများအား ခွင့်ပြုပေးသည် (ဤနေရာတွင် ကြည့်ပါ)။ လူများအနေဖြင့် ၎င်းတို့ဖတ်ရမည့်၊ ယုံကြည်ရမည့်၊ မျှဝေရမည့်အရာများကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ရန်အတွက် မီဒီယာအကဲဖြတ်ဆန်းစစ်နိုင်စွမ်းနှင့် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုကို မြှင့်တင်ရန် မှီငြမ်းစရာ အရင်းအမြစ်များကိုလည်း ကျွန်ုပ်တို့ ပံ့ပိုးထားပါသည်။ လူများက ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသော သို့မဟုတ် ပြောင်းလဲပြင်ဆင်ထားသော တကယ့်ဓာတ်ပုံ/သက်ဝင်လှုပ်ရှားမှု အစစ်ကဲ့သို့ထင်ရသည့် ဗီဒီယို သို့မဟုတ် တကယ့်အသံအစစ်ကဲ့သို့ထင်ရသည့် အော်ဒီယိုဖြင့် ငွေမကုန်သည့်ကြော်ငြာကို တင်သည့်အခါတိုင်း ကျွန်ုပ်တို့၏ AI အသုံးပြုမှု ထုတ်ဖော်ချက် ကိရိယာကို သုံးပြီး ထုတ်ဖော်ပြောကြားရန် ကျွန်ုပ်တို့ သတ်မှတ်ထားပြီး ၎င်းတို့က ထိုသို့လုပ်ရန် ပျက်ကွက်ပါက ကျွန်ုပ်တို့သည် ပြစ်ဒဏ်များ ချမှတ်နိုင်သည်။ အထူးသဖြင့် အများပြည်သူအတွက် အရေးကြီးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ လူများအား လွန်စွာနားလည်မှုလွဲစေနိုင်သည့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသော သို့မဟုတ် ပြောင်းလဲပြင်ဆင်ထားသော အကြောင်းအရာအချို့တွင်လည်း ကျွန်ုပ်တို့က အညွှန်းစာသားတစ်ခုကို ထည့်သွင်းနိုင်သည်။
နောက်ဆုံးအနေဖြင့် သတင်းအချက်အလက်အမှားများ ပျံံ့နှံ့မှုနှင့် တူညီနေလေ့ရှိသည့် အခြားနယ်ပယ်များရှိ အပျက်သဘောဆောင်သော အကြောင်းအရာနှင့် အပြုအမူများကို ကျွန်ုပ်တို့တားမြစ်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများသည် အကောင့်တုများ၊ အလိမ်အညာနှင့် ပူးပေါင်းစီစဉ်သည့် မသမာသော အပြုအမူတို့ကို တားမြစ်ပါသည်။
အွန်လိုင်းနှင့် လက်တွေ့ဘဝ ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲဖြစ်ပေါ်လာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ဤမူဝါဒများကို တိုးမြှင့်ပြောင်းလဲရန် ဆက်လက်လုပ်ဆောင်သွားပါမည်။ အောက်တွင် ဖော်ပြထားသည့် သတင်းအချက်အလက်အမှားကို ထပ်ဖန်တလဲလဲ မျှဝေသော အကောင့်များသည် ဤမူဝါဒနှင့်အညီ ၎င်းတို့၏အကြောင်းအရာများ စည်းကမ်းထိန်းသိမ်းခံရခြင်းအပြင် အကြောင်းအရာပျံ့နှံ့မှု လျှော့ချခံရခြင်း၊ ၎င်းတို့၏ကြော်ငြာနိုင်စွမ်းကို ကန့်သတ်ခြင်းများ သို့မဟုတ် ကျွန်ုပ်တို့၏ ပလက်ဖောင်းများမှ ဖယ်ရှားခံရခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။ Meta က အကြောင်းအရာကို ဖယ်ရှားလိုက်သည့်အခါ မည်သို့ဖြစ်လာမည့်အကြောင်း ထပ်ဆောင်းအချက်အလက်များကို ဤနေရာတွင် တွေ့နိုင်သည်။
လမ်းညွှန်ချက်များ
ကျွန်ုပ်တို့ဖယ်ရှားသည့် သတင်းအချက်အလက်အမှားများ-
ကျွန်ုပ်တို့သည် အောက်ပါ သတင်းအချက်အလက်အမှား အမျိုးအစားများကို ဖယ်ရှားပါသည်-
၁။ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အကြမ်းဖက်မှု
လူများအတွက် မကြာမီအချိန်အတွင်း အကြမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု အန္တရာယ်ကို တိုက်ရိုက်ဖြစ်စေနိုင်သည့် အလားအလာရှိသည်ဟု ကျွမ်းကျင်မိတ်ဖက်များက ဆုံးဖြတ်ထားသော သတင်းအချက်အလက်အမှားများ သို့မဟုတ် အတည်မပြုနိုင်သော ကောလာဟလများကို ကျွန်ုပ်တို့ဖယ်ရှားပါသည်။ ယုံကြည်ရသော ကြားခံပြင်ပအဖွဲ့အစည်းတစ်ခုက မမှန်ကန်ဟု ဆုံးဖြတ်လိုက်သော အဆိုပြုချက်ပါသည့် အကြောင်းအရာကို သတင်းအချက်အလက်အမှားအဖြစ် ကျွန်ုပ်တို့သတ်မှတ်သည်။ ခိုင်လုံသော အရင်းအမြစ်များ မရှိသည့်အပြင် အဆိုပြုချက်ကို မမှန်ကန်ကြောင်းဖွင့်ချရန် တိကျမှု မလုံလောက်သည့် သို့မဟုတ် အဆိုပြုချက်သည် မယုံရသည့် သို့မဟုတ် ယုံကြည်ရန် ယုတ္တိမရှိသည့်အတွက် ၎င်းအဆိုပြုချက်၏ အရင်းအမြစ်ကို ကျွမ်းကျင်မိတ်ဖက်များက ခြေရာခံရန် အလွန်ခက်ခဲကြောင်း သို့မဟုတ် ခြေရာခံ၍မရကြောင်း အတည်ပြုထားလျှင် ၎င်းကို အတည်မပြုနိုင်သော ကောလာဟလအဖြစ် ကျွန်ုပ်တို့ သတ်မှတ်သည်။
တစ်ခါတစ်ရံ အန္တရာယ်မရှိဟု ထင်ရသည့် သတင်းအချက်အလက်အမှားသည် တိကျသောအခြေအနေတစ်ခုတွင် သေစေနိုင်သော၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ သို့မဟုတ် အခြား ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်မှုအန္တရာယ် မြင့်မားသည့် အကြမ်းဖက်ခြိမ်းခြောက်မှုများ အပါအဝင် ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှု အန္တရာယ်ကို ဖြစ်စေနိုင်ကြောင်း ကျွန်ုပ်တို့သိရှိပါသည်။ ကျွန်ုပ်တို့သည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO များ)၊ အမြတ်အစွန်းမယူသော အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ဤပြည်တွင်းလှုပ်ရှားမှုများတွင် ကျွမ်းကျင်မှုရှိသော နိုင်ငံတကာအဖွဲ့အစည်းများပါဝင်သည့် ကမ္ဘာအနှံ့ကွန်ရက်နှင့် လက်တွဲဆောင်ရွက်ပါသည်။
လူ့အဖွဲ့အစည်းတွင်းအကြမ်းဖက်မှု အန္တရာယ်ကို မြင့်မားစွာကြုံတွေ့နေရသော နိုင်ငံများတွင် မည်သည့်မှားယွင်းသော ပြောဆိုချက်များက မကြာမီအချိန်အတွင်း ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်မှု တိုက်ရိုက်ဖြစ်ပေါ်နိုင်ဖွယ်ရှိသည်ကို ကျွန်ုပ်တို့နားလည်နိုင်ရန်အတွက် ဒေသခံမိတ်ဖက်များနှင့်အတူ ကြိုတင်လက်တွဲဆောင်ရွက်ပါသည်။ ထို့နောက် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် အဆိုပါပြောဆိုမှုများပြုလုပ်နေသည့် အကြောင်းအရာများကို ခွဲခြားသတ်မှတ်ပြီး ဖယ်ရှားရန် ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။ ဥပမာအားဖြင့် ဒေသခံကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်ခံရသူများ သို့မဟုတ် အကြမ်းဖက်မှု ကျူးလွန်သူများ၊ လက်နက်များ သို့မဟုတ် စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို သရုပ်ဖော်ရန် မဟုတ်မမှန်ပြောဆိုထားသည့် အဆက်အစပ်မရှိသော မီဒီယာအကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည်။
၂။ အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား
ကျွန်ုပ်တို့သည် မကြာသေးမီကာလတွင် အများပြည်သူကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများကို ခွဲခြားဖော်ထုတ်ရန် အထင်ကရ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ပါသည်။ ကျွန်ုပ်တို့ဖယ်ရှားလိုက်သည့် အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများတွင် အောက်ပါတို့ပါဝင်သည်-
- ကာကွယ်ဆေးများအကြောင်း သတင်းအချက်အလက်အမှား။ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များက အချက်အလက်သည် မမှန်ကန်သည့်အပြင် ကာကွယ်ဆေးထိုးရန် ငြင်းဆိုမှုများကို တိုက်ရိုက်ဖြစ်ပေါ်စေနိုင်သည်ဟု ကောက်ချက်ချသုံးသပ်သည့်အခါ ကာကွယ်ဆေးများနှင့် အဓိကပတ်သက်သော သတင်းအချက်အလက်အမှားများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။ ၎င်းတို့တွင် ပါဝင်သည်များမှာ-
- ကာကွယ်ဆေးများသည် အော်တစ်ဇင်ရောဂါကို ဖြစ်စေသည် (ဥပမာ- "ဒီရက်ပိုင်းမှာ ကလေးအများအပြား အော်တစ်ဇင်ရောဂါ ဖြစ်ပွားနေတာ ကာကွယ်ဆေးထိုးမှု မြှင့်တက်လာတာကြောင့်ဖြစ်တယ်။")
- ကာကွယ်ဆေးများက မွေးကင်းစကလေးငယ်များ ရုတ်တရက်သေဆုံးနိုင်သည့် ရောဂါလက္ခဏာကို ဖြစ်စေသည် (ဥပမာ- "ကာကွယ်ဆေးများက SIDS ဖြစ်စေနိုင်ကြောင်း သင်သိပါသလား။"
- ကာကွယ်ဆေးများက ၎င်းတို့ကာကွယ်ပေးရန် ရည်ရွယ်ထားသည့် ရောဂါကိုဖြစ်စေသည် သို့မဟုတ် ကာကွယ်ဆေးထိုးထားသူတွင် ထိုရောဂါ ရနိုင်ခြေ ပိုများစေသည် (ဥပမာ- "တကယ်တော့ ကာကွယ်ဆေးမှာ အဲ့ဒီရောဂါရဲ့ မျိုးဗီဇတစ်ခုပါဝင်တာမလို့ ကာကွယ်ဆေးထိုးတာက ရောဂါရနိုင်ခြေ ပိုများစေပါတယ်။ သတိထားပါ။")
- ကာကွယ်ဆေးများ သို့မဟုတ် ၎င်းတို့၏ ပါဝင်ပစ္စည်းများက သေစေနိုင်သည်၊ အဆိပ်အတောက်ဖြစ်စေသည်၊ အဆိပ်ရှိသည်၊ ထိခိုက်စေနိုင်သည် သို့မဟုတ် အန္တရာယ်ရှိသည် (ဥပမာ- "ဒါပေါ့၊ သင့်ခန္ဓာကိုယ်ထဲကို အဆိပ်တွေ ထည့်နေတာ သင်အဆင်ပြေရင် ကာကွယ်ဆေးထိုးနိုင်ပါတယ်။")
- သဘာဝကိုယ်ခံအားဖြင့် ရောဂါခံနိုင်ရည်ရှိခြင်းက ကာကွယ်ဆေးထိုး၍ ရလာသော ကိုယ်ခံအားထက် ပို၍ဘေးကင်းသည် (ဥပမာ- "ကာကွယ်ဆေးထိုးတာထက် ရောဂါကူးစက်ခံလိုက်ရတာက အန္တရာယ်အကင်းဆုံးပါ။")
- ဆေးပညာအရ သတ်မှတ်အချိန်ကာလကို အကြံပြုထားလျှင်ပင် အချိန်တိုအတွင်း ကာကွယ်ဆေး အများအပြားထိုးခြင်းက အန္တရာယ်ရှိသည် (ဥပမာ- "သင့်ဆရာဝန်က ဘယ်လိုပြောပြော ကျွန်ုပ်ဂရုမစိုက်ပါ။ တစ်ကြိမ်လျှင် ကာကွယ်ဆေးတစ်လုံးထက် ဘယ်တော့မှ ပိုမထိုးပါနဲ့။ အန္တရာယ်ရှိတယ်။")
- ကာကွယ်ဆေးများက ၎င်းတို့ကာကွယ်ပေးရန် ရည်ရွယ်ထားသော ရောဂါကို ဟန့်တားကာကွယ်ရာတွင် ထိရောက်မှုမရှိပါ။ သို့သော် COVID-19၊ တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကာကွယ်ဆေးများအတွက် ယင်းကာကွယ်ဆေးများသည် တစ်စုံတစ်ယောက်အား ထိုရောဂါပိုးများ မကူးစက်အောင် ထိရောက်စွာ ကာကွယ်မပေးနိုင်ကြောင်း ပြောဆိုချက်များကို ကျွန်ုပ်တို့မဖယ်ရှားပါ။ (ဥပမာ- ဖယ်ရှားရန် – "ပိုလီယို ကာကွယ်ဆေးက သင့်ကို ရောဂါမရအောင် ဟန့်တားပေးဖို့ ဘာမှလုပ်မပေးနိုင်ပါ"၊ ဖယ်ရှားရန် – "အမှန်တော့ ကာကွယ်ဆေးတွေက သင့်ကို ရောဂါမရအောင် ဟန့်တားပေးဖို့ ဘာမှလုပ်မပေးနိုင်ပါ”၊ ခွင့်ပြုမည် – “ကာကွယ်ဆေးက သင့်ကို COVID-19 ကူးစက်မခံရအောင် ဟန့်တားမပေးနိုင်တာမလို့ သင့်အနေနဲ့ တွေ့ဆုံဆက်ဆံမှု လျှော့ချဖို့နဲ့ အခြားသူတွေအနီး ရှိနေချိန်မှာ နှာခေါင်းစည်းဝတ်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။”)
- ဝက်သက်ရောဂါကူးစက်ခြင်းကြောင့် မသေနိုင်ပါ (ထပ်ဆောင်းအချက်အလက် နှင့်/သို့မဟုတ် ဆက်စပ်အကြောင်းအရာ လိုအပ်သည်) (ဥပမာ- "သင့်မှာ ဝက်သက်ပေါက်ပေါက်၊ မပေါက်ပေါက် စိတ်မပူပါနဲ့။ အဲ့ဒါက မသေစေနိုင်ပါ။")
- ဗီတာမင် စီသည် ကာကွယ်ဆေးရှိပြီးသား ရောဂါများကို ကာကွယ်ရာတွင် ကာကွယ်ဆေးများကဲ့သို့ ထိရောက်သည်။
- ပြည်သူ့ကျန်းမာရေး အရေးပေါ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား။ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များက အချက်အလက်သည် မှားယွင်းနေကာ လူများအား အန္တရာယ်ရှိသော ရောဂါကူးစက်စေခြင်း သို့မဟုတ် ရောဂါကူးစက်ပျံ့နှံ့စေခြင်း သို့မဟုတ် သက်ဆိုင်ရာ ကာကွယ်ဆေးထိုးရန် ငြင်းဆိုခြင်း အန္တရာယ်ကို ဖြစ်စေခြင်း အပါအဝင် မကြာမီ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု အန္တရာယ်ကို တိုက်ရိုက်ဖြစ်ပေါ်စေနိုင်သည့် အလားအလာရှိကြောင်း ကောက်ချက်ချသုံးသပ်သည့်အခါ ပြည်သူ့ကျန်းမာရေး အရေးပေါ်ကာလများအတွင်း သတင်းအချက်အလက်အမှားကို ကျွန်ုပ်တို့ဖယ်ရှားပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းလုံးနှင့် ဒေသတွင်းမှ ကျန်းမာရေး အာဏာပိုင်အသီးသီးနှင့် လက်တွဲကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ခွဲခြားဖော်ထုတ်ပါသည်။
- ကျန်းမာရေး ပြဿနာရပ်များအတွက် အန္တရာယ်များသည့် သဘာဝလွန်ကုသမှုများကို အားပေးအားမြှောက်လုပ်ခြင်း သို့မဟုတ် ထောက်ခံခြင်း။ ၎င်းတို့တွင် အကြံပြုထားသည့်အတိုင်း အသုံးပြုပါက ကျန်းမာရေး အခြေအနေအရ ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ကို တိုက်ရိုက်ဖြစ်စေနိုင်သော ကုသနည်းများ ပါဝင်ပြီး အဆိုပါကုသနည်းသည် ကျန်းမာရေးအတွက် အသုံးပြုရန် တရားမဝင်ပါ (ဥပမာ- အရောင်ချွတ်ဆေး၊ ပိုးသတ်ဆေး၊ အနက်ရောင်အနာလိမ်းဆေး၊ ကော့စ်တစ်ဆော်ဒါ)။
၃။ မဲပေးသူ သို့မဟုတ် သန်းခေါင်စာရင်းကောက်ခံမှုအပေါ် စွက်ဖက်နှောင့်ယှက်မှု
ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းကောက်ခံမှု ပိုမိုသမာသမတ်ရှိစေရေး အားထုတ်ကြိုးပမ်းမှုအနေဖြင့် ကျွန်ုပ်တို့သည် အဆိုပါလုပ်ငန်းစဉ်များတွင် လူများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအပေါ် တိုက်ရိုက်စွက်ဖက်နှောင့်ယှက်နိုင်ခြေရှိသော သတင်းအချက်အလက်အမှားများကို ဖယ်ရှားပါသည်။ ဤတွင် အောက်ပါတို့ပါဝင်သည်-
- မဲပေးခြင်း သို့မဟုတ် မဲဆန္ဒရှင် မှတ်ပုံတင်ခြင်း သို့မဟုတ် သန်းခေါင်စာရင်း ကောက်ခံမှုတွင် ပါဝင်ခြင်းတို့အတွက် ရက်စွဲများ၊ တည်နေရာများ၊ အချိန်နှင့် နည်းလမ်းများအကြောင်း သတင်းအချက်အလက်အမှား။
- မဲပေးနိုင်သူများ၊ မဲပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များ၊ ဆန္ဒမဲကို ထည့်သွင်းရေတွက်ခြင်း ရှိ၊ မရှိနှင့် မဲပေးရန်အတွက် ထောက်ပံ့ပေးရမည့် အချက်အလက်များ သို့မဟုတ် ပစ္စည်းများအကြောင်း သတင်းအချက်အလက်အမှား။
- ရွေးကောက်ခံကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဟုတ်၊ မဟုတ်နှင့် ပတ်သက်၍ သတင်းအချက်အလက်အမှား။
- သန်းခေါင်စာရင်းကောက်ခံမှုတွင် ပါဝင်နိုင်သူနှင့် ပါဝင်ရန်အတွက် ထောက်ပံ့ပေးရမည့် အချက်အလက်များ သို့မဟုတ် ပစ္စည်းများအကြောင်း သတင်းအချက်အလက်အမှား။
- သက်ဆိုင်ပါက လူပုဂ္ဂိုလ်တစ်ဦး၏ သန်းခေါင်စာရင်း အချက်အလက်များကို အခြားသော (သန်းခေါင်စာရင်းနှင့် မသက်ဆိုင်သည့်) အစိုးရအေဂျင်စီနှင့် မျှဝေမည့်အကြောင်း အပါအဝင် သန်းခေါင်စာရင်း ကောက်ခံမှုတွင် အစိုးရ၏ ပါဝင်ပတ်သက်မှုအကြောင်း သတင်းအချက်အလက်အမှား။
- အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စည်းကြပ်ရေး (ICE) သည် မဲပေးရမည့်နေရာတွင် ရှိနေမည့်အကြောင်း မှားယွင်းစွာ ဆိုထားသော သို့မဟုတ် စိစစ်အတည်ပြု၍မရနိုင်သော ပြောဆိုချက်များ။
- လူများသည် မဲပေးသည့်လုပ်ငန်းစဉ်တွင် ပါဝင်ပါက COVID-19 (သို့မဟုတ် အခြား ကူးစက်ရောဂါ) ကူးစက်ခံရနိုင်သည်ဟု အတိအလင်း မမှန်ကန်သော ပြောဆိုချက်များ။
- ရွေးကောက်ပွဲ အာဏာပိုင်တစ်ဦးက အတည်ပြုစစ်ဆေးထားသည့်အတိုင်း မဲပေး၍မရနိုင်ဖြစ်စေမည့် အမေရိကန်ပြည်ထောင်စု၏ မဲပေးသည့်နေရာတစ်ခုရှိ လတ်တလော အခြေအနေများနှင့်ပတ်သက်၍ မမှန်ကန်သော ပြောဆိုချက်များ။
အကြမ်းဖက်မှုလုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်မှုများ၊ တရားမဝင်သော ပါဝင်ဆောင်ရွက်မှုကို အားပေးခြင်းနှင့် ရွေးကောက်ပွဲများတွင် ပူးပေါင်းနှောင့်ယှက်ရန် ဖိတ်ခေါ်ခြင်းများကို ခြုံငုံထည့်သွင်းတင်ပြရန် ရည်ရွယ်ထားသော ထပ်ဆောင်းမူဝါဒများ ကျွန်ုပ်တို့တွင်ရှိပြီး ၎င်းတို့ကို ကျွန်ုပ်တို့ လူမှုစံနှုန်းများ၏ အခြားကဏ္ဍများတွင် ဖော်ပြထားသည်။
အောက်ဖော်ပြပါအကြောင်းအရာများအတွက် သတင်းအချက်အလက်ပေးသော အညွှန်းတစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းသည်-
ကြိုးကိုင်ခြယ်လှယ်ခံရသော မီဒီယာ
မီဒီယာကို နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်တည်းဖြတ်နိုင်သည်။ ကိစ္စရပ်များစွာတွင် အနုပညာထုတ်ဖော်ပြသမှုနှင့်ဆိုင်သော အကြောင်းရင်းများအတွက် သို့မဟုတ် တေးဂီတထည့်သွင်းခြင်းအတွက် အကြောင်းအရာများကို ဖြတ်တောက်ခြင်း သို့မဟုတ် အတိုချုံ့ထားခြင်းကဲ့သို့သော ဤပြောင်းလဲမှုများသည် အန္တရာယ်မရှိပါ။ အခြားကိစ္စရပ်များတွင် ကြိုးကိုင်ခြယ်လှယ်မှုသည် မသိသာသည့်အပြင် အထင်အမြင်လွဲမှားသွားစေနိုင်သည်။
- ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသော သို့မဟုတ် ပြောင်းလဲပြင်ဆင်ထားသော အထင်အမြင်လွဲမှားစေနိုင်သည့် အကြောင်းအရာများ။ လူမှုစံနှုန်းများကို အခြားတစ်နည်းနည်းဖြင့် ချိုးဖောက်ခြင်းမရှိသည့် အကြောင်းအရာဆိုလျှင် အကြောင်းအရာသည် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသော သို့မဟုတ် ပြင်ဆင်ထားသော တကယ့်ဓာတ်ပုံ/သက်ဝင်လှုပ်ရှားမှုအစစ်ကဲ့သို့ ထင်ရသည့် ရုပ်ပုံ သို့မဟုတ် ဗီဒီယို သို့မဟုတ် တကယ့်အသံအစစ်ကဲ့သို့ထင်ရသည့် အော်ဒီယိုဖြစ်ပြီး အများပြည်သူအတွက် အရေးကြီးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ အများပြည်သူအပေါ် သိသိသာသာ လိမ်လည်လှည့်ဖြားနိုင်ခြေ အလွန်များနေသည့်အခါ အကြောင်းအရာ၏ မျက်နှာစာတွင် သတင်းအချက်အလက်ပေးသော အညွှန်းတစ်ခု ထည့်နိုင်သည် သို့မဟုတ် ကြော်ငြာအဖြစ် ပေးပို့ထားသော အကြောင်းအရာကို ပယ်ချနိုင်သည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
သတင်းအချက်အလက်အမှားဆိုင်ရာ ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ