Meta ၏ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် လိုင်စင်များကို အသုံးပြုခြင်း

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
Meta သည် များပြားလှသောအရင်းအမြစ်များကို ၎င်း၏ ဉာဏပစ္စည်းမူပိုင်ခွင့် တီထွင်မှု၊ ကာကွယ်မှုနှင့် မှန်ကန်စွာ အသုံးပြုမှုအတွက် ရည်ရွယ်မြှုပ်နှံထားသည်။ ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဥပဒေနှင့်မညီသောနည်းလမ်းဖြင့် သို့မဟုတ် ကျွန်ုပ်တို့၏ ထုတ်ကုန်အရင်းအမြစ် စင်တာနှင့် မကိုက်ညီသောပုံစံဖြင့် Meta ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို အသုံးမပြုကြောင်း သေချာစေရန် ဤမူဝါဒက ကူညီပေးပါသည်။
အောက်ပါအကြောင်းအရာများကို ပို့စ်မတင်ရပါ-
  • အမှတ်တံဆိပ်အသုံးပြုမှု-
    • Meta ၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ Meta ထုတ်ကုန်အရင်းအမြစ် စင်တာက တားမြစ်ထားသော နည်းလမ်းဖြင့်ဖြစ်စေ Meta ၏ မူပိုင်ခွင့်များ သို့မဟုတ် ကုန်အမှတ်တံဆိပ်များကို အသုံးပြုသော အကြောင်းအရာ။
    • Meta ၏ အမှတ်တံဆိပ်များမှ တစ်ခုခုကို ကြော်ငြာဖန်တီးမှုတွင် အထင်ရှားဆုံး သို့မဟုတ် အပေါ်လွင်ဆုံးအင်္ဂါရပ် ဖြစ်စေသည့် နည်းလမ်းဖြင့် ဖော်ပြထားသော အကြောင်းအရာ။
    • Meta ၏ အမှတ်တံဆိပ် အွန်လိုင်းပိုင်ဆိုင်မှုများကို ဒီဇိုင်း သို့မဟုတ် အရောင် ပြောင်းလဲခြင်း သို့မဟုတ် ၎င်းတို့ကို အထူးပြုလုပ်ချက်များတွင် သို့မဟုတ် သက်ဝင်ရုပ်ရှင်တွင် အသုံးပြုခြင်းကဲ့သို့ မည်သည့်နည်းဖြင့်မဆို မွမ်းမံပြင်ဆင်ထားသော အကြောင်းအရာ။
  • အမှတ်တံဆိပ်ထောက်ခံချက်-
    • Meta ၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ Meta ၏ အမှတ်တံဆိပ်တစ်ခုခုအား မည်သည့်ပုံစံဖြင့်မဆို ထောက်ခံချက်ပေးခြင်းအဖြစ် သို့မဟုတ် ၎င်းနှင့်စပ်တူလုပ်ဆောင်ခြင်းအဖြစ် သွယ်ဝိုက်ညွှန်းဆိုသော အကြောင်းအရာ။
    • Meta ၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ Meta ၏ အမှတ်တံဆိပ်များ (Facebook၊ Instagram သို့မဟုတ် WhatsApp ကဲ့သို့)၊ နည်းပညာ သို့မဟုတ် ပရိုဂရမ်တစ်ခုခုအား ထောက်ခံချက်ပေးခြင်းအဖြစ် သို့မဟုတ် ၎င်းတို့ထံမှ ပံံပိုးမှုရရှိခြင်းအဖြစ် သွယ်ဝိုက်ညွှန်းဆိုသော အကြောင်းအရာ။
  • ထုတ်ကုန်တစ်ခုခု၏ ယူဇာအင်တာဖေ့စ်ကို အောက်ပါနည်းလမ်းဖြင့် သရုပ်ဖော်သော အကြောင်းအရာ-
    • ထုတ်ကုန်များ၏ လက်ရှိပုံပန်းသွင်ပြင်၊ လုပ်ဆောင်ချက်များ သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းများကို မမှန်မကန် သရုပ်ဖော်ခြင်း။
    • အထူးပြုလုပ်ချက်များ၊ ကြားဖြတ်နှောင့်ယှက်မှု သို့မဟုတ် သက်ဝင်ရုပ်ရှင် ထည့်သွင်းခြင်းကဲ့သို့ မည်သည့်နည်းဖြင့်မဆို ယူဇာအင်တာဖေ့စ်ကို မွမ်းမံပြင်ဆင်ခြင်း။
    • ယူဇာအင်တာဖေ့စ်၏ အစိတ်အပိုင်းများကို သီးခြားစီဖြစ်စေ၊ တစ်ခုချင်းဖြစ်စေ အသုံးပြုခြင်း
    • မိုဘိုင်း သို့မဟုတ် ဒက်စတော့ကဲ့သို့ သက်ဆိုင်ရာ ဖုန်း/ကွန်ပျူတာတစ်ခုကို အသုံးပြုနေသည့် အခြေအနေအတွင်း ယူဇာအင်တာဖေ့စ်ကို ဖော်ပြမထားခြင်း။
  • Meta ၏ တေးဂီတလိုင်စင် သဘောတူညီချက်များကို ချိုးဖောက်သည့်ပုံစံဖြင့် တေးဂီတ သို့မဟုတ် အခြားပါဝင်သည့်အရာများကို အသုံးပြုထားသော အကြောင်းအရာ။
  • စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ Meta ပိုင်ဆိုင်သော နှင့်/သို့မဟုတ် သီးသန့်လိုင်စင်ရထားသော Facebook တွင် ကြည့်ရှုရန် အကြောင်းအရာကို ထုတ်လွှင့်သည့် အကြောင်းအရာ။
  • စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ Meta ပိုင်ဆိုင်သည့် ဉာဏပစ္စည်းမူပိုင်ခွင့်ကို အသုံးပြုသော အကြောင်းအရာ။
  • Meta ၏ ကုန်အမှတ်တံဆိပ်များနှင့် ရှုပ်ထွေးလောက်အောင် ဆင်တူနေသည့် အမှတ်အသားများကို အသုံးပြုသော အကြောင်းအရာ။
အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်-
  • ဖယ်ရှားခံရပြီးနောက် အကောင့်အသစ်များဖွင့်ခြင်း အပါအဝင် ဤမူဝါဒကို ထပ်ခါထပ်ခါ ချိုးဖောက်ခြင်းများ လုပ်ဆောင်နေသည့် အကောင့်များ။
ကျွန်ုပ်တို့သည် Meta က ပိုင်ဆိုင်သော နှင့်/သို့မဟုတ် လိုင်စင်ရထားသော ဉာဏပစ္စည်းမူပိုင်ခွင့်ကို အောက်ပါနည်းလမ်းများဖြင့် အသုံးပြုသည့် အကြောင်းအရာကို ခွင့်ပြုပါသည်-
  • Meta က စာဖြင့်ရေးသားပြီး အတိအလင်း ခွင့်ပြုထားသော နည်းလမ်းဖြင့် အသုံးပြုခြင်း နှင့်/သို့မဟုတ်
  • Meta ထုတ်ကုန်အရင်းအမြစ် စင်တာရှိ လမ်းညွှန်ချက်များနှင့်ကိုက်ညီသော နည်းလမ်းဖြင့် အသုံးပြုခြင်း။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
Meta ၏ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် လိုင်စင်များကို အသုံးပြုခြင်းနှင့်ပတ်သက်၍ အကူအညီ ရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ