ဒေသတွင်း တရားမဝင်သော အကြောင်းအရာ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
ကျွန်ုပ်တို့၏ဝန်ဆောင်မှုများရှိ အကြောင်းအရာက ဒေသဆိုင်ရာဥပဒေကို ချိုးဖောက်သည်ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ သို့မဟုတ် အစိုးရအဖွဲ့အစည်းများအနေဖြင့် ယူဆသည့်အခါ ၎င်းတို့သည် အကြောင်းအရာကို ကန့်သတ်ပေးရန် ကျွန်ုပ်တို့အား တောင်းဆိုနိုင်သည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုကလည်း အကြောင်းအရာကို ဥပဒေနှင့်မညီကြောင်း စွပ်စွဲသည့် တိုင်ကြားချက်များကို ပို့နိုင်သည်။ ကျွန်ုပ်တို့သည် တရားရုံးအမိန့်များကိုလည်း လက်ခံရရှိနိုင်သည်။
တိုင်ကြားချက် သို့မဟုတ် အမိန့်တစ်ရပ်ကို ကျွန်ုပ်တို့လက်ခံရရှိသည့်အခါ ကျွန်ုပ်တို့သည် ပထမဆုံးအနေဖြင့် ထိုအကြောင်းအရာကို လူမှုစံနှုန်းများနှင့်တိုက်ဆိုင်၍ စိစစ်သုံးသပ်သည်။ ထိုအကြောင်းအရာက ကျွန်ုပ်တို့၏မူဝါဒများကို ချိုးဖောက်သည်ဟု ကျွန်ုပ်တို့ဆုံးဖြတ်ပါက ၎င်းကို ကျွန်ုပ်တို့ ဖယ်ရှားသည်။ အကြောင်းအရာသည် ကျွန်ုပ်တို့၏ မူဝါဒများကို မချိုးဖောက်ပါက ကမ္ဘာအနှံ့ကွန်ရက် ကနဦးလုပ်ငန်းစဉ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ကျွန်ုပ်တို့၏ ကတိကဝတ်များနှင့် ကျွန်ုပ်တို့၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒနှင့်အညီ ကျွန်ုပ်တို့သည် ဤတိုင်ကြားချက်ကို တရားဝင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန် ဥပဒေရေးရာ အလေးထားစိစစ်သုံးသပ်မှုအပြင် လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်မှုကိုလည်း လုပ်ဆောင်သွားပါမည်။
တိုင်ကြားချက်များသည် ဥပဒေအရ တရားမဝင်ကြောင်း၊ အလွန်ကျယ်ပြန့်ကြောင်း သို့မဟုတ် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ကျွန်ုပ်တို့ထင်မြင်ယူဆသည့် အမှုကိစ္စများတွင် ကျွန်ုပ်တို့သည် ရှင်းလင်းချက် တောင်းဆိုနိုင်သည် သို့မဟုတ် အရေးယူဆောင်ရွက်ခြင်းမပြုဘဲ နေနိုင်သည်။
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများထက် ဒေသဆိုင်ရာဥပဒေအပေါ် အခြေခံ၍ အသုံးပြုသူအကြောင်းအရာကို အရေးယူဆောင်ရွက်မှု ပြုလုပ်သည့်အခါ ကျွန်ုပ်တို့သည် ဥပဒေနှင့်မညီဟု စွပ်စွဲခံရသည့် တရားစီရင်ပိုင်ခွင့်နယ်မြေအတွင်းသာ ထိုအကြောင်းအရာကို ကြည့်ရှုခွင့် ကန့်သတ်ရန် ကြိုးစားပြီး အခြားသော ပြစ်ဒဏ်များ သို့မဟုတ် လုပ်ဆောင်ချက်အပေါ် ကန့်သတ်မှုများ ပြုလုပ်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အရေးယူခံရမည့် အသုံးပြုသူကိုလည်း သတိပေးပါသည်။
အကြောင်းအရာက ဒေသဆိုင်ရာဥပဒေကို ချိုးဖောက်သည်ဟူသော တိုင်ကြားချက်များအား ကျွန်ုပ်တို့ အကဲဖြတ်ဆန်းစစ်ပုံနှင့် ထိုကဲ့သို့အမှုကိစ္စများတွင် အကြောင်းအရာအား ကြည့်ရှုခွင့်ကန့်သတ်သည့် ဖြစ်ရပ်များကို အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာများကိုလည်း ကျွန်ုပ်တို့ ထုတ်ပြန်ပြီး ၎င်းတို့ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
ဒေသတွင်း တရားမဝင်သော အကြောင်းအရာ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ