ကြားခံပြင်ပအဖွဲ့၏ ဉာဏပစ္စည်းမူပိုင်ခွင့်အား ထိပါးချိုးဖောက်မှု

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
Meta သည် ဉာဏပစ္စည်းမူပိုင်ခွင့်ကို အလေးအနက်ထားပြီး လူမှုအသိုင်းအဝိုင်း၏ ယုံကြည်မှုဖြင့် တည်ဆောက်ထားသော နေရာတစ်ခုတွင် ထုတ်ဖော်ပြောဆိုမှု၊ တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို အားပေးမြှင့်တင်နေစဉ်တွင် တစ်ဖက်တွင်လည်း အဆိုပါ အခွင့်အရေးများကို ကာကွယ်ရန် ကတိပြုထားပါသည်။
ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် မူပိုင်ခွင့်ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြားတရားဝင်အခွင့်အရေးများအပါအဝင် အခြားသူတစ်ဦး၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ချိုးဖောက်သည့် အကြောင်းအရာကို ပို့စ်တင်ခြင်းအား တားမြစ်သည့် မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းပါသည်။ ကျွန်ုပ်တို့လက်ခံရရှိသော ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ တိုင်ကြားချက်များနှင့်ပတ်သက်သည့် အချက်အလက်များကို ကျွန်ုပ်တို့၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် ဖြန့်ချိထားပါသည်။
သင်၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ထိပါးချိုးဖောက်နိုင်သည်ဟု သင်ယူဆသည့် အကြောင်းအရာကို တိုင်ကြားရန် ကျွန်ုပ်တို့၏ ဉာဏပစ္စည်းမူပိုင်ခွင့် အကူအညီစင်တာသို့ ဝင်ရောက်ကြည့်ရှုပါ၊ ကျွန်ုပ်တို့၏ လုပ်ငန်းကာကွယ်ရေး စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် အမှတ်တံဆိပ်ရပိုင်ခွင့် ကာကွယ်ရေးကို အသုံးပြုခွင့် လျှောက်ထားရန် စဉ်းစားပါ။
မူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ခွင့်ပြုထားသော ကိုယ်စားလှယ်ထံမှ တိုင်ကြားမှုတစ်ခုကို လက်ခံရရှိသည့်အခါ အောက်ပါကိစ္စရပ်များ ပါဝင်ပတ်သက်သော အကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားပါမည် သို့မဟုတ် ကန့်သတ်ပါမည်-
  • မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်မှု။
  • ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ချိုးဖောက်မှု။
  • ကုန်ပစ္စည်းအတုများကို ရောင်းချခြင်း သို့မဟုတ် ကြော်ငြာခြင်း
  • အမှတ်တံဆိပ်(များ)နှင့် ဆက်နွှယ်မှုကို မမှန်မကန် ဖော်ပြမှု
  • ဉာဏပစ္စည်းမူပိုင်ခွင့် သို့မဟုတ် အခြားသော ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို အခြားမည်သည့်ပုံစံဖြင့်မဆို ထိပါးမှု သို့မဟုတ် ချိုးဖောက်မှုမှန်သမျှ
အောက်ပါတို့ကဲ့သို့သော အကြောင်းအရာများကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားပါသည်-
  • အကြောင်းအရာတွင် အမှတ်တံဆိပ်ပါရှိသည့် ကုန်ပစ္စည်းအတုများကို ရောင်းချနေကြောင်း သို့မဟုတ် ကြော်ငြာနေကြောင်း ညွှန်ပြသည့် လက္ခဏာများ ပါရှိသော အကြောင်းအရာ
  • အတုအပဟု သံသယဖြစ်ဖွယ် ကုန်ပစ္စည်းများကို ရောင်းချရန် သို့မဟုတ် ကြော်ငြာရန် ရည်ရွယ်ထားသော ဝက်ဘ်ဆိုက်များသို့ သွားရောက်နိုင်သည့် ပလက်ဖောင်းပြင်ပလင့်ခ်များပါရှိသော အကြောင်းအရာ
  • မူပိုင်ခွင့်ပိုင်ရှင်က အတုအပအဖြစ် ယခင်က တိုင်ကြားထားဖူးသော အကြောင်းအရာနှင့် တစ်ထပ်တည်းဖြစ်သည့် သို့မဟုတ် လွန်စွာဆင်တူသည့် အတုအပဟု သံသယဖြစ်ဖွယ် ကုန်ပစ္စည်းများကို ရောင်းချသော သို့မဟုတ် ကြော်ငြာသော အကြောင်းအရာ
  • သံသယဖြစ်ဖွယ် မူပိုင်ခွင့်ထိပါးချိုးဖောက်မှုကို မျှဝေသော၊ ကြော်ငြာသော သို့မဟုတ် လွယ်ကူချောမွေ့အောင် ပံ့ပိုးပေးသော အကြောင်းအရာ
ကျွန်ုပ်တို့ ဖယ်ရှားသည့် အကောင့်များမှာ-
  • ဤမူဝါဒကို ထပ်ခါထပ်ခါ ချိုးဖောက်ခြင်းတွင် ပါဝင်နေသော အကောင့်များ။
မူပိုင်ခွင့်ပိုင်ရှင်က ခွင့်ပြုထားပြီး ချမှတ်ထားသော သင့်တော်စွာအသုံးပြုမှု အခြေခံစည်းမျဉ်းများကို လိုက်နာသည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်ပြုပါသည်
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
ကြားခံပြင်ပအဖွဲ့၏ ဉာဏပစ္စည်းမူပိုင်ခွင့်အား ထိပါးချိုးဖောက်မှုနှင့်ပတ်သက်၍ အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ