မသမာသည့်လုပ်ရပ်

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
မသမာသည့်လုပ်ရပ် ဆိုသည်မှာ Meta ကိုဖြစ်စေ၊ ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကိုဖြစ်စေ လှည့်ဖြားရန် သို့မဟုတ် လူမှုစံနှုန်းများအရ စည်းကမ်းထိန်းသိမ်းမှုကို ရှောင်တိမ်းရန် ရည်ရွယ်ချက်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးတည်းက သို့မဟုတ် လူပုဂ္ဂိုလ်များက ထိန်းချုပ်သည့် အစစ်အမှန်မဟုတ်သော အွန်လိုင်းပိုင်ဆိုင်မှု ကွန်ရက်တစ်ခုက လုပ်ဆောင်သည့် ရှုပ်ထွေးသော လိမ်လည်လှည့်စားမှု ပုံစံအမျိုးမျိုးကို ရည်ညွှန်းသည်။
တမင်ရည်ရွယ်၍ အန္တရာယ်ပြုသော သုံးစွဲသူများက ခေတ်မီဆန်းပြားသော မသမာသည့်လုပ်ရပ်ပုံစံများတွင် ပါဝင်ရန် မဟုတ်မမှန်သော အထောက်အထားများကို အသုံးပြုပါက ၎င်းတို့သည် ပူးပေါင်းစီစဉ်သည့် မသမာသော အပြုအမူ (CIB) အဖြစ် ကျွန်ုပ်တို့သတ်မှတ်ထားသည့်အရာတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်။
ဤစည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်ချက်များနှင့် စံနှုန်းများသည် အကြောင်းအရာ သို့မဟုတ် သဘောတရား မခွဲခြားဘဲ သက်ရောက်ပြီး မိမိတို့ တုံ့ပြန်ဆက်သွယ်သည့် လူပုဂ္ဂိုလ်များနှင့် လူမှုအသိုင်းအဝိုင်းများအပေါ် လူများယုံကြည်စိတ်ချထားနိုင်သည့် ရပ်ဝန်းတစ်ခုကို ဖြစ်ပေါ်စေရန်အလို့ငှာ ယင်းအရာများကို ရေးဆွဲထားခြင်းဖြစ်သည်။
ဤကွန်ရက်များကို ဖော်ထုတ်တွေ့ရှိသည့်အခါ အကောင့်တုများအပြင် လုပ်ငန်းဆောင်ရွက်မှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည့် စာမျက်နှာများ၊ အဖွဲ့များ သို့မဟုတ် အခြား Meta အွန်လိုင်းပိုင်ဆိုင်မှုများကို ကျွန်ုပ်တို့ဖယ်ရှားသည်။ ဤလူများက ချိုးဖောက်သောအပြုအမူတွင် မပါဝင်သည့် အဖွဲ့အစည်းအစစ်ကို ကိုယ်စားပြုသော စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် လူမှုအသိုင်းအဝိုင်းများကို ဖန်တီးခြင်း၊ စီမံခြင်း၊ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်း၊ ပစ်မှတ်ထားခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းလည်း ပြုလုပ်သည့် အခြေအနေများတွင် ကျွန်ုပ်တို့သည် ချိုးဖောက်သောသူများကို ဖယ်ရှားရန် လုပ်ဆောင်နိုင်သော်လည်း ချိုးဖောက်မှုတွင်မပါသော လူများနှင့် လူမှုအသိုင်းအဝိုင်းများကို ကျွန်ုပ်တို့၏ဝန်ဆောင်မှုများတွင် ဆက်ရှိနေခွင့်ပြုသည်။
ဤနေရာတွင် တွေ့ရသည့် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းအပေါ် ခြိမ်းခြောက်မှုဆိုင်ရာ အစီရင်ခံစာ၌ CIB ကွန်ရက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရှာဖွေတွေ့ရှိချက်များကို တတ်နိုင်သမျှ မျှဝေထားပါသည်။ ဤအစီရင်ခံစာများတွင် မသမာသည့်လုပ်ရပ်ဆိုင်ရာ မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှုအလုံးစုံ ခြုံငုံပါဝင်မည်ဟု မဆိုလိုသော်လည်း ဤနယ်ပယ်မျိုးတွင် ကျွန်ုပ်တို့ရင်ဆိုင်ရသည့် ခြိမ်းခြောက်မှုများ၏ ပြောင်းလဲဖြစ်ပေါ်နေသော သဘောသဘာဝနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းမှ သိရှိနားလည်အောင် ကူညီပေးနိုင်ပါသည်။
ကျွန်ုပ်တို့သည် အောက်ပါတို့ကို ခွင့်မပြုပါ-
အောက်ပါတို့ကို လုပ်ဆောင်ရန် အစစ်အမှန်မဟုတ်သော Meta အွန်လိုင်းပိုင်ဆိုင်မှုများ (အကောင့်များ၊ စာမျက်နှာများ၊ အဖွဲ့များစသည်) ကို ဖန်တီးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ၎င်းတို့ကို စစ်မှန်သယောင် အခိုင်အမာဆို၍ အသုံးပြုခြင်း-
  • ၎င်းတို့ကိုယ်စားပြုသော ပရိသတ် သို့မဟုတ် အဖွဲ့အစည်း၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား သို့မဟုတ် မူရင်းဇာစ်မြစ်နှင့်ပတ်သက်၍ Meta သို့မဟုတ် ကျွန်ုပ်တို့၏အသုံးပြုသူများကို လိမ်လည်လှည့်ဖြားရန်
  • လူမှုစံနှုန်းများအရ စည်းကမ်းထိန်းသိမ်းမှုကို ရှောင်ရှားရန်။
  • အခြားသူများကို နှောင့်ယှက်ရန်၊ ခြိမ်းခြောက်ရန် သို့မဟုတ် နှုတ်ပိတ်ရန်အလို့ငှာ Meta ၏ တိုင်ကြားရေးစနစ်များကို အလွဲသုံးစားပြုရန်။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
ကျွန်ုပ်တို့သည် အောက်ပါတို့ကို ခွင့်မပြုပါ-
  • သက်ဆိုင်ရာ လုပ်ဆောင်ချက်နှင့် လုပ်ဆောင်သူများအတွက် မှားယွင်းသော အထောက်အထားများက အဓိကကျသည့် လွန်စွာဆန်းပြားရှုပ်ထွေးသော မသမာသည့်လုပ်ရပ်ပုံစံများအဖြစ် သတ်မှတ်ထားသော ပူးပေါင်းစီစဉ်သည့် မသမာသော အပြုအမူတွင် အဖွဲ့အစည်းများအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ကြောင်း အခိုင်အမာဆိုခြင်း၊ ရှာဖွေဖော်ထုတ်ခံရမှုကို ရှောင်တိမ်းရန် သို့မဟုတ် စစ်မှန်သည်ဟု ထင်ရစေရန် တမင်ရည်ရွယ်၍ ခြိမ်းခြောက်သောနည်းလမ်းများကို အသုံးပြုခြင်းနှင့်
  • ကွန်ရက်စီမံလုပ်ဆောင်သူများက ယင်းကိုပစ်မှတ်ထားလုပ်ဆောင်သည့် ပရိသတ်နှင့် တစ်နိုင်ငံတည်းတွင် မရှိဘဲ ပူးပေါင်းစီစဉ်သည့် မသမာသော အပြုအမူအဖြစ် သတ်မှတ်ထားသည့် နိုင်ငံရပ်ခြားမှ စွက်ဖက်မှုတွင် အဖွဲ့အစည်းများအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ကြောင်း အခိုင်အမာဆိုခြင်း
  • ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ် ၂(၄) ကို ချိုးဖောက်လျက် အခြားနိုင်ငံတစ်ခု၏ နယ်မြေစိုးမိုးရေးပျက်ပြားစေရန် တိုက်ခိုက်သည့် အခြေအနေတွင် ဥပဒေအတည်ပြုပြဋ္ဌာန်း၍ လူမှုကွန်ရက်ကို အချိန်ကြာမြင့်စွာ ပိတ်ပင်ထားသော အစိုးရများက အင်အားသုံးခြင်းကို ငြင်းဆန်ရန် သို့မဟုတ် အကြမ်းဖက်ဖြစ်ရပ်များကို ငြင်းဆန်ရန် ၎င်းတို့၏ တရားဝင်ဌာန၊ အေဂျင်စီနှင့် သံရုံးများကို အသုံးချခြင်း။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
မသမာသည့်လုပ်ရပ်ဆိုင်ရာ ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ