လူကုန်ကူးမှု

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
အန္တရာယ်ကို ဟန့်တားရန်နှင့် ကာကွယ်တားဆီးရန်အတွက် ကြိုးပမ်းမှုအနေဖြင့် ကျွန်ုပ်တို့သည် လူကုန်ကူးမှုအပါအဝင် လူသားချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို ဖြစ်မြောက်အောင် ပံ့ပိုးကူညီသော သို့မဟုတ် ညှိနှိုင်းဆောင်ရွက်သော အကြောင်းအရာများကို ဖယ်ရှားသည်။ လူကုန်ကူးမှုဆိုသည်မှာ အကျိုးအမြတ်အတွက် လူတစ်ဦးတစ်ယောက်၏ လွတ်လပ်မှုအား ဆုံးရှုံးစေသည့် စီးပွားရေးလုပ်ငန်းဖြစ်သည်ဟု ကျွန်ုပ်တို့ အဓိပ္ပာယ်သတ်မှတ်သည်။ ၎င်းသည် လူများကို အခကြေးငွေရယူ၍ လုပ်ကိုင်ရသော လိင်မှုကိစ္စ၊ အလုပ်ကြမ်း သို့မဟုတ် အခြားလုပ်ဆောင်ချက်များတွင် ၎င်းတို့၏သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပါဝင်ခိုင်းရန်အတွက် လူအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်မှု ဖြစ်သည်။ ၎င်းသည် လိမ်လည်လှည့်ဖျားခြင်း၊ အင်အားသုံးခြင်းနှင့် အကျပ်ကိုင်ခြင်းတို့ကို အားကိုးအားထားပြုပြီး အခြားသူများအတွက် စီးပွားရေးအရ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းအရ အကျိုးအမြတ်ရှိနေစဉ် ခေါင်းပုံဖြတ်ခံရသူများအား ၎င်းတို့၏လွတ်လပ်ခွင့်ကို ဆုံးရှုံးအောင်လုပ်ခြင်းဖြင့် သိက္ခာချအရှက်ခွဲသည်။
လူကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းတွင် ရှုထောင့်ပေါင်းစုံမှ ဖြစ်ပေါ်လျက်ရှိပြီး အသက်၊ လူမှုစီးပွားရေးနောက်ခံ၊ လူမျိုးစု၊ ကျား/မ သို့မဟုတ် တည်နေရာမခွဲခြားဘဲ မည်သူကိုမဆို ထိခိုက်စေနိုင်သည်။ ၎င်းသည် ပုံစံအမျိုးမျိုးရှိပြီး လူကုန်ကူးမှုဆိုင်ရာ အခြေအနေမှန်သမျှကို ထောက်ဆကြည့်ရှုသည့်အခါ ဖြစ်ပွားသည့်အဆင့်အမျိုးမျိုး ပါဝင်နေသည်ကို တွေ့ရနိုင်သည်။ ဤအနိုင်ကျင့်စော်ကားမှုမျိုးတွင် အတင်းအကျပ်လုပ်ခိုင်းသည့် သဘောသဘာဝမျိုးကို တွေ့ရသောကြောင့် နစ်နာသူဘက်က လိုက်လျောသဘောတူခြင်း မရှိတတ်ပါ။
ကျွန်ုပ်တို့သည် လူကုန်ကူးခြင်းနှင့် လူမှောင်ခိုသွင်းခြင်းကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းမပြုမိအောင် သတိထားရန် လိုအပ်သော်လည်း ၎င်းတို့သည် ဆက်စပ်မှုရှိနိုင်ပြီး တစ်စိတ်တစ်ပိုင်း တူနေသည်များ ရှိကောင်းရှိနိုင်သည်။ ကုလသမဂ္ဂသည် လူမှောင်ခိုသွင်းခြင်းကို နိုင်ငံတကာနယ်နိမိတ်များကို ဖြတ်ကျော်၍ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကို ရယူပေးခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းအဖြစ် သတ်မှတ်သည်။ ပိုမိုကောင်းမွန်သည့်ဘ၀ကို ရှာဖွေရန် ၎င်းတို့၏မူလတိုင်းပြည်မှ စွန့်ခွာရန်ကြိုးစားနေကြသည့် အားနည်းချက်ရှိသူများအတွက် အတင်းအဓမ္မစေခိုင်းခံရခြင်း သို့မဟုတ် အတင်းအကျပ် လုပ်ဆောင်ခိုင်းခြင်းများ မလိုအပ်ဘဲနှင့်ပင် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှာ ရှိနေနိုင်ဆဲဖြစ်သည်။ လူမှောင်ခိုသွင်းခြင်းသည် နေရာရွှေ့ပြောင်းမှုအပေါ် အမှီပြုပြီး နိုင်ငံတော်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး လူကုန်ကူးခြင်းဆိုသည်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုအပေါ် အမှီပြုသည့် လူတစ်ဦးတစ်ယောက်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်သည်။
လူကုန်ကူးခြင်း သို့မဟုတ် လူမှောင်ခိုသွင်းခြင်း ပြဿနာများအကြောင်း ဝေဖန်ရှုတ်ချသော၊ အသိပညာပေးသော သို့မဟုတ် သတင်းအစီရင်ခံသော အကြောင်းအရာအပြင် တစ်ကိုယ်ရေ အန္တရာယ်ကင်းရှင်းရေးနှင့် နယ်စပ်ဖြတ်ကျော်ခြင်း၊ ခိုလှုံခွင့်တောင်းဆိုခြင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံမှ ထွက်ခွာနည်းနှင့်ပတ်သက်သော အချက်အလက်များကို တောင်းခံသော သို့မဟုတ် မျှဝေသော အကြောင်းအရာများကိုလည်း ကျွန်ုပ်တို့ ခွင့်ပြုသည်။
အောက်ပါတို့ကို ပို့စ်မတင်ရပါ-
အောက်ဖော်ပြပါ လူကုန်ကူးခြင်းပုံစံများထဲမှ တစ်ခုခုအတွက် လူများကို စုဆောင်းသော၊ ယင်းကို ဖြစ်မြောက်အောင် ပံ့ပိုးကူညီသော သို့မဟုတ် ယင်းပုံစံဖြင့် လူများကို ခေါင်းပုံဖြတ်အမြတ်ထုတ်သော အကြောင်းအရာ၊ လှုပ်ရှားဆောင်ရွက်မှု သို့မဟုတ် ထိတွေ့တုံ့ပြန်မှုများ-
  • လိင်မှုကိစ္စအတွက် လူကုန်ကူးခြင်း (အရွယ်မရောက်သေးသူအား အခကြေးငွေယူ၍ လိင်မှုကိစ္စ လုပ်ကိုင်ဆောင်ရွက်စေမှု သို့မဟုတ် အရွယ်ရောက်ပြီးသူအား အင်အားသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်း ပါဝင်နေသည့် အခကြေးငွေယူ၍ လိင်မှုကိစ္စ လုပ်ကိုင်ဆောင်ရွက်စေမှု)
  • ကလေးငယ်များကို ရောင်းစားခြင်း သို့မဟုတ် တရားမဝင် မွေးစားခြင်း
  • မိဘမဲ့ဂေဟာ လူကုန်ကူးခြင်းနှင့် မိဘမဲ့ဂေဟာ စေတနာ့ဝန်ထမ်း ခရီးသွားလုပ်ငန်း
  • အတင်းအကျပ် လက်ထပ်ထိမ်းမြားစေခြင်းများ (ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုများ အပါအဝင်)
  • လုပ်အားခေါင်းပုံဖြတ်ခြင်း (ကြွေးဆပ်ရန်အလုပ်လုပ်ခိုင်းခြင်း အပါအဝင်)
  • အိမ်အကူအား ခေါင်းပုံဖြတ်ကျွန်ပြုခြင်း
  • ကိုယ်အင်္ဂါအစိတ်အပိုင်း ဖယ်ရှားခြင်း၊ လှူဒါန်းခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်းမဟုတ်သော ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှု အခြေအနေတစ်ခုရှိ အစားထိုးကုသခြင်းတို့ မပါဝင်သော အသစ်ပြန်လည်မဖြစ်ပေါ်နိုင်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းအား ကုန်ကူးခြင်း
  • အတင်းအကျပ်လုပ်ဆောင်ခိုင်းသည့် ရာဇဝတ်မှု (ဥပမာ- အတင်းအကျပ် တောင်းရမ်းစေခြင်း၊ အတင်းအကျပ် မူးယစ်ဆေးကုန်ကူးစေခြင်း)
  • ကလေးစစ်သားများ စုဆောင်းခြင်း
ကြားခံပြင်ပအဖွဲ့အစည်းတစ်ခုက အခကြေးငွေယူ၍ လိင်မှုကိစ္စ လုပ်ကိုင်ဆောင်ရွက်မှုအတွက် လူစုဆောင်းသည့်၊ ယင်းကို ဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးသည့် သို့မဟုတ် (ငွေရေးကြေးရေးအရဖြစ်စေ၊ အခြားတစ်နည်းဖြင့်ဖြစ်စေ) ၎င်းမှ အကျိုးအမြတ်ရသည့် အကြောင်းအရာ
လူမှောင်ခိုသွင်းခြင်းကို စီစဉ်ပေးရန် သို့မဟုတ် ဖြစ်မြောက်အောင် ကူညီပေးရန် ကမ်းလှမ်းသည့် အကြောင်းအရာ
လူမှောင်ခိုသွင်းခြင်း ဝန်ဆောင်မှုများကို တောင်းဆိုသည့် အကြောင်းအရာ
ဝေဖန်ရှုတ်ချခြင်း၊ အသိပညာပေးခြင်း၊ လူအများသတိပြုမိအောင် တင်ပြခြင်း သို့မဟုတ် သတင်းအစီရင်ခံခြင်း အခြေအနေများတွင် ပို့စ်တင်ထားသည့်အခါ ဤမူဝါဒအရ တစ်နည်းနည်းဖြင့် အကျုံးဝင်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်ပြုပေးပါသည်။
ကျွန်ုပ်တို့၏ လူကုန်ကူးမှုဆိုင်ရာ မူဝါဒများအရ ကျွန်ုပ်တို့၏စိစစ်သုံးသပ်သူများနှင့် အလိုအလျောက် လုပ်ဆောင်သော စနစ်များသည် ချိုးဖောက်မှုရှိသည့် အကောင့်များကို ကူညီရှာဖွေဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ရန် အပြုအမူဆိုင်ရာ အချက်ပြအမျိုးမျိုးကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။
  • ချိုးဖောက်မှုရှိသည့် အခြားအကောင့်များနှင့် ၎င်းတို့၏တုံ့ပြန်ဆက်သွယ်မှုများ၊ စည်းကမ်းချိုးဖောက်သည့် အကြောင်းအရာများကို ၎င်းတို့၏ရှာဖွေမှုများ သို့မဟုတ် ထိုအကြောင်းအရာများကို ၎င်းတို့၏ထိတွေ့တုံ့ပြန်မှုများ သို့မဟုတ် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည့်အတွက် ကျွန်ုပ်တို့ဖယ်ရှားထားသော အသိုင်းအဝိုင်းများ (ဥပမာ- အဖွဲ့များ) တွင် ၎င်းတို့၏အဖွဲ့ဝင်မှုအပေါ်အခြေခံ၍ အကောင့်များကို ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည်။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
ဥပဒေစိုးမိုးရေးအဖွဲ့၊ အစိုးရမဟုတ်သော ဒေသတွင်း အဖွဲ့အစည်းများ သို့မဟုတ် အခြားယုံကြည်ရသောပါတနာများက အတည်ပြုထားသောအခါ လုပ်အားခေါင်းပုံဖြတ်ခံရနိုင်ခြေများသော နေရာများတွင် အလုပ်အကိုင် ကမ်းလှမ်းသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ဖယ်ရှားနိုင်သည်
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
လူကုန်ကူးမှု ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ