မူဝါဒများ

လူမှုစံနှုန်းများ

ကျွန်ုပ်တို့၏ အက်ပ်များတွင် ခွင့်ပြုထားသည့်အရာနှင့် ခွင့်ပြုမထားသည့်အရာကို ဖော်ပြသော မူဝါဒများ။

Meta ကြော်ငြာစံနှုန်းများ

ကြော်ငြာအကြောင်းအရာနှင့် လုပ်ငန်းအွန်လိုင်းပိုင်ဆိုင်မှုအတွက် မူဝါဒများ။

အခြား မူဝါဒများ

Meta နည်းပညာဖန်တီးမှုများအပေါ် သက်ရောက်မှုရှိသည့် အခြားမူဝါဒများ။

Meta တိုးတက်လာပုံ

ကျွန်ုပ်တို့၏ မူဝါဒများကို အပ်ဒိတ်လုပ်ပုံ၊ ရလဒ်များကို အကဲဖြတ်တိုင်းတာပုံ၊ အခြားသူများနှင့်လက်တွဲလုပ်ဆောင်ပုံအပြင် နောက်ထပ်အရာများ။

အသက်အရွယ်အလိုက် သင့်လျော်မှုရှိသော အကြောင်းအရာများ

Facebook နှင့် Instagram တွင် အန္တရာယ်ကင်းပြီး အပြုသဘောဆောင်သော သက်ဝင်ခံစားမှုများကို ဆယ်ကျော်သက်များ ရရှိစေရေးအတွက် ကျွန်ုပ်တို့ ကူညီပေးပုံကို လေ့လာပါ။

လုပ်ဆောင်ချက်များ

အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ

အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ။

ဘိန်းပါသောဆေးဝါးများ အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုနှင့် ဆေးရုံတက်ရောက်ကုသမှု များပြားလာသည့် ပြဿနာကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ

ဘိန်းပါသောဆေးဝါးများ အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုနှင့် ဆေးရုံတက်ရောက်ကုသမှု များပြားလာသည့် ပြဿနာကို ကြုံတွေ့နေရသော အသိုင်းအဝိုင်းများအား ပံ့ပိုးကူညီခြင်း။

ရွေးကောက်ပွဲများနှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ

ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးရန်၊ လူအများအား ဆန္ဒမဲပေးခွင့်နှင့် ပိုမိုလုပ်ဆောင်ခွင့်ပေးရန် ကျွန်ုပ်တို့က ကူညီပေးပုံ။

သတင်းအချက်အလက်အမှားများကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ

ကျွန်ုပ်တို့က သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးသူများအပြင် အခြားသူများနှင့် လက်တွဲပြီး သတင်းအချက်အလက်အမှားများကို ဖော်ထုတ်၍ အရေးယူဆောင်ရွက်ပုံ။

သတင်းဖြစ်လောက်သော အကြောင်းအရာနှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ

အကြောင်းအရာကို သတင်းဖြစ်လောက်မှုရှိ၊ မရှိ ကျွန်ုပ်တို့အကဲဖြတ်ပုံ။

Facebook အလင်းစဉ် အဆင့်သတ်မှတ်စနစ်ကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ

ကျွန်ုပ်တို့က အလင်းစဉ်တွင် ပြဿနာရှိသော အကြောင်းအရာကို လျှော့ချပုံ။

အဆင့်သတ်မှတ်စနစ်အကြောင်း ရှင်းပြရန် ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ

AI စနစ်များကို ကျွန်ုပ်တို့ တည်ဆောက်ပုံ။

အစီရင်ခံစာများ

လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာ

Facebook အက်ပ်နှင့် Instagram တွင် ကျွန်ုပ်တို့၏ မူဝါဒများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာ၌ ကျွန်ုပ်တို့ မည်မျှကောင်းစွာ လုပ်ဆောင်နေပုံအကြောင်း သုံးလတစ်ကြိမ် အစီရင်ခံစာ။

ဉာဏပစ္စည်းမူပိုင်ခွင့်

ကျွန်ုပ်တို့က လူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်ရန် မည်မျှကောင်းစွာ ကူညီပေးနေပုံအကြောင်း အစီရင်ခံစာ။

အသုံးပြုသူအချက်အလက်များကို အစိုးရ၏ တောင်းဆိုမှုများ

လူများ၏အချက်အလက်များကို အစိုးရ၏ တောင်းဆိုမှုအကြောင်း အစီရင်ခံစာ။

ဒေသဆိုင်ရာ ဥပဒေအပေါ် အခြေခံထားသော အကြောင်းအရာ ကန့်သတ်ချက်များ

ဒေသဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း ကျွန်ုပ်တို့ထံ တိုင်ကြားထားသော အကြောင်းအရာကို ကျွန်ုပ်တို့က ကန့်သတ်သည့်အချိန်နှင့်ပတ်သက်သော အစီရင်ခံစာ။

အင်တာနက် ပြတ်တောက်မှုများ

လူများ၏ အင်တာနက် အသုံးပြုနိုင်ခွင့်ကို ကန့်သတ်ထားသည့် တမင်ရည်ရွယ်ထားသော အင်တာနက် ကန့်သတ်ချက်များအကြောင်း အစီရင်ခံစာ။

လူကြည့်များသော အကြောင်းအရာဆိုင်ရာ အစီရင်ခံစာ

သုံးလပတ်အတွင်း လူကြည့်အများဆုံး အကြောင်းအရာ အပါအဝင် Facebook ပေါ်တွင် လူများကြည့်ရှုထားသည့်အရာများအကြောင်း သုံးလတစ်ကြိမ် အစီရင်ခံစာ။

စည်းမျဉ်းစည်းကမ်းဆိုင်ရာနှင့် အခြားသော ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာများ

Facebook နှင့် Instagram အတွက် လက်ရှိနှင့် ယခင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အစီရင်ခံစာများကို ဒေါင်းလုဒ်လုပ်ပါ။

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်

မှတ်တမ်းပြောင်းရန်

မှတ်တမ်းပြောင်းရန်

ယနေ့

လက်ရှိဗားရှင်း

၂၀၂၅၊ ဇန် ၇
၂၀၂၄၊ ဖေ ၂၉
၂၀၂၃၊ ဒီဇင်ဘာ ၅
၂၀၂၃၊ မေ ၂၅
၂၀၂၂၊ နို ၂၃
၂၀၂၂၊ ဇူ ၂၈
၂၀၂၂၊ ဇွန် ၃၀
၂၀၂၁၊ နို ၂၄
၂၀၂၁၊ အောက် ၂၈
၂၀၂၁၊ ဇွန် ၂၃
၂၀၂၁၊ ဇန် ၂၈
၂၀၂၀၊ နို ၁၈
၂၀၂၀၊ အောက် ၁၂
၂၀၂၀၊ စက် ၂၃
၂၀၂၀၊ ဩ ၁၁
၂၀၂၀၊ ဇူ ၃၀
၂၀၂၀၊ ဇွန် ၂၂
၂၀၂၀၊ မတ် ၂၆
၂၀၂၀၊ ဖေ ၂၇
၂၀၁၉၊ ဒီဇင်ဘာ ၁၆
၂၀၁၉၊ အောက် ၃၀
၂၀၁၉၊ ဩ ၂၆
၂၀၁၉၊ ဇူ ၃၀
၂၀၁၉၊ ဇူ ၁
၂၀၁၉၊ မတ် ၂၀
၂၀၁၈၊ ဩ ၃၁
၂၀၁၈၊ မေ ၂၅
အဟောင်းများကို ပြရန်အနည်းငယ်သာပြရန်
မူဝါဒဆိုင်ရာ သဘောတရား

လူများက မိမိတို့ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်အပေါ် အခြေခံ၍ တိုက်ခိုက်ခံရခြင်းမရှိဟု ခံစားမိသောအခါတွင် ၎င်းတို့၏သဘောထားကို အသုံးပြု၍ ပိုမိုလွတ်လပ်စွာ ဆက်သွယ်ကြသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် Facebook၊ Instagram သို့မဟုတ် Threads ပေါ်တွင် အမုန်းပွားစေသော လုပ်ရပ်ကို ကျွန်ုပ်တို့ခွင့်မပြုရခြင်း ဖြစ်သည်။

အမုန်းပွားစေသော လုပ်ရပ်ဆိုသည်မှာ — အယူအဆများ သို့မဟုတ် ထုံးတမ်းဓလေ့များအပေါ် မဟုတ်ဘဲ — လူများအပေါ် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့်အချက်များ (PC များ) ဟု ကျွန်ုပ်တို့ခေါ်သည့် လူမျိုး၊ မျိုးနွယ်စု၊ နိုင်ငံဇာတိ၊ မသန်စွမ်းမှု၊ ဘာသာရေးဆိုင်ရာဆက်နွှယ်မှု၊ အမျိုးဇာတ်၊ လိင်စိတ်တိမ်းညွတ်မှု၊ လိင်၊ လိင်စိတ်ခံယူချက်နှင့် ပြင်းထန်သောရောဂါများကို အခြေခံ၍ တိုက်ရိုက်တိုက်ခိုက်မှုများအဖြစ် ကျွန်ုပ်တို့သတ်မှတ်ပါသည်။ ထို့အပြင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အခြားအချက်များနှင့်တွဲ၍ ရည်ညွှန်းပြောဆိုသောအခါတွင် အသက်အရွယ်ကိုလည်း နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ချက်အဖြစ် ကျွန်ုပ်တို့ မှတ်ယူပါသည်။ လူဝင်မှုကြီးကြပ်ရေး မူဝါဒများအပေါ် မှတ်ချက်ပေးမှုနှင့် ဝေဖန်မှုကို ကျွန်ုပ်တို့ခွင့်ပြုထားသော်လည်း ဒုက္ခသည်များ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ နိုင်ငံရပ်ခြားမှလာပြီး အခြားနိုင်ငံတွင် ဝင်ရောက်အခြေစိုက်နေထိုင်သူများနှင့် ခိုလှုံခွင့်တောင်းခံသူများအား အဆိုးရွားဆုံး တိုက်ခိုက်မှုများ (အောက်ဖော်ပြပါ ပြင်းထန်မှုအဆင့် ၁) မှလည်း ကျွန်ုပ်တို့ ကာကွယ်ပေးထားပါသည်။ အလားတူပင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ချက်နှင့်တွဲ၍ ရည်ညွှန်းပြောဆိုသောအခါတွင် အလုပ်အကိုင်ကဲ့သို့သော နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်မထားသော အချက်များအတွက် ကာကွယ်မှုအချို့ကို ပေးထားပါသည်။ တစ်ခါတစ်ရံတွင် ဒေသအလိုက် မသိမသာကွဲပြားချက်အပေါ် မူတည်၍ အချို့သော စကားလုံးများ သို့မဟုတ် စကားစုများကို နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့်အချက်များအတွက် အသုံးများသော ကြားခံစကားလုံးများအဖြစ် ကျွန်ုပ်တို့ ယူဆပါသည်။

လူသားအဖြစ်မှ နှိမ့်ချသည့် စကား၊ ကြီးလေးသော ဒုစရိုက်မှု သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်များနှင့် စွပ်စွဲပြောဆိုချက်များကို ကျွန်ုပ်တို့ ဖယ်ရှားသည်။ သီးခြားလူအုပ်စုများကို တိုက်ခိုက်ရန်၊ ခြိမ်းခြောက်ရန် သို့မဟုတ် ဖယ်ကြဉ်ထားရန် သမိုင်းကြောင်းအရ အသုံးပြုခဲ့ပြီး အများအားဖြင့် ပြင်ပကမ္ဘာတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်နေသည့် လူသားအဖြစ်မှ နှိမ့်ချသည့် နှိုင်းယှဉ်ချက်များအဖြစ် ကျွန်ုပ်တို့သတ်မှတ်ထားသည့် ထိခိုက်စေသော ပုံသေကားကျ ထင်မြင်ယူဆချက်များကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားပါသည်။ နောက်ဆုံးအနေဖြင့် ဆိုးဆိုးရွားရွား စော်ကားမှုများ၊ အထင်သေးကြောင်း သို့မဟုတ် စက်ဆုပ်ရွံရှာကြောင်း ဖော်ပြချက်များ၊ ဆဲရေးတိုင်းထွာခြင်းနှင့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ လူများကို ပစ်မှတ်ထားသည့်အခါ ဖယ်ကြဉ်ရန် သို့မဟုတ် ခွဲခြားဆက်ဆံရန် နှိုးဆော်ခြင်းများကို ကျွန်ုပ်တို့ ဖယ်ရှားသည်။ ကျွန်ုပ်တို့သည် ဤစကားကို ပြင်းထန်မှုအဆင့် နှစ်ဆင့်ခွဲထားပြီး အောက်တွင် ဖော်ပြထားသည်။

တစ်ခါတစ်ရံတွင် စွပ်စွဲပြောဆိုချက်များ သို့မဟုတ် အခြားတစ်စုံတစ်ယောက်၏ စကားများကို ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ၎င်းနှင့်ပတ်သက်၍ အစီရင်ခံတင်ပြရန်အတွက် ယင်းပြောဆိုချက်များပါဝင်သော အကြောင်းအရာကို လူများက မျှဝေကြောင်း ကျွန်ုပ်တို့ သိရှိနားလည်ပါသည်။ အခြားသောကိစ္စများတွင် ကျွန်ုပ်တို့၏ စံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်နိုင်သော စွပ်စွဲပြောဆိုချက်များအပါအဝင် ပြောဆိုသည့်စကားကို မိမိကိုယ်ကို ရည်ညွှန်းခြင်းဖြင့်ဖြစ်စေ၊ ယုံကြည်မှုရှိအောင် စိတ်ခွန်အားပေးသည့် နည်းလမ်းဖြင့်ဖြစ်စေ အသုံးပြုကြသည်။ ပြောသူ၏ ရည်ရွယ်ချက် ရှင်းလင်းလျှင် ဤစကားအမျိုးအစားကို ကျွန်ုပ်တို့ ခွင့်ပြုသည်။ ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်း မရှိလျှင် ကျွန်ုပ်တို့က အကြောင်းအရာကို ဖယ်ရှားနိုင်ပါသည်။

လူများသည် တစ်ခါတစ်ရံတွင် သန့်စင်ခန်းများ၊ သီးခြားကျောင်းများ၊ သီးခြားစစ်ရေး၊ ဥပဒေစိုးမိုးရေး သို့မဟုတ် သင်ကြားရေး အခန်းကဏ္ဍများနှင့် ကျန်းမာရေး သို့မဟုတ် ပံ့ပိုးရေးအဖွဲ့များသို့ ဝင်ရောက်ခွင့်ကဲ့သို့ လိင် သို့မဟုတ် ကျား/မအလိုက် ကန့်သတ်ထားလေ့ရှိသည့် နေရာများသို့ ဝင်ရောက်ခွင့်အကြောင်း ဆွေးနွေးသည့်အခါ လိင် သို့မဟုတ် ကျား/မတစ်မျိုးမျိုးကို ဖယ်ကြဉ်ထားသော စကားအသုံးအနှုန်းများကို အသုံးပြုကြသည်။ အခြားအချိန်များတွင် ၎င်းတို့သည် လိင်ပြောင်းထားသူ ရပိုင်ခွင့်များ၊ ရွှေ့ပြောင်းနေထိုင်မှု သို့မဟုတ် လိင်တူစုံမက်ခြင်း အကြောင်းအရာများကို ဆွေးနွေးသည့်အခါကဲ့သို့ နိုင်ငံရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသည့်အခြေအနေတွင် ဖယ်ကြဉ်ရန် နှိုးဆော်ကြသည် သို့မဟုတ် စော်ကားသော စကားအသုံးအနှုန်းများကို အသုံးပြုကြသည်။ နောက်ဆုံးအနေဖြင့် တစ်ခါတစ်ရံတွင် လူတို့သည် ချစ်သူရည်းစား လမ်းခွဲကြသည့် အခြေအနေတွင် ကျား/မ လူပုဂ္ဂိုလ်တစ်ဦးအား ဆဲရေးတိုင်းထွာကြသည်။ ကျွန်ုပ်တို့၏မူဝါဒများသည် ဤစကားမျိုးကို နေရာပေးရန် ရည်ရွယ်ထားပါသည်။

အောက်ပါတို့ကို ပို့စ်မတင်ရပါ-

အဆင့် ၁

(အကြမ်းဖက်ပြစ်မှုများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ထားခြင်း သို့မဟုတ် အဖွဲ့တစ်ဖွဲ့၏ ထက်ဝက်အောက်နည်းသောပမာဏကို ကိုယ်စားပြုခြင်းအဖြစ် ဖော်ပြသည့် အဖွဲ့များမှလွဲ၍) လူတစ်ဦး သို့မဟုတ် လူတစ်စုအား အောက်ပါတို့နှင့်တွဲပြီး အထက်တွင်ဖော်ပြထားသည့် ၎င်းတို့၏နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်(များ) သို့မဟုတ် ရွှေ့ပြောင်းနေထိုင်မှု အခြေအနေပေါ် အခြေခံ၍ စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ ပစ်မှတ်ထားသော အကြောင်းအရာ-

  • အောက်ပါတို့အပါအဝင် တိရစ္ဆာန်များ၊ ရောဂါပိုးမွှားများ သို့မဟုတ် လူသားထက်နိမ့်ကျသော အခြားသက်ရှိပုံစံများနှင့် နှိုင်းယှဉ်ခြင်း သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ ခြုံငုံကောက်ချက်ချခြင်းဖြင့် လူသားအဖြစ်မှ နှိမ့်ချသည့် စကား-
  • အင်းဆက်ပိုးမွှားများ (ပိုးဟပ်များ၊ ကျိုင်းကောင်များ အကန့်အသတ်မရှိ ပါဝင်သည်)
  • နိမ့်ကျသည်ဟု ယဉ်ကျေးမှုအရ ယူဆထားသော ယေဘုယျ တိရစ္ဆာန်များ သို့မဟုတ် တိကျသော တိရစ္ဆာန်အမျိုးအစားများ (ယင်းတွင် အကန့်အသတ်မရှိ ပါဝင်သည်များမှာ- လူမည်းများနှင့် မျောက်ဝံများ သို့မဟုတ် မျောက်ဝံနှင့်တူသော သက်ရှိသတ္တဝါများ၊ ဂျူးလူမျိုးများနှင့် ကြွက်များ၊ မူဆလင်ဘာသာဝင်များနှင့် ဝက်များ၊ မက္ကဆီကို လူမျိုးများနှင့် တီကောင်များ)
  • ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ သို့မဟုတ် အဏုဇီဝပိုးမွှားများ
  • လူ့ယဉ်ကျေးမှုအဆင့်မမီကြောင်း ညွှန်းဆိုသော အခြေအနေ (လူရိုင်းများ၊ နတ်ဆိုးများ၊ ဘီလူးများ အကန့်အသတ်မရှိ ပါဝင်သည်)
  • အောက်ပါတို့ကဲ့သို့ ကြီးလေးသော ဒုစရိုက်မှုနှင့် ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်များ-
  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားသူများနှင့် ကလေးများကို လိင်စိတ်စွဲလမ်းသူများ (ယင်းတွင်- မွတ်စလင်ဘာသာဝင်များက ဆိတ်များ သို့မဟုတ် ဝက်များနှင့် လိင်ဆက်ဆံသည်ဟူသော ပြောဆိုချက်များ အကန့်အသတ်မရှိ ပါဝင်သည်)
  • ဆိုးရွားသော ပြစ်မှုကျူးလွန်သူများ (အကြမ်းဖက်သမားများ၊ လူသတ်သမားများ၊ အကန့်အသတ်မရှိ ပါဝင်သည်)
  • အောက်ပါအန္တရာယ်များအတွက် နှိုးဆော်မှုများနှင့် မျှော်လင့်ချက်များ (ပြင်းထန်သော သို့မဟုတ် တိတိကျကျ ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်ရန် နှိုးဆော်မှုများကို ကျွန်ုပ်တို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ ကိုင်တွယ်ဖြေရှင်းသည်)-
  • ရောဂါကူးစက်စေခြင်း
  • သဘာဝဘေးအန္တရာယ်တစ်ခု တွေ့ကြုံစေခြင်း
  • မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် သေကြောင်းကြံစည်မှု
  • လက်သည်မပေါ်ဘဲဖြစ်စေ၊ နည်းလမ်းမပေါ်ဘဲဖြစ်စေ သေဆုံးမှု
  • လက်သည်မပေါ်ဘဲဖြစ်စေ၊ နတ်ကိုင်၍ဖြစ်စေ ဖြစ်ပေါ်သော မတော်တဆမှုများနှင့် အခြားကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုများ
  • မျက်နှာအမည်းရောင်ခြယ်ခြင်းကဲ့သို့ ခြိမ်းခြောက်မှု သို့မဟုတ် အကြမ်းဖက်မှုနှင့် သမိုင်းကြောင်းအရ ဆက်နွှယ်နေသည့် အန္တရာယ်ရှိသော ပုံသေကားကျပုံစံများ၊ ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း အမှန်တကယ်မဖြစ်ခဲ့ကြောင်း ငြင်းဆိုမှု၊ ဂျူးလူမျိုးများက ငွေရေးကြေးရေး၊ နိုင်ငံရေး သို့မဟုတ် မီဒီယာအဖွဲ့အစည်းများကို ထိန်းချုပ်နေကြောင်း ပြောဆိုချက်များ၊ ဒါလစ်လူတန်းစားအစုကို အစေခံအလုပ်သမားများအဖြစ် ရည်ညွှန်းပြောဆိုချက်များနှင့် လူမည်းများကို လယ်ယာသုံးပစ္စည်းများနှင့် ခိုင်းနှိုင်းခြင်း။
  • ဓာတ်ပုံတွင် လူအစစ်ပုံမပါရှိသော်လည်း အမုန်းတရားအခြေပြု ရာဇဝတ်မှုများ၏ အယူအဆများ၊ အစီအစဉ်များ သို့မဟုတ် ထိခိုက်နစ်နာသူများကို လှောင်ပြောင်သရော်ခြင်း။
  • ရောဂါတစ်ခု ရှိနေခြင်း သို့မဟုတ် ခံစားနေရခြင်းကြောင့် လူများကို ပျက်ရယ်ပြုခြင်း။
  • လူများအား စွပ်စွဲပြောဆိုချက်များဖြင့် ဖော်ညွှန်းသော သို့မဟုတ် အပျက်သဘောဖြင့် ပစ်မှတ်ထားသော အကြောင်းအရာ။ စွပ်စွဲပြောဆိုချက်များသည် များသောအားဖြင့် သမိုင်းကြောင်းဆိုင်ရာ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတို့နှင့် ဆက်စပ်နေသောကြောင့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်ပေါ်အခြေခံ၍ လူများအား ဖယ်ကြဉ်ပြီး ခြိမ်းခြောက်သည့် အငွေ့အသက်မျိုးကို ပင်ကိုအားဖြင့် ဖြစ်ပေါ်စေသော စကားလုံးများအဖြစ် ၎င်းတို့ကို အဓိပ္ပာယ်သတ်မှတ်ထားသည်။

အဆင့် ၂

လူတစ်ဦး သို့မဟုတ် လူတစ်စုအား အောက်ပါတို့နှင့်တွဲပြီး ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်(များ)ပေါ် အခြေခံ၍ (စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ) ပစ်မှတ်ထားသော အကြောင်းအရာ-

  • အောက်ပါကဲ့သို့ သတ်မှတ်ထားသော ဖယ်ကြဥ်ရန်/ခွဲခြားရန် တိုက်တွန်းနှိုးဆော်မှုများ သို့မဟုတ် ပံ့ပိုးကူညီမှု (သို့) ဖယ်ကြဉ်ရန်/ခွဲခြားရန် ရည်ရွယ်ချက်ကို ဖော်ပြမှုများ-
  • ယေဘုယျအားဖြင့် ဖယ်ကြဥ်မှုဆိုသည်မှာ “X ကို ခွင့်မပြုပါ” ကဲ့သို့သော ယေဘုယျအားဖြင့် ဖယ်ကြဥ်ရန် သို့မဟုတ် ခွဲခြားရန် တိုက်တွန်းနှိုးဆော်မှုကို ဆိုလိုသည်။
  • နိုင်ငံရေးအရ ဖယ်ကြဥ်မှုဆိုသည်မှာ နိုင်ငံရေးတွင် ပါဝင်ခွင့်ပေးရန် ငြင်းဆိုခြင်း သို့မဟုတ် ထောင်သွင်းအကျဉ်းချမှုကိုဖြစ်စေ၊ နိုင်ငံရေးအခွင့်အရေးများ ငြင်းဆိုမှုကိုဖြစ်စေ ထောက်ခံခြင်းဖြစ်သည်။
  • စီးပွားရေးအရ ဖယ်ကြဉ်မှုဆိုသည်မှာ စီးပွားရေးခံစားခွင့်များ ရယူခွင့် မပေးခြင်းနှင့် လုပ်သားဈေးကွက်အတွင်း ပါဝင်ခြင်းမပြုနိုင်ရန် ကန့်သတ်ခြင်းဖြစ်သည်။ စစ်ရေး၊ ဥပဒေစိုးမိုးရေးနှင့် သင်ကြားရေးဆိုင်ရာ အလုပ်အကိုင်များ၏ ကျား/မအခြေခံ ကန့်သတ်ချက်များအတွက် ထောက်ခံပြောဆိုသည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်ပြုပါသည်။ အကြောင်းအရာသည် ဘာသာရေး ယုံကြည်ချက်များကို အခြေခံသည့်အခါ လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံသည့် အလားတူအကြောင်းအရာကိုလည်း ကျွန်ုပ်တို့က ခွင့်ပြုပါသည်။
  • လူမှုရေးအရ ဖယ်ကြဥ်မှုဆိုသည်မှာ သန့်စင်ခန်းများ၊ အားကစားနှင့် အားကစားအဖွဲ့များ၊ ကျန်းမာရေးနှင့် ပံ့ပိုးကူညီမှုအဖွဲ့များ၊ သီးခြားကျောင်းများကဲ့သို့သော လိင် သို့မဟုတ် ကျား/မအလိုက် ကန့်သတ်ထားလေ့ရှိသော နေရာများမှ လိင် သို့မဟုတ် ကျား/မအခြေခံ ချန်လှပ်ခြင်းမှလွဲ၍ (ပြင်ပနှင့် အွန်လိုင်းမှ) နေရာများသို့ ဝင်ရောက်ခွင့်နှင့် လူမှုဝန်ဆောင်မှုများရယူခွင့်ကို ငြင်းပယ်ခြင်းကဲ့သို့သော အရာများဖြစ်သည်။
  • အောက်ပါတို့နှင့်ပတ်သက်၍ စော်ကားမှုများ အပါအဝင် ရိုင်းပျသောစော်ကားမှုများ-
  • သူရဲဘောကြောင်မှု၊ မရိုးသားမှု၊ အခြေခံရာဇ၀တ်မှု၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံမှု သို့မဟုတ် အခြားလိင်ပိုင်းဆိုင်ရာ အကျင့်ပျက်မှု စွပ်စွဲချက်များ အကန့်အသတ်မရှိဘဲ အပါအဝင် စရိုက်လက္ခဏာ။
  • မိုက်မဲမှု၊ ဉာဏစွမ်းရည်နှင့် စိတ်ရောဂါဆိုင်ရာ စွပ်စွဲချက်များနှင့် မွေးရာပါ ဉာဏစွမ်းရည်အပေါ် အခြေခံ၍ PC အဖွဲ့တစ်ခုနှင့်တစ်ခုကို အခြေအမြစ်မရှိဘဲ နှိုင်းယှဉ်မှုများ အကန့်အသတ်မရှိ အပါအဝင် စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာများ လိင်ပြောင်းမှုနှင့် လိင်တူဆက်ဆံမှုဆိုင်ရာ နိုင်ငံရေးနှင့် ဘာသာရေး ဟောပြောချက်များနှင့် "ထူးဆန်းသည်" ကဲ့သို့သော အသုံးများပြီး လေးနက်မှုမရှိသော အသုံးအနှုန်းများနှင့် ပတ်သက်လျှင် ကျား/မ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှုအပေါ် အခြေခံသည့်အခါ စိတ်ရောဂါ သို့မဟုတ် မူမမှန်မှုဟု စွပ်စွဲမှုများကို ကျွန်ုပ်တို့ ခွင့်ပြုပါသည်။
  • တန်ဖိုးမရှိမှု၊ အသုံးမကျမှု၊ အကျည်းတန်မှု၊ ညစ်ပတ်မှု စွပ်စွဲချက်များ အကန့်အသတ်မရှိ အပါအဝင် အခြားသောနယ်ပယ်များ။
  • “ပျို့အန်ချင်စရာ” ဟူသော စကားများသာမက အခြားအလားသဏ္ဌာန်တူ စကားရပ်များအပါအဝင် ရည်ညွှန်းဖော်ပြခံရသူက စိတ်ပျက်စရာကောင်းသည်ဟု ညွှန်းဆိုသော ဖော်ပြချက်များ။
  • ချစ်သူရည်းစား လမ်းခွဲသည့်အခြေအနေတွင် ကျား/မအခြေခံ ဆဲရေးတိုင်းထွာသည့် စကားအချို့မှလွဲ၍ အောက်ပါတို့အဖြစ် သတ်မှတ်ထားသော ဦးတည်၍ ဆဲဆိုမှု-
  • ရိုင်းပျစွာဆဲဆိုရန်ရည်ရွယ်ချက်ဖြင့် “သောက်” သို့မဟုတ် “သောက်” နှင့်အဓိပ္ပာယ်တူသည့် ပုံစံကွဲများကို ပစ်မှတ်ထား၍ အသုံးပြုခြင်း၊ ဥပမာ- “[နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသူ]ကို သောက်ဂရုမစိုက်ဘူး။”
  • လိင်တံစုပ်၊ ဖင်နမ်း၊ ချေးစားစသဖြင့် ၎င်းတို့ချည်းသာ ကန့်သတ်မထားဘဲ အခြားအလားသဏ္ဌာန်တူ စကားရပ်များ အပါအဝင် လိင်မှုကိစ္စများ ဆောင်ရွက်ရန် သို့မဟုတ် လိင်အင်္ဂါ၊ စအို၊ မစင် သို့မဟုတ် ကျင်ငယ်ရည်ကို ထိတွေ့ကိုင်တွယ်ရန် နှိုးဆော်သော အသုံးအနှုန်းများ သို့မဟုတ် စကားစုများ။

အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-

အောက်ပါတို့ကို ပို့စ်မတင်ရပါ-

  • လူများ၏ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် ကျား/မ ဝိသေသလက္ခဏာများကို ပြောင်းလဲပစ်ရန် ရည်ရွယ်သည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အတိအလင်း ပံ့ပိုးပေးသည့် သို့မဟုတ် ပံ့ပိုးပေးရန်ကမ်းလှမ်းသည့် အကြောင်းအရာ။
  • နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များနှင့် ဆက်စပ်နေသော လူများအပေါ် မကြာမီအချိန်အတွင်း ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်မှု၊ ခြိမ်းခြောက်မှု သို့မဟုတ် ခွဲခြားဆက်ဆံမှုတို့ကို ဖြစ်လာနိုင်ဖွယ်ရှိသည့် နှိမ်ချဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များနှင့် ဆက်စပ်နေသော အယူအဆများ၊ ထုံးတမ်းဓလေ့များ၊ ထင်မြင်ယူဆချက်များ သို့မဟုတ် ယုံကြည်မှုများကို တိုက်ခိုက်သော အကြောင်းအရာ။ Meta သည် အကြောင်းအရာတွင် အန္တရာယ်ဖြစ်နိုင်ဖွယ် ခြိမ်းခြောက်မှုရှိ၊ မရှိ ဆုံးဖြတ်ရန် လက္ခဏာအမျိုးမျိုးကို လေ့လာကြည့်ရှုသည်။ ၎င်းတို့တွင် အကန့်အသတ်မရှိ ပါဝင်သည်မှာ- မကြာမီအချိန်အတွင်း အကြမ်းဖက်မှု သို့မဟုတ် ခြိမ်းခြောက်မှုဖြစ်လာအောင် လှုံ့ဆော်နိုင်သည့် အကြောင်းအရာ၊ ရွေးကောက်ပွဲ သို့မဟုတ် ဆက်လက်ဖြစ်ပွားနေသော အငြင်းပွားမှုပြဿနာကဲ့သို့သော တင်းမာမှုမြင့်တက်လာသည့် ကာလတစ်ခုရှိ၊ မရှိနှင့် ပစ်မှတ်ထားခံရသည့် ကာကွယ်ပေးထားသည့် အဖွဲ့အပေါ် လတ်တလောအကြမ်းဖက်မှု မှတ်တမ်းရှိ၊ မရှိ။ အချို့ကိစ္စများတွင် ပြောဆိုသူက လူသိများသောပုဂ္ဂိုလ်တစ်ဦးဟုတ်၊ မဟုတ် (သို့) ရာထူးအာဏာတစ်ခုကို တာဝန်ယူထားခြင်းရှိ၊ မရှိကိုလည်း ကျွန်ုပ်တို့ ထည့်စဉ်းစားနိုင်သည်။

အချို့ကိစ္စများတွင် လူမှုစံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်နိုင်သည့် အကြောင်းအရာများသည် သရော်စာဖြစ်နေသည်ဟု ဆုံးဖြတ်သည့်အခါ ၎င်းတို့ကို ကျွန်ုပ်တို့ ခွင့်ပြုပါမည်။ အကြောင်းအရာတွင်ပါသည့် ချိုးဖောက်ထားသောအပိုင်းများသည် သရော်ရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်အတွက် အခြား တစ်စုံတစ်ရာ သို့မဟုတ် တစ်ဦးတစ်ယောက်အား သရော်ထားခြင်း သို့မဟုတ် ဖော်ညွှန်းထားခြင်း ဖြစ်မှသာလျှင် ယင်းအကြောင်းအရာကို ခွင့်ပြုပါမည်။

မှတ်ချက်- အကယ်၍ သင်သည် ဥရောပသမဂ္ဂမှ အသုံးပြုသူတစ်ဦးဖြစ်ပြီး သင့်နိုင်ငံအတွင်းရှိ အမုန်းစကား ဥပဒေများကို ချိုးဖောက်သည်ဟု ယူဆရသည့် အကြောင်းအရာကို မြင်တွေ့နေလျှင် Facebook သို့မဟုတ် Instagram သို့ တရားဥပဒေအရ ဖယ်ရှားရန် တောင်းဆိုချက်ကို ပေးပို့နိုင်သည်။

အသုံးပြုသူ၏ တွေ့ကြုံမှုများ

Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးခံရပုံနှင့် အကြောင်းအရာအချို့ပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။

မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။

အချက်အလက်
ပျံ့နှံ့မှု

စည်းကမ်းချိုးဖောက်မှုရှိသည့် အကြောင်းအရာကို အသုံးပြုသူများ မြင်တွေ့ခဲ့သည့် အကြိမ်ရေ ရာခိုင်နှုန်း

အရေးယူဆောင်ရွက်ထားသည့် အကြောင်းအရာများ

ကျွန်ုပ်တို့အရေးယူဆောင်ရွက်ခဲ့သော စည်းကမ်းချိုးဖောက်မှုရှိသည့် အကြောင်းအရာ အရေအတွက်

ကြိုတင်အရေးယူလုပ်ဆောင်ထားသောနှုန်းထား

အသုံးပြုသူများ မတိုင်ကြားမီ ကျွန်ုပ်တို့ရှာဖွေတွေ့ရှိခဲ့သော စည်းကမ်းချိုးဖောက်မှုရှိသည့် အကြောင်းအရာ ရာခိုင်နှုန်း

အယူခံဝင်ထားသော အကြောင်းအရာ

ကျွန်ုပ်တို့အရေးယူဆောင်ရွက်ပြီးနောက် အသုံးပြုသူများက အယူခံဝင်ထားသော အကြောင်းအရာ အရေအတွက်

ပြန်ထည့်သွင်းပေးထားသည့် အကြောင်းအရာ

မူလက အရေးယူဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ထည့်သွင်းပေးခဲ့သည့် အကြောင်းအရာ အရေအတွက်

ပျံ့နှံ့မှု

စည်းကမ်းချိုးဖောက်မှုရှိသည့် အကြောင်းအရာကို အသုံးပြုသူများ မြင်တွေ့ခဲ့သည့် အကြိမ်ရေ ရာခိုင်နှုန်း

အရေးယူဆောင်ရွက်ထားသည့် အကြောင်းအရာများ

ကျွန်ုပ်တို့အရေးယူဆောင်ရွက်ခဲ့သော စည်းကမ်းချိုးဖောက်မှုရှိသည့် အကြောင်းအရာ အရေအတွက်

ကြိုတင်အရေးယူလုပ်ဆောင်ထားသောနှုန်းထား

အသုံးပြုသူများ မတိုင်ကြားမီ ကျွန်ုပ်တို့ရှာဖွေတွေ့ရှိခဲ့သော စည်းကမ်းချိုးဖောက်မှုရှိသည့် အကြောင်းအရာ ရာခိုင်နှုန်း

အယူခံဝင်ထားသော အကြောင်းအရာ

ကျွန်ုပ်တို့အရေးယူဆောင်ရွက်ပြီးနောက် အသုံးပြုသူများက အယူခံဝင်ထားသော အကြောင်းအရာ အရေအတွက်

ပြန်ထည့်သွင်းပေးထားသည့် အကြောင်းအရာ

မူလက အရေးယူဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ထည့်သွင်းပေးခဲ့သည့် အကြောင်းအရာ အရေအတွက်

တိုင်ကြားခြင်း
1
နေရာမရွေးမှ ဝင်ရောက်အသုံးပြုနိုင်သော တိုင်ကြားရန်နေရာမှတ်

ပို့စ်၊ မှတ်ချက်၊ စတိုရီ၊ မက်ဆေ့တွင်ဖြစ်စေ၊ အခြားတစ်စုံတစ်ရာတွင်ဖြစ်စေ တိုင်ကြားရန် ရွေးချယ်စရာ ရှိပါသည်။

2
စတင်လုပ်ဆောင်ပါ

ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် မရှိသင့်ဟု အသုံးပြုသူများယူဆသော အကြောင်းအရာများကို တိုင်ကြားနိုင်စေရန် ကျွန်ုပ်တို့ ကူညီပေးပါသည်။

3
ပြဿနာတစ်ခုကို ရွေးချယ်ပါ

မည်သည့်ပြဿနာရှိသည်ကို နောက်ထပ်အသေးစိတ် ပြောပြပေးရန် အသုံးပြုသူများအား ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ဤသို့လုပ်ခြင်းသည် တိုင်ကြားချက်ကို မှန်ကန်သောနေရာသို့ ကျွန်ုပ်တို့ ပေးပို့နိုင်ရန် ကူညီပေးသည်။

4
သင့်တိုင်ကြားချက်ကို စစ်ဆေးပါ

ပေးပို့ရန်ကို မနှိပ်မီ အသေးစိတ်အချက်အလက်များ မှန်ကန်ကြောင်း သေချာပါစေ။ ရွေးချယ်ထားသောပြဿနာသည် ပို့စ်တင်ထားသည့်အရာကို အမှန်တကယ် တိတိကျကျ ဖော်ပြရန် အရေးကြီးသည်။

5
တိုင်ကြားချက်ကို ပေးပို့ပြီးပါပြီ

ဤအဆင့်များပြီးသည့်နောက် ကျွန်ုပ်တို့သည် တိုင်ကြားချက်ကို ပေးပို့သည်။ အသုံးပြုသူများအနေဖြင့် နောက်ထပ်မျှော်လင့်ထားသင့်သည့် အရာများကိုလည်း ကျွန်ုပ်တို့ ဖော်ပြပေးပါသည်။

6
နောက်ထပ် ရွေးချယ်စရာများ

အကြောင်းအရာများသည် ကျွန်ုပ်တို့၏လူမှုစံနှုန်းများကို ချိုးဖောက်ပါက ၎င်းတို့ကို ကျွန်ုပ်တို့ဖယ်ရှားရုံသာမက သင့်အနေဖြင့်လည်း နောင်တွင် ထိုပို့စ်များကို မမြင်ရစေရန် စောင့်ကြည့်မှုရပ်ခြင်း၊ ပိတ်ပင်ခြင်း သို့မဟုတ် သူငယ်ချင်းအဖြစ်မှရပ်စဲခြင်းကိုလည်း ပြုလုပ်နိုင်သည်။

Post-report communication
1
Update via notifications

After we’ve reviewed the report, we’ll send the reporting user a notification.

2
More detail in the Support Inbox

We’ll share more details about our review decision in the Support Inbox. We’ll notify people that this information is there and send them a link to it.

3
Appeal option

If people think we got the decision wrong, they can request another review.

4
Post-appeal communication

We’ll send a final response after we’ve re-reviewed the content, again to the Support Inbox.

ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
1
ချက်ချင်း အသိပေးချက်

တစ်စုံတစ်ယောက်က ကျွန်ုပ်တို့၏ စည်းမျဉ်းများကို မလိုက်နာသည့် တစ်စုံတစ်ရာကို ပို့စ်တင်သည့်အခါ ကျွန်ုပ်တို့က ထိုသူအား အသိပေးပြောပြပါမည်။

2
နောက်ထပ် ဆက်စပ်အကြောင်းအရာ

ကျွန်ုပ်တို့သည် တွေ့ရများသော အထင်အမြင်လွဲမှားမှုများကိုလည်း ဖြေရှင်းမည်ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရန် ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချခဲ့ရသည့် အကြောင်းရင်းကိုလည်း ရှင်းပြပေးပါမည်။

3
မူဝါဒ ရှင်းလင်းဖော်ပြချက်

ကျွန်ုပ်တို့သည် လူများအား သက်ဆိုင်ရာစည်းမျဉ်းနှင့်ပတ်သက်၍ နားလည်ရလွယ်ကူသော ရှင်းလင်းဖော်ပြချက်များကို ပေးပါမည်။

4
စိစစ်သုံးသပ်ချက်အတွက် ရွေးချယ်စရာ

လူများက ဆုံးဖြတ်ချက်ကို သဘောမတူလျှင် ၎င်းတို့သည် နောက်တစ်ကြိမ် စိစစ်သုံးသပ်ပေးရန် တောင်းဆိုနိုင်ပြီး နောက်ထပ်အချက်အလက်များကို ပေးအပ်နိုင်သည်။

5
နောက်ဆုံးအတည်ပြု ဆုံးဖြတ်ချက်

စိစစ်သုံးသပ်ချက်ကို ပေးပို့ပြီးနောက် မည်သို့ဖြစ်လာမည်နှင့်ပတ်သက်၍ မျှော်လင့်ထားရမည့်အရာများကို ကျွန်ုပ်တို့ချမှတ်ပါသည်။

သတိပေးချက် မျက်နှာပြင်များ
1
ဆက်စပ်အခြေအနေအလိုက် ထားရှိသော သတိပေးချက် မျက်နှာပြင်များ

အလင်းစဉ်နှင့် အခြားမျက်နှာပြင်များရှိ အကြောင်းအရာအချို့ကို ကျွန်ုပ်တို့ ဖုံးအုပ်ထားသောကြောင့် လူများအနေဖြင့် ၎င်းကို ကြည့်၊ မကြည့် ရွေးချယ်နိုင်သည်။

2
နောက်ထပ်အချက်အလက်များ

ဤဥပမာတွင် သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးသူများထံမှ သိရှိရသည့် နောက်ထပ် ဆက်စပ်အခြေအနေများနှင့်အတူ ဓာတ်ပုံကို ကျွန်ုပ်တို့ဖုံးအုပ်ခဲ့ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ နောက်ထပ်ဆက်စပ်အခြေအနေကို ဖော်ပြထားသည်

စည်းကမ်းထိန်းသိမ်းမှု

ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။

စိစစ်သုံးသပ်ရေး အဖွဲ့များ

ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။

သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု

ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။

အမုန်းပွားစေသော လုပ်ရပ်အား ကိုင်တွယ်ဖြေရှင်းရန် အကူအညီရယူပါ

ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။

Transparency Center

ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ

ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ

ကွတ်ကီးများ