အလိမ်အညာ၊ ရိုက်စားလုပ်ခြင်းနှင့် လှည့်ဖြားသော အပြုအမူများ
မူဝါဒ အသေးစိတ်အချက်များ
မှတ်တမ်းပြောင်းရန်
ယနေ့
၂၀၂၅၊ ဇွန် ၆
၂၀၂၄၊ အောက် ၂
၂၀၂၄၊ ဇူ ၁၈
၂၀၂၃၊ ဩ ၄
၂၀၂၂၊ ဧ ၂၈
၂၀၂၁၊ ဒီဇင်ဘာ ၂၃
၂၀၂၁၊ နို ၂၄
၂၀၂၁၊ အောက် ၂၈
၂၀၂၁၊ ဩ ၂၆
၂၀၂၀၊ မေ ၄
၂၀၂၀၊ ဒီဇင်ဘာ ၁၇
၂၀၂၀၊ နို ၁၈
၂၀၁၉၊ ဒီဇင်ဘာ ၁၆
၂၀၁၉၊ စက် ၃
မူဝါဒဆိုင်ရာ သဘောတရား
အသုံးပြုသူများနှင့် လုပ်ငန်းများအား ၎င်းတို့၏ ငွေများ၊ ပိုင်ဆိုင်မှုများ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လိမ်လည်လှည့်ဖြားခံရခြင်း မရှိရလေအောင် ကာကွယ်ပေးရန် ကျွန်ုပ်တို့ ရည်ရွယ်ထားပါသည်။ အသုံးပြုသူများနှင့် လုပ်ငန်းများကို ရိုက်စားလုပ်ရန် သို့မဟုတ် လှည့်ဖြားရန်အတွက်ဖြစ်စေ၊ ထိတွေ့မှုများများရရှိစေရန်အတွက်ဖြစ်စေ - တမင်ကြံစည်ထားသော မှားယွင်းစွာကိုယ်စားပြုမှု၊ ခိုးယူထားသော အချက်အလက်နှင့် ချဲ့ကားပြောဆိုချက်များကဲ့သို့ - လိမ်လည်လှည့်ဖြားသောနည်းလမ်းများကို ရည်ရွယ်ချက်ရှိရှိ အသုံးချသည့် အကြောင်းအရာများကို ဖယ်ရှားပြီး ယင်းကဲ့သို့သော အပြုအမူကို ပပျောက်အောင် တိုက်ဖျက်ခြင်းဖြင့် ကျွန်ုပ်တို့က ဤရည်ရွယ်ချက်ကို ပြည့်မြောက်အောင် လုပ်ဆောင်လျက်ရှိသည်။ ယင်းတွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ထိုကဲ့သို့သော လှုပ်ရှားဆောင်ရွက်မှုများကို ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရန် သို့မဟုတ် အားပေးမြှင့်တင်ရန် ကြိုးပမ်းသော အကြောင်းအရာများ ပါဝင်ပါသည်။ ဤလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အခြားသူများ ပိုမိုသိရှိအောင် အသိပေးမြှင့်တင်ရန်၊ ပညာပေးရန်အပြင် ဤလုပ်ဆောင်ချက်များကို ဝေဖန်ရှုတ်ချရန်အတွက်လည်း ကျွန်ုပ်တို့က အသုံးပြုသူများအား ခွင့်ပြုပေးထားပါသည်။
ကျွန်ုပ်တို့သည် အောက်ပါတို့ကို ခွင့်မပြုပါ-
အောက်ပါနည်းလမ်းများဖြင့် အသုံးပြုသူများကို နှင့်/သို့မဟုတ် လုပ်ငန်းများကို ရိုက်စားလုပ်ရန် သို့မဟုတ် လှည့်ဖြားရန် ကြိုးပမ်းသည့် အကြောင်းအရာများ-
ချေးငွေဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- အသုံးပြုသူအား ချေးငွေရယူရန်အတွက် ကြိုတင်အခကြေးငွေ ပေးသွင်းခိုင်းသော ချေးငွေများကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- အတိအလင်းဖော်ပြထားသည့် သို့မဟုတ် ဆက်စပ်အခြေအနေအရ သွယ်ဝိုက်၍နားလည်နိုင်သည့် ထုတ်ချေးရန်အာမခံချက်ပါရှိသော သို့မဟုတ် ထုတ်ချေးရန်သေချာလုနီးပါး အာမခံချက်ပါရှိသော ချေးငွေများကို ကမ်းလှမ်းသည့် အကြောင်းအရာ (ငွေရေးကြေးရေးအချက်အလက်ကို မတောင်းဆိုဘဲ ချေးငွေရယူခွင့်ပြုရန် ပြောဆိုချက်များကဲ့သို့)။
- မှတ်ချက်- အဖွဲ့အစည်းတစ်ခုက အတုအယောင်မဟုတ်သော တရားဝင်အကြောင်းအရာကို ပို့စ်တင်နေခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန်အလို့ငှာ ၎င်းက အတည်ပြုစစ်ဆေးပြီးသော အဖွဲ့အစည်း၊ ဘဏ်လုပ်ငန်း သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်နေသည့်အခါကဲ့သို့ အခြားအချက်ပြများကိုလည်း ကျွန်ုပ်တို့ကြည့်ရှုစစ်ဆေးသည်။
လောင်းကစားဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ဖော်ပြပါနည်းလမ်းများဖြင့် ငွေကြေးအစစ်သုံး၍ လောင်းကစားလုပ်ရသော ဝန်ဆောင်မှုများကို ကမ်းလှမ်းသည့် အကြောင်းအရာ ("ငွေကြေးအစစ်" ဆိုသည်မှာ အမေရိကန်ဒေါ်လာကဲ့သို့ နိုင်ငံသုံးငွေကြေးများနှင့် Bitcoin ကဲ့သို့ ဗာကျူရယ်ငွေကြေးများအပါအဝင် လက်တွေ့ကမ္ဘာတွင် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူရန် အသုံးပြုနိုင်သည့် လက်တွေ့ကမ္ဘာသုံး ငွေကြေး ဖြစ်သည်)-
- အနိုင်ရရန် အာမခံချက်ဖြင့်။
- ဂိမ်းပွဲတစ်ပွဲ သို့မဟုတ် ပြိုင်ပွဲတစ်ပွဲ၏ ရလဒ်ကို အကွက်ဆင်ထားကြောင်း သွယ်ဝိုက်ညွှန်းဆိုခြင်းဖြင့် သို့မဟုတ် ဝန်ခံခြင်းဖြင့်။
- လုပ်ပွဲကစားရန် လူများအား တိုက်တွန်းစည်းရုံးခြင်းဖြင့် သို့မဟုတ် ပြိုင်ပွဲတစ်ပွဲ သို့မဟုတ် ဂိမ်းပွဲတစ်ပွဲကို လုပ်ပွဲအဖြစ်ကစားပုံကစားနည်း အကူအညီ သို့မဟုတ် အကြံပြုချက်များကို ရှာဖွေခြင်းဖြင့်။
ငွေကြေးအစစ် အနိုင်ရရန် အခွင့်အရေးမရှိသော လောင်းကစားနှင့်ပုံစံတူအောင် ဖန်တီးထားသည့် လူမှုကွန်ရက်ပေါ်ရှိ ကာစီနိုဂိမ်းများသည် ကျွန်ုပ်တို့၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအတွက် လူမှုစံနှုန်းအောက်တွင် အကျုံးဝင်သည်။
ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ငွေရေးကြေးရေးဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ
- ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိမှုကို အာမခံထားသော သို့မဟုတ် ရှုံးနိုင်ခြေမရှိသော ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိမှု သို့မဟုတ် လျော်ကြေးသည် အစီအစဉ်တွင် ပါဝင်ရန် အခြားသူများအား ခေါ်ယူစုဆောင်းခြင်းအပေါ် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ အခြေခံသော ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- "အမြန်ချမ်းသာစေသော" အခွင့်အလမ်းသဘောမျိုးဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကမ်းလှမ်းသည့် နှင့်/သို့မဟုတ် အသေးစားရင်းနှီးမြှုပ်နှံမှုကို များပြားသောပမာဏအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း အခိုင်အမာဆိုသည့် အကြောင်းအရာ။
- ငွေကြေး/ငွေသား လှည့်လည်မှု။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- "ငွေသားလှည့်လည်မှု"၊ "ငွေကြေးလှည့်လည်မှု" သို့မဟုတ် အလားတူအသုံးအနှုန်းကို အတိအလင်းရည်ညွှန်းမှုများ ပါဝင်သည့် လှည့်လည်မှု သို့မဟုတ် လှည့်ကွက် သို့မဟုတ် နည်းဗျူဟာမှတစ်ဆင့် သီးခြားငွေပမာဏတစ်ခုကို ပိုမိုများပြားသောပမာဏတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ကမ်းလှမ်းသည့် အကြောင်းအရာ။
တရားမဝင်ရရှိငွေ အထောက်အထားအား ဖုံးကွယ်၍ ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ခြင်း၊ ငွေကြေးခဝါချခြင်းဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ
- တရားမဝင်ရရှိငွေ အထောက်အထားအား ဖုံးကွယ်၍ ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- တရားမဝင်ရရှိငွေ အထောက်အထားအား ဖုံးကွယ်၍ ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ခြင်းကို ကမ်းလှမ်းသည့် သို့မဟုတ် တောင်းဆိုသည့် အကြောင်းအရာ (လှည့်ဖြားခံရသူများ၏ ဘဏ်အကောင့်များကို အခြားသူများအား သုံးခွင့်ပေးခြင်း သို့မဟုတ် အခြားသူများကိုယ်စား ငွေလွှဲပြောင်းခြင်းအတွက် အပြန်အလှန်အနေဖြင့် ငွေကြေး သို့မဟုတ် အကျိုးအမြတ်ဝေစုကို ကမ်းလှမ်းခြင်းဖြင့် ၎င်းတို့အား ငွေကြေးခဝါချခြင်းတွင် မသိဘဲ ပါဝင်သောသူများ ဖြစ်စေခြင်း)။
- လှည့်ဖြားခံရသူ၏ ဘဏ်အကောင့်ကို အသုံးပြု၍ ငွေများကို လက်ခံရန်နှင့် ကြားခံပြင်ပ အဖွဲ့အစည်းများသို့ လွှဲပြောင်းရန် အလုပ်ကမ်းလှမ်းခြင်းဖြင့် တရားမဝင်ရရှိငွေ အထောက်အထားအား ဖုံးကွယ်၍ ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ခြင်းကို ကမ်းလှမ်းသည့် သို့မဟုတ် တောင်းဆိုသည့် အကြောင်းအရာ။
- ငွေကြေးခဝါချခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- အောက်ပါနည်းလမ်းများမှ တစ်နည်းနည်းဖြင့် အပါအဝင် ရှုပ်ထွေးသော ငွေကြေးလွှဲပြောင်းမှု အစီအစဉ်တစ်ခုမှတစ်ဆင့် ငွေရရှိရာမူလဇာစ်မြစ်ကို ဖုံးကွယ်၍ တရားမဝင်ရယူထားသောငွေကို တရားဝင်သည်ဟုထင်ရစေရန် ကြိုးပမ်းမှုဖြစ်သည့် ငွေကြေးခဝါချခြင်းကို လွယ်ကူချောမွေ့အောင် ကူညီပေးရန် တောင်းဆိုသည့်၊ တောင်းခံသည့် သို့မဟုတ် ကမ်းလှမ်းသည့် အကြောင်းအရာ-
- SWIFT (ကမ္ဘာ့ဘဏ္ဍာရေးစာပို့လုပ်ငန်း) မှတစ်ဆင့် ငွေများလွှဲပြောင်းရန် ကြိုးစားခြင်းဖြင့် သို့မဟုတ် အလားတူနည်းလမ်းများဖြင့်။
- ငွေသားလက်ခံမှု သို့မဟုတ် လွှဲပြောင်းမှုကို အထောက်အကူပြုရန် ရရှိနိုင်သော ဘဏ်အကောင့်အမျိုးအစားများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တောင်းခံခြင်းဖြင့် သို့မဟုတ် ကမ်းလှမ်းခြင်းဖြင့်။
အစစ်အမှန်မဟုတ်သော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ဖော်ပြပါတို့ အပါအဝင် ပို့စ်တင်သူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကိုဖြစ်စေ၊ တောင်းဆိုမှု၏ သဘောသဘာဝကိုဖြစ်စေ မှားယွင်းစွာကိုယ်စားပြုတင်ပြခြင်းဖြင့် အသုံးပြုသူများကို ရိုက်စားလုပ်ရန် သို့မဟုတ် လှည့်ဖြားရန် ကြိုးပမ်းသည့် အကြောင်းအရာ-
- လှူဒါန်းမှုကို အရေးတကြီးလိုအပ်ကြောင်း အခိုင်အမာဆိုထားပြီး ငွေပို့နိုင်သည့် ဘဏ်အကောင့်ကဲ့သို့ အချက်အလက်များ ပါဝင်လျက် ပရဟိတကိစ္စများအတွက် ငွေများ သို့မဟုတ် အလှူငွေများကို မမှန်မကန် တောင်းဆိုမှုများဖြစ်သည့် ပရဟိတဗန်းပြ၍ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။
- လိင်ကိစ္စမပါဝင်သော အပေါင်းအဖော် သို့မဟုတ် ရင်းနှီးပတ်သက်မှုကို တောင်းခံပြီး အပြန်အလှန်အဖြစ် ငွေ သို့မဟုတ် ၎င်းနှင့်ညီမျှသောအရာကို ကမ်းလှမ်းခြင်းဖြင့် သို့မဟုတ် တောင်းဆိုခြင်းဖြင့် အွန်လိုင်း အချစ်ရေးများကို စတင်ရန် မမှန်မကန် ကြိုးပမ်းမှုများ ဖြစ်သည့် အချစ်ရေးဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။
- ရိုက်စားလုပ်ရန် သို့မဟုတ် လှည့်ဖြားရန် ကြိုးပမ်းသည့်အနေဖြင့် တည်ထောင်ထားသော လုပ်ငန်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုသည်ဟု သို့မဟုတ် ၎င်း၏ကိုယ်စားပြောဆိုသည်ဟု မမှန်မကန်အရေးဆိုမှု ပါဝင်သည့် တည်ထောင်ထားသော လုပ်ငန်း/အဖွဲ့အစည်းဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ။
ထုတ်ကုန် သို့မဟုတ် ဆုကြေးဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ
- အစိုးရထောက်ပံ့ကြေးဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- အစိုးရထောက်ပံ့ကြေးများ သို့မဟုတ် အခြား အစိုးရ ရန်ပုံငွေအရင်းအမြစ်တစ်ခုခုမှ ငွေကို မဟုတ်မမှန် ကမ်းလှမ်းသော အကြောင်းအရာ။ အဖွဲ့အစည်းတစ်ခုက အတုအယောင်မဟုတ်သော တရားဝင်အကြောင်းအရာကို ပို့စ်တင်နေခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန်အလို့ငှာ ၎င်းက အတည်ပြုစစ်ဆေးပြီးသော အဖွဲ့အစည်းမှ ဖြစ်နေသည့်အခါကဲ့သို့ အချက်ပြအမျိုးမျိုးကို ကျွန်ုပ်တို့စဉ်းစားသုံးသပ်သည်။
- သိသာထင်ရှားသောအရာ၊ ယုံကြည်သက်ဝင်မှု သို့မဟုတ် ဉာဏ်အလင်းတော်ဂိုဏ်းဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- အသင်းအဖွဲ့၊ ယုံကြည်မှု၊ ဘာသာရေးဂိုဏ်း (ဥပမာအားဖြင့် ဉာဏ်အလင်းတော်ဂိုဏ်း) တွင် အဖွဲ့ဝင်မှု သို့မဟုတ် ပါဝင်မှုအတွက် ငွေကြေးအစစ်၊ ဒစ်ဂျစ်တယ်နှင့် ဗာကျူရယ် ငွေကြေးများအပြင် ရုပ်ဝတ္ထု သို့မဟုတ် ဒစ်ဂျစ်တယ် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပါအဝင် ငွေသား၊ ငွေကြေးတန်ဖိုးရှိသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကဲ့သို့ သိသာထင်ရှားသော ဆုလက်ဆောင်များကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- စုန်းအတတ် သို့မဟုတ် မန္တန်များ သို့မဟုတ် မှော်ပစ္စည်းများ (ဥပမာအားဖြင့်၊ မန္တန်များ၊ ကံကောင်းစေသော အဆောင်များ၊ အဆောင်လက်ဖွဲ့များ၊ တိုကင်များ၊ ပီယဆေး၊ မှော်ပိုက်ဆံအိတ်စသည်) ကို အသုံးပြုခြင်းအတွက် သိသာထင်ရှားသော ဆုလက်ဆောင်များကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- အာမခံဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ကြိုတင်ပေးငွေ (စီမံသူ အခကြေးငွေ သို့မဟုတ် စရန် သို့မဟုတ် အခြားတစ်ခုခု) ကို တောင်းခံပြီး အလွန်အမင်းဈေးလျှော့ထားသည့် မမှန်မကန် အာမခံကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- သမားရိုးကျ အာမခံဝန်ဆောင်မှုပေးသူများနှင့် နှိုင်းယှဉ်ပါက အာမခံအတွက် ငွေများစွာချွေတာနိုင်ကြောင်း ကတိပေးပြီး (အနည်းဆုံး ၃၀% အောက်) အလွန်အမင်းဈေးလျှော့ထားသည့် မမှန်မကန် အာမခံကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- မှတ်ချက်- အဖွဲ့အစည်းတစ်ခုက အတုအယောင်မဟုတ်သော တရားဝင်အကြောင်းအရာကို ပို့စ်တင်နေခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန်အလို့ငှာ ၎င်းက အတည်ပြုစစ်ဆေးပြီးသော အဖွဲ့အစည်း၊ ဘဏ်လုပ်ငန်း သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်နေသည့်အခါကဲ့သို့ အခြားအချက်ပြများကိုလည်း ကျွန်ုပ်တို့ကြည့်ရှုစစ်ဆေးသည်
- အလုပ်အကိုင်ဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- မရှင်းလင်းသော သို့မဟုတ် မရေရာသော အလုပ်အကိုင်ဖော်ပြချက်နှင့် အချိန်အနည်းငယ်သာ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ကြိုးစားအားထုတ်မှုဖြင့် ငွေရရန် ကတိပေးသော အမြန်ချမ်းသာရန် အခွင့်အလမ်းများဖြင့် အလုပ်အကိုင်များကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- အလုပ်အကိုင် အချက်အလက် မပါရှိဘဲ အလုပ်လစ်လပ်နေရာများကိုသာ ရည်ညွှန်းကာ အလုပ်အကိုင်များကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- အိမ်တွင်အလုပ်လုပ်ခြင်းကို ကမ်းလှမ်းသော်လည်း အလုပ်ရာထူးအရ ဝန်ထမ်းသည် အိမ်တွင်အလုပ်လုပ်၍မရကြောင်း ပေါ်လွင်နေသည့် အကြောင်းအရာ။
- လစာကြိုထုတ်နိုင်သော ကတိများဖြင့် အလုပ်အကိုင်များကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- မဖြစ်မနေအလုပ်ရမည်ဟု ကမ်းလှမ်းသည့် အကြောင်းအရာ။
- အလုပ်မခန့်မီ ကြိုတင်အခကြေးငွေကို တောင်းခံလျက် အလုပ်အကိုင်များကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- မှတ်ချက်- အဖွဲ့အစည်းတစ်ခုက အတုအယောင်မဟုတ်သော တရားဝင်အကြောင်းအရာကို ပို့စ်တင်နေခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန်အလို့ငှာ ၎င်းက အတည်ပြုစစ်ဆေးပြီးသော အဖွဲ့အစည်း ဖြစ်နေသည့်အခါကဲ့သို့ အခြားအချက်ပြများကိုလည်း ကျွန်ုပ်တို့ကြည့်ရှုစစ်ဆေးသည်
- အကြွေးဖြေလျှော့ခြင်းနှင့် ခရက်ဒစ်အစီရင်ခံစာ ပြင်ဆင်ပေးခြင်းဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- သတ်မှတ်အချိန်ကာလတစ်ခုတွင် အကြွေးကို သီးခြားပမာဏတစ်ခုဖြင့် ဖျက်သိမ်းမည် သို့မဟုတ် ဖယ်ထုတ်ပေးမည် သို့မဟုတ် လျှော့ချပေးမည်ဟု ကတိပေးသော အကြောင်းအရာ။
- အကြွေးကောက်ခံမှုများ သို့မဟုတ် တရားစွဲဆိုမှုများ အားလုံးကို ရပ်တန့်မည် သို့မဟုတ် ဖျက်သိမ်းမည်ဟု ကတိပေးသော အကြောင်းအရာ။
- "အစိုးရပရိုဂရမ်အသစ်" သို့မဟုတ် ဥပဒေပြောင်းလဲမှု သို့မဟုတ် အလားတူထုတ်ပြန်ချက်ဖြင့် အကြွေးကို လျှော်ပစ်မည် သို့မဟုတ် ပယ်ဖျက်မည်ဟု ကတိပေးသော အကြောင်းအရာ။
- ခရက်ဒစ် အစီရင်ခံစာများမှ ခရက်ဒစ်အချက်အလက်များကို ဖျက်ပေးမည် သို့မဟုတ် ဖယ်ရှားပေးမည် သို့မဟုတ် "ခရက်ဒစ်အထောက်အထား" အသစ် ဖန်တီးပေးမည်ဟု ကတိပေးသော အကြောင်းအရာ။
- မှတ်ချက်- အဖွဲ့အစည်းတစ်ခုက အတုအယောင်မဟုတ်သော တရားဝင်အကြောင်းအရာကို ပို့စ်တင်နေခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန်အလို့ငှာ ၎င်းက အတည်ပြုစစ်ဆေးပြီးသော အဖွဲ့အစည်း၊ ဘဏ်လုပ်ငန်း သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်နေသည့်အခါကဲ့သို့ အခြားအချက်ပြများကိုလည်း ကျွန်ုပ်တို့ကြည့်ရှုစစ်ဆေးပါသည်
- မေတ္တာလက်ဆောင်ဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- အသုံးပြုများအား အောက်ပါတို့ကို လုပ်ဆောင်ခိုင်းရန်အတွက် အပြန်အလှန်အနေဖြင့် ငွေကြေးအစစ်ဖြင့် အာမခံထားသော ဆုကြေးကို ကမ်းလှမ်းသည့် အကြောင်းအရာ-
- ပြင်ပဝက်ဘ်ဆိုက်လင့်ခ်တစ်ခုတွင် မှတ်ပုံတင်စေရန်။
- မည်သူမည်ဝါအထောက်အထားပြ အချက်အလက် (PII) သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာ အချက်အလက်များကို မျှဝေစေရန်။
- သီးသန့်မက်ဆေ့မှတစ်ဆင့် ပလက်ဖောင်းပြင်ပတွင် သို့မဟုတ် ပလက်ဖောင်းပေါ်တွင် ဆက်သွယ်စေရန်။
- မည်သည့်အရာကိုမျှ မလုပ်ဆောင်စေရန်။
- ကြိုတင်အခကြေးငွေ ပေးသွင်းခိုင်းသော အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ကြိုတင်ပေးငွေ/ဘဏ်မှတစ်ဆင့်ငွေလွှဲခြင်း/ငွေပေးချေမှုအတွက် အပြန်အလှန်အနေဖြင့် ငွေများကို ရရှိမည်ဟု မဟုတ်မမှန် ကတိပေးသော အကြောင်းအရာ။
စာရွက်စာတမ်းအတုများဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ
- စာရွက်စာတမ်းအတုများ သို့မဟုတ် လိမ်လည်အတုလုပ်ထားသော စာရွက်စာတမ်းများ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- စာရွက်စာတမ်းအတုများ သို့မဟုတ် လိမ်လည်အတုလုပ်ထားသော စာရွက်စာတမ်းများကို တောင်းခံမှု၊ ဖန်တီးမှု၊ ရောင်းချမှု၊ ဝယ်ယူမှု သို့မဟုတ် ရောင်းဝယ်မှုကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- ဗီဇာများ သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ကတ်များ ရောင်းချမှုကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- ဗီဇာ သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ကတ် အတည်ပြုချက်ကို အာမခံသည့် အကြောင်းအရာ။
- ပုံမှန်သတ်မှတ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်းမပြုဘဲ ဗီဇာအတည်ပြုချက်များ ရရှိရန် အသုံးပြုသူများကို အထောက်အကူပေးသည့် အကြောင်းအရာ။
- ငွေကြေးအတု သို့မဟုတ် တုပဖန်တီးထားသော ငွေကြေး။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ဘုတ်ဂိမ်းကစားရန်အတွက်ဖြစ်ကြောင်း ရှင်းလင်းသော အခြေအနေရှိလျှင် ဘုတ်ဂိမ်းကစားသည့်ငွေကြေး (ဥပမာ- မိုနိုပိုလီ ပိုက်ဆံ) မှလွဲ၍ အခြားသော ငွေကြေးအတု သို့မဟုတ် တုပဖန်တီးထားသော ငွေကြေးများအား ရောင်းချမှု၊ ဝယ်ယူမှု သို့မဟုတ် ရောင်းဝယ်မှုကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- ဘောက်ချာအတုများ သို့မဟုတ် တုပဖန်တီးထားသော ဘောက်ချာများ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ဘောက်ချာအတုများ သို့မဟုတ် တုပဖန်တီးထားသော ဘောက်ချာများကို မျှဝေမှု၊ ရောင်းချမှု၊ ဝယ်ယူမှု သို့မဟုတ် ရောင်းဝယ်မှုကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ပုံမှန်မဟုတ်သောဈေးနှုန်းကို ရရှိရန် ရုပ်ဝတ္ထု သို့မဟုတ် ဒစ်ဂျစ်တယ် ကူပွန်များ သို့မဟုတ် ဘောက်ချာများ အသုံးပြုမှုကို ဝန်ခံသည့်၊ အားပေးသည့် သို့မဟုတ် တိုက်တွန်းသည့် အကြောင်းအရာ-
- ကူပွန်များ သို့မဟုတ် ဘောက်ချာများကို အသုံးပြုပြီး အဆိုပါကူပွန်များ သို့မဟုတ် ဘောက်ချာများအတွက် ရည်ရွယ်မထားသည့် ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် သို့မဟုတ်
- သက်တမ်းကုန်သွားသော ကူပွန်များ သို့မဟုတ် ဘောက်ချာများကို အသုံးပြုခြင်းဖြင့်။
- ပညာရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံချက်အတုများ သို့မဟုတ် တုပဖန်တီးထားသော ထောက်ခံချက်များ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ပညာရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံချက်အတုများ သို့မဟုတ် တုပဖန်တီးထားသော ထောက်ခံချက်များကို ရောင်းချမှု၊ ဝယ်ယူမှု သို့မဟုတ် ရောင်းဝယ်မှုကို ကမ်းလှမ်းသည့် အကြောင်းအရာ။
ခိုးယူထားသော အချက်အလက်၊ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း
- ခရက်ဒစ်ကတ်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ခွင့်ပြုချက်မရှိသော ဝယ်ယူမှုများအတွက် အသုံးပြုနိုင်သည့် ခိုးယူထားသော ခရက်ဒစ်ကတ်များ သို့မဟုတ် အခြားငွေကြေးဆိုင်ရာနည်းလမ်းများကို ဝယ်ယူမှု၊ ရောင်းချမှု သို့မဟုတ် ရောင်းဝယ်မှု ပါဝင်သော အကြောင်းအရာ ("ခရစ်ဒစ်ကတ်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း" ဟုလည်း သိကြသည်)။
- PII အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုနှင့် သက်ဆိုင်လျှင်မှလွဲ၍ မည်သူမည်ဝါအထောက်အထားပြ အချက်အလက် (PII) သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာ အချက်အလက် ဝယ်ယူမှု၊ ရောင်းချမှု သို့မဟုတ် ရောင်းဝယ်မှုကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- သုံးသပ်ချက်အတုဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ကုန်ပစ္စည်းသုံးသပ်ချက်/အဆင့်သတ်မှတ်ချက်များ ဝယ်ယူမှု၊ ရောင်းချမှု သို့မဟုတ် ရောင်းဝယ်မှုကို တောင်းဆိုသော အကြောင်းအရာ။
- လျှော့ဈေးများ၊ ပြန်အမ်းငွေများ သို့မဟုတ် အခမဲ့ပစ္စည်းများနှင့် အလဲအလှယ်အဖြစ် သုံးသပ်ချက်များပေးရန် အသုံးပြုသူများအား အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မက်လုံးပေးသော အကြောင်းအရာ။
- စာရင်းပေးသွင်းမှုဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- အခပေး အွန်လိုင်းဝန်ဆောင်မှုကို အမည်တပ်ပြော၍ဖြစ်စေ၊ ၎င်း၏ လိုဂိုတံဆိပ်ကို မျှဝေ၍ဖြစ်စေ ၎င်းကို ရည်ညွှန်းပြောဆိုခြင်းဖြင့် စာရင်းပေးသွင်းမှု ဝန်ဆောင်မှုများအတွက် အထောက်အထားများ (ပုံမှန်ကြားကာလများတွင် ထပ်တလဲလဲ ငွေပေးချေမှု လိုအပ်သည့် အွန်လိုင်းဝန်ဆောင်မှုများအတွက် လော့ဂ်အင် အထောက်အထားများ) အား ဝယ်ယူမှု၊ ရောင်းချမှု သို့မဟုတ် ရောင်းဝယ်မှုကို ကမ်းလှမ်းသော အကြောင်းအရာ။
- မှတ်ချက်- အဖွဲ့အစည်းတစ်ခုက အတုအယောင်မဟုတ်သော တရားဝင်အကြောင်းအရာကို ပို့စ်တင်နေခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန်အလို့ငှာ ၎င်းက အတည်ပြုစစ်ဆေးပြီးသော အဖွဲ့အစည်း၊ ဘဏ်လုပ်ငန်း သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်နေသည့်အခါကဲ့သို့ အခြားအချက်ပြများကိုလည်း ကျွန်ုပ်တို့ကြည့်ရှုစစ်ဆေးသည်။
- မသမာသောနည်းလမ်းအသုံးပြုခြင်းဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ-
- ဖော်ပြပါတို့ကို မျှဝေမှု၊ ရောင်းချမှု၊ ရောင်းဝယ်မှု သို့မဟုတ် ဝယ်ယူမှု ပါဝင်သော အကြောင်းအရာ-
- နောင်ကျင်းပမည့်စာမေးပွဲအတွက် မေးခွန်းစာရွက်များ သို့မဟုတ် အဖြေလွှာများ။
- စာမေးပွဲများတွင် မသမာသောနည်းလမ်းကို အသုံးပြုနိုင်စေသည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ။
- မူးယစ်ဆေးသုံးစွဲမှု စစ်ဆေးခြင်းများကို ခွင့်ပြုချက်မရှိသော နည်းလမ်းတစ်ခုဖြင့် အောင်မြင်နိုင်စေသည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ
ကိရိယာများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း
- ကိရိယာများကို ကြိုးကိုင်ခြယ်လှယ်ခြင်းဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ
- ကြိုးကိုင်ခြယ်လှယ်ထားသော၊ ပြောင်းလဲပြင်ဆင်ထားသော သို့မဟုတ် အတုလုပ်ထားသော တိုင်းတာရေးကိရိယာများကို ဝယ်ယူရန်၊ ရောင်းချရန်၊ ရောင်းဝယ်ရန် သို့မဟုတ် မျှဝေရန် တောင်းဆိုသည့် အကြောင်းအရာ။
- ဈေးနှုန်းသတ်မှတ်မှုကို မတိကျမမှန်ကန်စေရန်အတွက် ကိရိယာများအား စက်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်၍ အသုံးပြုခြင်းကို ဝန်ခံသော၊ အားပေးသော သို့မဟုတ် တိုက်တွန်းသော အကြောင်းအရာ။
- ဒစ်ဂျစ်တယ်အကြောင်းအရာဆိုင်ရာ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်း။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ
- ဒစ်ဂျစ်တယ်အကြောင်းအရာကို ခွင့်ပြုချက်မရှိသော နည်းလမ်းတစ်ခုဖြင့် ဝင်ရောက်သုံးစွဲရန် လွယ်ကူစေသော သို့မဟုတ် တိုက်တွန်းအားပေးသော ထုတ်ကုန်များကို ကမ်းလှမ်းသည့် သို့မဟုတ် တောင်းဆိုသည့် အကြောင်းအရာ။ ၎င်းတို့တွင် ဖော်ပြပါတို့ ပါဝင်သော်လည်း ယင်းတို့ဖြင့်သာ ကန့်သတ်မထားပါ- ပြင်ပကမ္ဘာနှင့် ကွန်ပျူတာဓာတ်ပုံပညာ ပေါင်းစပ်ထားသော ရုပ်သံလိုင်းဖမ်းစက်များ၊ အလုံးစုံထည့်သွင်းထားပြီးသော/KODI ထည့်သွင်းထားသော စက်များနှင့် KODI ဝန်ဆောင်မှုများ။
လှည့်ဖြားပြီး နားလည်မှုလွဲစေသော အပြုအမူများ
- နားလည်မှုလွဲစေသော ကျန်းမာရေးဆိုင်ရာ ပြုမူဆောင်ရွက်ချက်များ။ အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ
- ချဲ့ကား၍ဖြစ်စေ၊ လွန်ကဲစွာဖြစ်စေ ပြောဆိုသည့် စိတ်အာရုံကို လှုံ့ဆော်သော အသုံးအနှုန်း အသုံးပြုမှုကဲ့သို့ နှိပ်ကြည့်ရန် လှည့်ဖြားဆွဲဆောင်သော နည်းဗျူဟာများကို အသုံးချခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချခြင်းနှင့်ဆက်စပ်သည့် အကြောင်းအရာတွင် မမှန်ကန်သော သို့မဟုတ် နားလည်မှုလွဲစေသော ကျန်းမာရေးဆိုင်ရာ အခိုင်အမာပြောဆိုချက်များ သို့မဟုတ် အာမခံချက်များကို ကြော်ငြာထားသည့် အကြောင်းအရာ
အောက်ပါအကြောင်းအရာများအတွက် ကျွန်ုပ်တို့သည် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများကသာ အကြောင်းအရာကို ကြည့်ရှုနိုင်စေရန် ကန့်သတ်ထားပါသည်-
အောက်ပါတို့ကို လုပ်ဆောင်သည့် အကြောင်းအရာများ
- သတ်မှတ်ချက်နှင့်ကိုက်ညီသော သုံးနှုန်းဖော်ပြချက် သို့မဟုတ် သတိပေးချက်စကား မပါဘဲ တိကျသောအချိန်တွင် တိကျသော ကိုယ်အလေးချိန်ကျစေသည့်ရလဒ်များကို ရရှိမည်ဟု ကတိပေးသော အကြောင်းအရာ။
အထက်တွင် မည်သို့ပင်ဖော်ပြထားစေကာမူ ထိခိုက်လွယ်သည့် အချက်အလက်များကို ထုတ်ဖော်ခြင်းမရှိဘဲ သို့မဟုတ် အလိမ်အညာ သို့မဟုတ် ရိုက်စားလုပ်ခြင်းကို အားပေးခြင်း မရှိဘဲ အလိမ်အညာနှင့် ရိုက်စားလုပ်ခြင်းများကို ဝေဖန်ရှုတ်ချသည့်၊ ၎င်းတို့နှင့်ပတ်သက်၍ အခြားသူများ ပိုမိုသတိပြုမိစေသည့် သို့မဟုတ် အခြားသူများကို အသိပညာပေးသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ မတားမြစ်ပါ။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
- အောက်ပါအကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည်-
- ယုံကြည်ရသော အဖွဲ့အစည်းတစ်ခုက တိုင်ကြားထားသည့် အလိမ်အညာ/ရိုက်စားလုပ်ခြင်း ပါဝင်သော အကြောင်းအရာ။
- လာဘ်ပေးလာဘ်ယူမှု သို့မဟုတ် အလွဲသုံးစားပြုမှုနှင့် ဆက်စပ်နေသော အကြောင်းအရာ။
- အသုံးပြုသူများကို ရိုက်စားလုပ်ရန် သို့မဟုတ် လှည့်ဖြားရန် ကြိုးပမ်းသည့်အနေဖြင့် ကာကွယ်ဆေးများကို ကမ်းလှမ်းသော အကြောင်းအရာ။
- အတုအယောင် ပုဂ္ဂိုလ်အသွင်အပြင်ကို တည်ဆောက်ရန် ကြိုးစားသည့်၊ နာမည်ကြီးပုဂ္ဂိုလ်ဖြစ်ဟန်ဆောင်သည့် သို့မဟုတ် ရိုက်စားလုပ်ရန် သို့မဟုတ် လိမ်လည်ရန် ကြိုးပမ်းသည့်အနေဖြင့် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး၏ပုံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည့် အကြောင်းအရာ။
- လူပုဂ္ဂိုလ်များအား ခိုးကြောင်ခိုးဝှက် ကြည့်ရှုခြင်း သို့မဟုတ် ရိုက်ကူးခြင်းကို လွယ်ကူချောမွေ့စေရန် ဒီဇိုင်းထုတ်ထားသည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၊ ဥပမာ- ထောက်လှမ်းရေး ကင်မရာများ၊ မိုဘိုင်းဖုန်း ခြေရာခံကိရိယာများ (မသိသော ဖုန်းနံပါတ်များကို ခြေရာခံနိုင်စေသည့်အရာများ အပါအဝင်) ကို ကမ်းလှမ်းသည့် သို့မဟုတ် တောင်းဆိုသည့် အကြောင်းအရာ။
- အစိုးရအဖွဲ့အစည်းတစ်ခုအသွင် သို့မဟုတ် သတင်းဌာနတစ်ခုအသွင် အယောင်ဆောင်ခြင်းဖြင့်၊ သတင်းကြီးအောင် ဖန်တီးထားသော အသုံးအနှုန်းကို အသုံးပြုခြင်းဖြင့် သို့မဟုတ် ချဲ့ကားပြောထားသော ပြောဆိုချက်များကို အသုံးပြုခြင်းဖြင့် အစုအဖွဲ့ကိုယ်စားပြု တရားစွဲဆိုခြင်းများတွင် လူများပါဝင်လာရန် အမှုသည် စုဆောင်းခြင်း အခွင့်အလမ်းများကို ကမ်းလှမ်းသည့် အကြောင်းအရာ။
- အသုံးပြုသူများအား ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းခိုင်းသည့် စာရင်းပေးသွင်းမှု ဝန်ဆောင်မှုများကို ကမ်းလှမ်းသော အကြောင်းအရာ။
- မမှန်ကန်သော လုပ်ရပ်များကို အတူပူးပေါင်း၍ ကျူးလွန်ရန်အလို့ငှာ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများပေါ်တွင် အကောင့်များစွာ အသုံးပြုခြင်း အပါအဝင် စနစ်တကျ စီစဉ်ထားသော အလိမ်အညာ သို့မဟုတ် ရိုက်စားလုပ်ခြင်း အပြုအမူတွင် ပါဝင်ခြင်း သို့မဟုတ် ထိုသို့ပါဝင်ဆောင်ရွက်ကြောင်း အခိုင်အမာဆိုခြင်းကို အဖွဲ့အစည်းများအား လုပ်ဆောင်ခွင့်မပြုထားပါ။
အချို့ကိစ္စများတွင် လူမှုစံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်နိုင်သည့် အကြောင်းအရာသည် သရော်စာဖြစ်နေသည်ဟု ဆုံးဖြတ်သည့်အခါ ၎င်းကို ကျွန်ုပ်တို့ခွင့်ပြုပါမည်။ အကြောင်းအရာတွင်ပါသည့် ချိုးဖောက်ထားသောအပိုင်းများသည် သရော်ရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်အတွက် အခြားတစ်စုံတစ်ရာ သို့မဟုတ် တစ်ဦးတစ်ယောက်အား သရော်ထားခြင်း သို့မဟုတ် ဖော်ညွှန်းထားခြင်းဖြစ်မှသာလျှင် ယင်းအကြောင်းအရာကို ခွင့်ပြုပါမည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
အလိမ်အညာ၊ ရိုက်စားလုပ်ခြင်းနှင့် လှည့်ဖြားသော အပြုအမူများနှင့်ပတ်သက်၍ အကူအညီ ရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ