အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
လက်တွေ့လောက၌ အန္တရာယ်မကျရောက်အောင် တားဆီးကာကွယ်၍ အဟန့်အတားပြုရန် အားထုတ်ကြိုးပမ်းသည့်အနေဖြင့် ကျွန်ုပ်တို့သည် အကြမ်းဖက်ရည်ရွယ်ချက်ပန်းတိုင်ကို ကြေညာသည့် သို့မဟုတ် အကြမ်းဖက်မှုတွင်ပါဝင်သည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့၏ပလက်ဖောင်းများတွင် ရှိနေခွင့်မပြုပါ။ ဤအဖွဲ့အစည်းများကို အွန်လိုင်းနှင့် ပြင်ပကမ္ဘာ နှစ်ခုစလုံးရှိ ၎င်းတို့၏ အပြုအမူများ၊ အသိသာဆုံးဆိုရသော် အကြမ်းဖက်မှုနှင့် ၎င်းတို့၏ ဆက်နွှယ်နေမှုများပေါ် အခြေခံ၍ ကျွန်ုပ်တို့ အကဲဖြတ်ပါသည်။ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် လူများဆက်သွယ်ချိတ်ဆက်ရာကွန်ရက်များကို ဤမူဝါဒအောက်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ပါသည်။ ဤသတ်မှတ်ချက်များကို အဆင့်နှစ်ဆင့်အဖြစ် ခွဲခြားထားပြီး ၎င်းတို့သည် အကြောင်းအရာ စည်းကမ်းထိန်းသိမ်းမှုအဆင့်ကို ဖော်ပြပါသည်။ အဆင့် ၁ သည် အပြင်းထန်ဆုံး စည်းကမ်းထိန်းသိမ်းမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအဖွဲ့အစည်းများသည် ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုနှင့် တိုက်ရိုက်ဆက်စပ်မှုအရှိဆုံးဟု ကျွန်ုပ်တို့ ယူဆသောကြောင့်ဖြစ်သည်။
အဆင့် ၁ သည် အရပ်သားများအပေါ် အကြမ်းဖက်ရန်အတွက် စည်းရုံးခြင်း သို့မဟုတ် ထောက်ခံအားပေးခြင်း၊ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ်အခြေခံ၍ လူများကို လူ့ဂုဏ်သိက္ခာကင်းမဲ့အောင် ထပ်တလဲလဲ အရှက်ခွဲခြင်း သို့မဟုတ် ထိုသူများကို အန္တရာယ်ပြုစေရန် အားပေးခြင်း သို့မဟုတ် စနစ်တကျ ရာဇဝတ်မှုကျူးလွန်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်း အပါအဝင် ဆိုးရွားပြင်းထန်သော ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုများ၌ ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို အဓိကထားသည်။ အဆင့် ၁ တွင် အမုန်းတရားဖြန့်ဝေသော အဖွဲ့အစည်းများ၊ အထူးသတိထားရန် သတ်မှတ်ထားသော မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားသည့် အဓိကပုဂ္ဂိုလ်များ (SDNTK များ) အဖြစ် အမေရိကန်ပြည်ထောင်စု အစိုးရက သတ်မှတ်ထားသူများအပါအဝင် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်းများအပြင် နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းများ (FTO များ) သို့မဟုတ် အထူးသတိထားရန် သတ်မှတ်ထားသော ကမ္ဘာအနှံ့ရှိ အကြမ်းဖက်သမားများ (SDGT များ) အဖြစ် အမေရိကန်ပြည်ထောင်စု အစိုးရက သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများ ပါဝင်သည်။ အဆင့် ၁ အဖွဲ့အစည်းများ၊ ၎င်းတို့၏ခေါင်းဆောင်များ၊ တည်ထောင်သူများ သို့မဟုတ် အရေးပါသော အဖွဲ့ဝင်များကို အမွှမ်းတင်ခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် ကိုယ်စားပြုခြင်းအပြင် ၎င်းတို့အား မရှင်းမလင်း ရည်ညွှန်းပြောဆိုချက်များကိုလည်း ကျွန်ုပ်တို့ဖယ်ရှားပါသည်။
ထို့အပြင် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုများ၊ အမုန်းပွားစေသော ဆောင်ရွက်ချက်များ၊ လူအမြောက်အမြားကို ထိခိုက်နစ်နာစေသည့် အကြမ်းဖက်မှု သို့မဟုတ် လူအမြောက်အမြားကို ထိခိုက်နစ်နာစေသည့် အကြမ်းဖက်မှု ကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကွင်းဆက်လူသတ်မှုများ သို့မဟုတ် အမုန်းတရားအခြေခံသော ရာဇဝတ်မှုများ အပါအဝင် ချိုးဖောက်ထားသည့် အကြမ်းဖက်ဆောင်ရွက်ချက်များဟု Meta က သတ်မှတ်ထားသော ဆောင်ရွက်ချက်များကို အမွှမ်းတင်သည့်၊ ပံ့ပိုးကူညီသည့် သို့မဟုတ် ကိုယ်စားပြုသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ကျွန်ုပ်တို့သည် (၁) ထိုသို့သော တိုက်ခိုက်မှုများကို ကျူးလွန်သူ(များ)အား အမွှမ်းတင်ခြင်း၊ ထောက်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်းများကို ခွင့်မပြုပါ။ (၂) ထိုသို့သော တိုက်ခိုက်မှုများနှင့်ဆက်စပ်၍ ကျူးလွန်သူက ဖန်တီးသည့် အကြောင်းအရာ သို့မဟုတ် (၃) အထင်အရှားထိခိုက်နစ်နာမှု ခံစားရသူများအပေါ် ထိုသို့သောတိုက်ခိုက်မှုများ ပြုလုပ်သည့် အခိုက်အတန့်ကို သရုပ်ဖော်သော ကြားခံပြင်ပပုံရိပ်များကို ခွင့်မပြုပါ။ နာဇီဝါဒနှင့် လူဖြူကြီးစိုးရေးဝါဒကဲ့သို့သော အမုန်းတရားပိုမိုတိုးပွားလာအောင် အားပေးသည့် အယူဝါဒများကို အမွှမ်းတင်သော၊ ထောက်ခံသော သို့မဟုတ် ကိုယ်စားပြုသော အကြောင်းအရာများကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားပါသည်။ ဤသတ်မှတ်ထားသော ဖြစ်ရပ်များ သို့မဟုတ် အယူဝါဒများအား မရှင်းမလင်း ရည်ညွှန်းပြောဆိုချက်များကို ကျွန်ုပ်တို့ ဖယ်ရှားသည်။
အဆင့် ၂ တွင် လက်နက်ကိုင်ပဋိပက္ခတစ်ခုအတွင်း အစိုးရ သို့မဟုတ် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင်များအပေါ် အကြမ်းဖက်ရာတွင် ပါဝင်ဆောင်ရွက်သော်လည်း အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်မထားသည့် အကြမ်းဖက်မှုကျူးလွန်သော အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်းများ ပါဝင်သည်။ ၎င်းတွင် နောင်အနာဂတ်၌ အကြမ်းဖက်မှုဖြစ်လာစေရန် ပြင်ဆင်ရာတွင် သို့မဟုတ် အားပေးထောက်ခံရာတွင် ပါဝင်ဆောင်ရွက်သော်လည်း ယနေ့အချိန်အထိ အကြမ်းဖက်မှုတွင် သေချာပေါက် ပါဝင်ထားခြင်းမရှိသည့် အကြမ်းဖက်မှုကို လှုံ့ဆော်သော အဖွဲ့အစည်းများလည်း ပါဝင်သည်။ ၎င်းတို့သည် ပလက်ဖောင်းပေါ်တွင်ဖြစ်စေ၊ ယင်းပြင်ပတွင်ဖြစ်စေ ကျွန်ုပ်တို့၏ အမုန်းစကားဆိုင်ရာ သို့မဟုတ် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒများအား ချိုးဖောက်မှုများတွင် ထပ်တလဲလဲ ပါဝင်နေနိုင်သည့် အဖွဲ့အစည်းများလည်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအဖွဲ့အစည်းများ၊ ၎င်းတို့၏ခေါင်းဆောင်များ၊ တည်ထောင်သူများ သို့မဟုတ် အရေးပါသော အဖွဲ့ဝင်များကို အမွှမ်းတင်မှု၊ ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့မှုနှင့် ကိုယ်စားပြုမှုကို ဖယ်ရှားသည်။
လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အကျယ်တဝင့်ရေးသားပြောဆိုချက်များ တင်ပြကြသည့် အခြေအနေတွင် သတ်မှတ်ထားသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ရည်ညွှန်းပြောဆိုချက်များ ပါဝင်သည့် အကြောင်းအရာများအား အသုံးပြုသူများအနေဖြင့် မျှဝေနိုင်သည်ကို ကျွန်ုပ်တို့သိရှိနားလည်ပါသည်။ ၎င်းတွင် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုဖြစ်စေ၊ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကိုဖြစ်စေ သတင်းအစီရင်ခံသော၊ ကြားနေသဘောဖြင့် ဆွေးနွေးသော သို့မဟုတ် ပြစ်တင်ရှုတ်ချသော အကြောင်းအရာများ ပါဝင်ပါသည်။
သတင်းအစီရင်ခံခြင်းတွင် သတ်မှတ်ထားသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ပတ်သက်သည့် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အဖြစ်အပျက်များအကြောင်း လူများပိုမိုသတိပြုမိစေရန် မျှဝေသည့် အချက်အလက်များ ပါဝင်သည်။
  • ဥပမာ- "ကြားဖြတ်သတင်း- ဆိုမာလီယာတွင် တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း Al-Shabab က အခိုင်အမာဆို"
  • ဥပမာ- "အချိန်နှင့်တစ်ပြေးညီဖြစ်ရပ်များနှင့် ကျွမ်းကျင်သူ ဆန်းစစ်လေ့လာမှု- Buffalo စူပါမားကတ်မှာ ပစ်ခတ်မှု ဘယ်လိုဖြစ်ပွားခဲ့သလဲ၊ ပြစ်မှုကျူးလွန်သူက တရားရုံးမှာ ဘာပြောခဲ့သလဲ”
ကြားနေသဘောဖြင့် ဆွေးနွေးမှုတွင် ဖြစ်ရပ်မှန်ထုတ်ပြန်ချက်များ၊ ထင်မြင်သုံးသပ်ချက်၊ မေးခွန်းများနှင့် သတ်မှတ်ထားသည့် အန္တရာယ်ရှိသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်နှင့် ၎င်းတို့၏အပြုအမူနှင့်ပတ်သက်၍ အပြုသဘောဆောင်သော ထင်မြင်ချက်ကို မဖော်ပြသည့် အခြားအချက်အလက်များ ပါဝင်သည်။
  • ဥပမာ- "ခေါင်းဆောင်မှုနဲ့ ဘဏ္ဍာရေးချို့တဲ့မှုကို ထည့်စဉ်းစားရင် Al Qaeda သည် ISIS ထက် အန္တရာယ်ပိုနည်းတယ်"
  • ဥပမာ- "အစွန်းရောက်သွားတဲ့ လုပ်ဆောင်မှုမျိုးက ဘယ်လောက်ရှုပ်ထွေးနိုင်လဲဆိုတာ Anders Breivik က ဥပမာတစ်ခုအနေနဲ့ ပြသနေပါတယ်"
ပြစ်တင်ရှုတ်ချခြင်းတွင် သတ်မှတ်ထားသည့် အန္တရာယ်ရှိသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်နှင့် ၎င်းတို့၏အပြုအမူနှင့်ပတ်သက်၍ သဘောမကျခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ ငြင်းပယ်ခြင်း၊ ဝေဖန်ခြင်း၊ သရော်ခြင်းနှင့် အခြားအဆိုးမြင်သော သုံးနှုန်းဖော်ပြချက်များ ပါဝင်သည်။
  • ဥပမာ- “Salvador Ramos ရဲ့ ရာဇဝတ်မှုကို ကျွန်တော် ရွံရှာမိပါတယ်။ တရားသူကြီးရဲ့ စကားလုံးတွေက ကျွန်တော့်စိတ်ထဲကို အလွန်စွဲထင်နေစေခဲ့ပါတယ်။ တရားရုံးက သူ့ကို မသက်ညှာသင့်ဘူး"
  • ဥပမာ- “ဟစ်တလာရဲ့ ရာဇဝတ်မှုတွေကို ဘယ်တော့မှ မမေ့ရဘူး။ ဒါတွေက သမိုင်းမှာ ယုတ်မာအရက်စက်ဆုံး အခိုက်အတန့်တွေထဲက တချို့ပဲ"
ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်မှု ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို တစ်ချိန်တည်းတွင် နည်းပါးအောင် လုပ်ဆောင်လျက် ဤဆွေးနွေးမှု အမျိုးအစားများအတွက် နေရာပေးရန် ရည်ရွယ်ကာ ကျွန်ုပ်တို့၏ မူဝါဒများကို ရေးဆွဲထားသည်။ ထို့ကြောင့် ထိုကဲ့သို့သောအကြောင်းအရာကို ဖန်တီး သို့မဟုတ် မျှဝေသည့်အခါ မိမိတို့၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးရန် ကျွန်ုပ်တို့က တောင်းဆိုရခြင်း ဖြစ်သည်။ အသုံးပြုသူတစ်ဦး၏ ရည်ရွယ်ချက်မှာ မရေရာမပြတ်သားပါက သို့မဟုတ် မရှင်းလင်းပါက ကျွန်ုပ်တို့သည် အကြောင်းအရာကို ဖယ်ရှားရန် ပုံသေသတ်မှတ်ထားသည်။
အကြောင်းအရာတွင် သတ်မှတ်ထားသော အဖွဲ့အစည်းများအား အခြားသော အမွှမ်းတင်မှု၊ ပံ့ပိုးကူညီမှု သို့မဟုတ် ကိုယ်စားပြုမှု သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်မှုကဲ့သို့ အခြားမူဝါဒချိုးဖောက်မှုများ မပါဝင်လျှင် သတ်မှတ်ထားသော လူပုဂ္ဂိုလ်များ သို့မဟုတ် သတ်မှတ်ထားသော အန္တရာယ်ရှိသည့် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့်ပတ်သက်၍ လူ့အခွင့်အရေးကိစ္စဆွေးနွေးမှုများကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့်အညီ ကျွန်ုပ်တို့၏ မူဝါဒများအရ ခွင့်ပြုပါသည်။
နိုင်ငံတကာမှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေးများအပေါ် ကျွန်ုပ်တို့၏ ကတိပြုဆောင်ရွက်ချက်အကြောင်း အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို ကြည့်ပါ။
အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်-
အန္တရာယ်ရှိသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အမျိုးမျိုးအား အမွှမ်းတင်မှု၊ ပံ့ပိုးကူညီမှုနှင့် ကိုယ်စားပြုမှုတို့ကို ကျွန်ုပ်တို့ဖယ်ရှားသည်။ ဤသဘောတရားများသည် အဖွဲ့အစည်းများကိုယ်၌သာမက ၎င်းတို့၏လှုပ်ရှားဆောင်ရွက်မှုများနှင့် ၎င်းတို့၏ အဖွဲ့ဝင်များအပေါ်လည်း သက်ရောက်သည်။ ဤသဘောတရားများသည် သီးခြားနိုင်ငံရေးဆိုင်ရာ ရလဒ်များအတွက် ငြိမ်းချမ်းသော ထောက်ခံအားပေးမှုကို တားမြစ်ပိတ်ပင်ခြင်းမရှိပါ။
အောက်ပါတို့ထဲမှ တစ်ခုခုအဖြစ် သတ်မှတ်ထားသော အမွှမ်းတင်မှု-
  • အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ ရက်စက်ကြမ်းကြုတ်သော သို့မဟုတ် အမုန်းပွားသော လုပ်ရပ်များတွင် ၎င်းတို့ကို လက်သင့်ခံနိုင်စေသည့် သို့မဟုတ် ကျိုးကြောင်းဆီလျော်စေသည့် ကိုယ်ကျင့်သိက္ခာနှင့်ဆိုင်သော၊ နိုင်ငံရေးနှင့်ပတ်သက်သော၊ ယုတ္တိတန်သော သို့မဟုတ် အခြားသော ကျိုးကြောင်းပြချက်တစ်ခုရှိကြောင်း အခိုင်အမာဆိုခြင်းဖြင့် အဆိုပါလုပ်ရပ်များကို တရားဝင်ဖြစ်စေခြင်း သို့မဟုတ် ခုခံကာကွယ်ပေးခြင်း။
    • ဥပမာ- "ဟစ်တလာက ဘာအမှားမှ မလုပ်ခဲ့ဘူး။"
  • သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းတရားကို အောင်မြင်မှု သို့မဟုတ် ပြီးမြောက်မှုတစ်ခုအဖြစ် ဖော်ပြခြင်း သို့မဟုတ် ဂုဏ်ပြုခြင်း။
    • ဥပမာ- “လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ကက်ရှ်မီးယား ဖြစ်လာဖို့အတွက် Hizbul Mujahideen က စစ်ပွဲကို အနိုင်ရအောင် တိုက်နေပါတယ်"
  • အဖွဲ့ဝင်ဖြစ်ရန် ပြင်းပြသောဆန္ဒကိုပြဆိုသော ရေးသားဖော်ပြချက် သို့မဟုတ် သင်သည် သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်လိုကြောင်း သို့မဟုတ် စည်းကမ်းချိုးဖောက်သော အကြမ်းဖက်ဖြစ်ရပ်တစ်ခုကို ကျူးလွန်သူဖြစ်လိုကြောင်း ရေးသားဖော်ပြချက်။
    • ဥပမာ- "ISIS နဲ့ ပူးပေါင်းပြီး Khilafah ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်တယ်"
အဆင့် ၁ နှင့် အဆင့် ၂ အဖွဲ့အစည်းများအပြင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ဆောင်ရွက်ချက်များအား အမွှမ်းတင်မှုကို ကျွန်ုပ်တို့ ဖယ်ရှားသည်။
အဆင့် ၁ နှင့် သတ်မှတ်ထားသော ဆောင်ရွက်ချက်များအတွက် အသုံးပြုသူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မဖော်ပြထားလျှင် မရှင်းလင်းသော သို့မဟုတ် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာ မရှိသော ရည်ညွှန်းပြောဆိုချက်များကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည်။ ၎င်းတွင် သတ်မှတ်ထားသော အဖွဲ့အစည်း၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းတင်မထားသည့် မရေရာမရှင်းလင်းသော ဟာသ၊ ခေါင်းစဉ်မပါသော သို့မဟုတ် အပြုသဘောဆောင်သော ရည်ညွှန်းပြောဆိုချက်များ ပါဝင်သည်။
အောက်ပါတို့ထဲမှ တစ်ခုခုအဖြစ် သတ်မှတ်ထားသော ပံ့ပိုးကူညီမှု-
  • ရုပ်ဝတ္ထုပစ္စည်း ပံ့ပိုးကူညီမှု
    • သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ လျှို့ဝှက်ဘဏ်အကောင့်သို့ ငွေထည့်ပေးခြင်း သို့မဟုတ် ၎င်းမှတစ်ဆင့် ငွေကို ကဲ့ထုတ်ခြင်း အပါအဝင် သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ ငွေရေးကြေးရေး အခြေအနေကို တိုးပွားစေသော မည်သည့်လုပ်ရပ်မဆို။
      • ဥပမာ- "KKK ကို လှူဒါန်းကြပါ။"
    • သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်တစ်ခုအား ရုပ်ဝတ္ထုအထောက်အပံ့ပေးသော မည်သည့်လုပ်ရပ်မဆို။
      • ဥပမာ- "Sinaloa Cartel သို့ ရိက္ခာထုပ်များ ပို့ချင်ပါက ဒီလိပ်စာကို အသုံးပြုပါ-"
    • သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်တစ်ခု၏ ကိုယ်စား လူစုဆောင်းပေးခြင်း။
      • ဥပမာ- "Caliphate ကို ထောက်ခံအားပေးပြီး တိုက်ပွဲဝင်ချင်ရင် ကျွန်ုပ်ကို တိုက်ရိုက်မက်ဆေ့ပို့ပါ"
  • အခြားသော ပံ့ပိုးကူညီမှု
    • သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်တစ်ခု၏ကိုယ်စား တရားဝင် ဆက်သွယ်ပြောဆိုမှုများ အပါအဝင် အချက်အလက်များ သို့မဟုတ် မှီငြမ်းကိုးကားစရာများကို ဖြန့်ဖြူးထုတ်လွှင့်ပေးခြင်း
      • ဥပမာ- ရှုတ်ချသော၊ ကြားနေသဘောဖြင့် ဆွေးနွေးသော သို့မဟုတ် သတင်းအစီရင်ခံခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စာတန်းမပါဘဲ သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုကို တိုက်ရိုက်ကိုးကားခြင်း။
    • သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်တစ်ခု၏ ကိုယ်စား စည်းရုံးလှုံ့ဆော် ဖိတ်ခေါ်မှုကို ဖြန့်ဝေခြင်း။
      • ဥပမာ- "Atomwaffen ဌာနခွဲကို ဆက်သွယ်ရန် - (XXX) XXX-XXXX"
ကျွန်ုပ်တို့သည် အဆင့် ၁ အဖွဲ့အစည်းများအား ပံ့ပိုးကူညီမှုနှင့် အဆင့် ၂ အဖွဲ့အစည်းများအား ရုပ်ဝတ္ထုပစ္စည်း ပံ့ပိုးမှုအားလုံးကို ဖယ်ရှားပါသည်။
အောက်ပါတို့ထဲမှ တစ်ခုခုအဖြစ် သတ်မှတ်ထားသော ကိုယ်စားပြုမှု-
  • သင်သည် သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သို့မဟုတ် သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဖော်ပြခြင်း။
    • ဥပမာ- "ငါက KKK ရဲ့ အရာရှိတစ်ယောက်ပဲ။"
  • သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်သော သို့မဟုတ် ၎င်းတို့က ပိုင်ဆိုင်သည်ဟုဆိုသော သို့မဟုတ် ၎င်းတို့ကိုယ်စား လုပ်ဆောင်သော သို့မဟုတ် သတ်မှတ်ထားသော ဆောင်ရွက်ချက်တစ်ခုဖြစ်သော သို့မဟုတ် ထိုဆောင်ရွက်ချက်ဖြစ်ကြောင်းဆိုသော စာမျက်နှာ၊ ပရိုဖိုင်၊ ပွဲအစီအစဉ်၊ အဖွဲ့ သို့မဟုတ် အခြား Facebook အဖွဲ့အစည်းတစ်ခုကို ဖန်တီးခြင်း။
    • ဥပမာ- "အမေရိကန် နာဇီပါတီ" ဟု အမည်တပ်ထားသော စာမျက်နှာတစ်ခု။
အဆင့် ၁ နှင့် ၂ ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ဆောင်ရွက်ချက်များအား ကိုယ်စားပြုမှုကို ကျွန်ုပ်တို့ ဖယ်ရှားသည်။
အန္တရာယ်ရှိသောအဖွဲ့အစည်း အမျိုးအစားများနှင့် အဆင့်များ
အဆင့် 1- အကြမ်းဖက်ဝါဒ၊ အကွက်ချစီစဉ်ထားသော မုန်းတီးရေးလုပ်ရပ်၊ ရာဇဝတ်မှုဆိုင်ရာ အကြီးအကျယ် လှုပ်ရှားဆောင်ရွက်မှု၊ လူအမြောက်အမြား ထိခိုက်နစ်နာစေသော အကြမ်းဖက်မှုပြုလုပ်ရန် ကြိုးပမ်းခြင်း၊ လူအမြောက်အမြား ထိခိုက်နစ်နာစေသော အကြမ်းဖက်မှု၊ ကွင်းဆက် လူသတ်မှုများနှင့် စည်းကမ်းချိုးဖောက်ထားသည့် အကြမ်းဖက်ဖြစ်ရပ်များ
အထူးအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော မူးယစ်ဆေးဝါးများကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွင် အဓိကပါဝင်သူများ (SDNTK များ) အဖြစ် အမေရိကန်ပြည်ထောင်စုအစိုးရက သတ်မှတ်ထားသူများ အပါအဝင် အကွက်ချစီစဉ်ထားသော ရာဇဝတ်မှုတွင်ပါဝင်သော လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများ၊ နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းများ (FTO များ) သို့မဟုတ် အထူးအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ကမ္ဘာအနှံ့ အကြမ်းဖက်သမားများ (SDGT များ) အဖြစ် အမေရိကန်ပြည်ထောင်စုအစိုးရက သတ်မှတ်ထားသည့် အဖွဲ့အစည်းများအပါအဝင် အမုန်းစကား သို့မဟုတ် အကြမ်းဖက်ဝါဒဖြန့် အဖွဲ့အစည်းများကို ပလက်ဖောင်းပေါ်တွင် ရှိနေခွင့်မပြုပါ။ ဤအဖွဲ့အစည်းများအား အခြားလူများမှ ကိုယ်စားပြုခြင်းကိုလည်း ကျွန်ုပ်တို့ ခွင့်မပြုပါ။ ဤအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ သို့မဟုတ် အရေးပါသော အဖွဲ့ဝင်များအား ပလက်ဖောင်းပေါ်တွင် ရှိနေခွင့်မပြုသလို ပလက်ဖောင်းပေါ်တွင် ၎င်းတို့ကို ကိုယ်စားပြုရန် အသုံးပြုသော သင်္ကေတများ သို့မဟုတ် ၎င်းတို့အား မရှင်းမလင်း ရည်ညွှန်းပြောဆိုချက်များ အပါအဝင် ၎င်းတို့ကိုဖြစ်စေ၊ ၎င်းတို့၏လုပ်ရပ်များကိုဖြစ်စေ အမွှမ်းတင်သော အကြောင်းအရာတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ထို့အပြင် အဆိုပါ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် မည်သည့်ပံ့ပိုးကူညီမှုမျိုးကိုမဆို ကျွန်ုပ်တို့ ဖယ်ရှားသည်။
ထို့အပြင် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုများ၊ အမုန်းပွားစေသောဖြစ်ရပ်များ၊ လူအမြောက်အမြားကို ထိခိုက်နစ်နာစေသည့် အကြမ်းဖက်မှု သို့မဟုတ် လူအမြောက်အမြားကို ထိခိုက်နစ်နာစေသည့် အကြမ်းဖက်မှု ကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကွင်းဆက် လူသတ်မှုများ၊ အမုန်းတရားအခြေခံသော ရာဇဝတ်မှုများ သို့မဟုတ် စည်းကမ်းချိုးဖောက်သော အကြမ်းဖက်ဖြစ်ရပ်များအဖြစ် Meta က သတ်မှတ်ထားသော ဖြစ်ရပ်များကို အမွှမ်းတင်သည့်၊ ထောက်ခံသည့် သို့မဟုတ် ကိုယ်စားပြုသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ကျွန်ုပ်တို့သည် (၁) ထိုသို့သော တိုက်ခိုက်မှုများကို ကျူးလွန်သူ(များ)အား အမွှမ်းတင်သော၊ ပံ့ပိုးကူညီသော သို့မဟုတ် ကိုယ်စားပြုသော အကြောင်းအရာများကို ခွင့်မပြုပါ။ (၂) ထိုသို့သော တိုက်ခိုက်မှုများနှင့်ဆက်စပ်၍ ကျူးလွန်သူက ဖန်တီးသည့် အကြောင်းအရာ သို့မဟုတ် (၃) အထင်အရှားထိခိုက်နစ်နာမှု ခံစားရသူများအပေါ် ထိုသို့သောတိုက်ခိုက်မှုများ ပြုလုပ်သည့် အခိုက်အတန့်ကို သရုပ်ဖော်သော ကြားခံပြင်ပပုံရိပ်များကို ခွင့်မပြုပါ။
သတ်မှတ်ထားသော အမုန်းပွားစေသည့် အယူဝါဒများအား အမွှမ်းတင်မှု၊ ပံ့ပိုးမှု သို့မဟုတ် ကိုယ်စားပြုမှုအပြင် ၎င်းတို့အား မရှင်းမလင်း ရည်ညွှန်းပြောဆိုမှုများကိုလည်း ကျွန်ုပ်တို့ ခွင့်မပြုပါ။
အောက်ပါတို့ကို ပြုလုပ်သည့် အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အကြမ်းဖက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ-
  • ရည်ရွယ်ချက်ရှိရှိ၊ စီစဉ်ထားသော အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်း၊ ယင်းလုပ်ရပ်များကို ထောက်ခံအားပေးခြင်း သို့မဟုတ် အခိုင်အမာ ပံ့ပိုးကူညီခြင်း။
  • လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားနေစဉ် ပြည်သူများ သို့မဟုတ် စစ်မက်ရေးရာနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို သေစေခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် ပြင်းထန်စွာ ထိခိုက်နစ်နာစေခြင်း သို့မဟုတ် ထိုသို့ဖြစ်စေရန်ကြိုးပမ်းခြင်း နှင့်/သို့မဟုတ် ပြည်သူများကို သေစေခြင်း၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် ပြင်းထန်စွာ ထိခိုက်နစ်နာစေခြင်းများနှင့် ဆက်စပ်သည့် မြေရာအဆောက်အအုံကို သိသာစွာ ထိခိုက်ပျက်စီးစေခြင်း
  • ပြည်သူလူထု၊ အစိုးရ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို အကျပ်ကိုင်ရန်၊ ခြိမ်းခြောက်ရန် နှင့်/သို့မဟုတ် လွှမ်းမိုးရန် ရည်ရွယ်ချက်ရှိခြင်း
  • နိုင်ငံရေး၊ ဘာသာရေး သို့မဟုတ် အယူဝါဒရေးရာ ရည်မှန်းချက်တစ်ခု ပြည့်မြောက်အောင်မြင်စေရန်။
အခြားသူများကို ၎င်းတို့၏နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ အမုန်းပွားစေရန် ဖြန့်ဝေတိုက်တွန်းသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသည့် အမုန်းပွား အဖွဲ့အစည်း။ ထိုအဖွဲ့အစည်း၏ လှုပ်ရှားဆောင်ရွက်မှုများမှာ အနည်းဆုံး အောက်ပါအပြုအမူအချို့၏ အသွင်ဆောင်ပါသည်-
  • လူများကို ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ ပစ်မှတ်ထားသည့် အကြမ်းဖက်မှု၊ ခြိမ်းခြောက်သော ပြောဆိုချက် သို့မဟုတ် အန္တရာယ်ရှိသော ထိပါးနှောင့်ယှက်မှုပုံစံများ။
  • အမုန်းစကားကို ထပ်ခါတလဲလဲအသုံးပြုခြင်း။
  • အမုန်းတရားအခြေခံ အယူဝါဒများ သို့မဟုတ် အခြားသတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းများကို ကိုယ်စားပြုခြင်းနှင့်/သို့မဟုတ်
  • အခြားသတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေသည့်အဖွဲ့အစည်းများ သို့မဟုတ် အမုန်းတရားအခြေခံ အယူဝါဒများကို အမွှမ်းတင်ခြင်း သို့မဟုတ် ထောက်ခံခြင်း။
အောက်ပါတို့ကို ပြုလုပ်သော လူသုံးဦး သို့မဟုတ် သုံးဦးထက်ပိုရှိသည့် အသင်းအဖွဲ့တစ်ခုအဖြစ် သတ်မှတ်သော ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်းများ-
  • အမည်၊ အရောင်(များ)၊ လက်ဟန်ပန်အမူအရာ(များ) သို့မဟုတ် အသိအမှတ်ပြုထားသော အမှတ်အသားတစ်ခုဖြင့် ဖွဲ့စည်းထားပြီး
  • လူသတ်မှု၊ တရားမဝင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းကဲ့သို့သော ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွင် ပါဝင်ထားခြင်း သို့မဟုတ် ပါဝင်ရန် ခြိမ်းခြောက်ခြင်း။
လူအမြောက်အမြားကို ထိခိုက်နစ်နာစေသော အကြမ်းဖက်မှုနှင့် ကွင်းဆက်လူသတ်မှုများ
  • သေဆုံးမှု သို့မဟုတ် ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှုအဖြစ် သတ်မှတ်သော ဖြစ်ရပ်တစ်ခုတွင် အသေအပျောက် သုံးဦး သို့မဟုတ် သုံးဦးထက်ပိုရှိပါက အဆိုပါဖြစ်ရပ်ကို လူအမြောက်အမြား ထိခိုက်နစ်နာစေသော အကြမ်းဖက်မှု သို့မဟုတ် လူအမြောက်အမြား ထိခိုက်နစ်နာစေသော အကြမ်းဖက်မှုပြုလုပ်ရန် ကြိုးပမ်းမှုအဖြစ် ကျွန်ုပ်တို့ ယူဆပါသည်။ ထိုတိုက်ခိုက်မှုတစ်ခုကို ကျူးလွန်သော မည်သည့်လူပုဂ္ဂိုလ်ကိုမဆို လူအမြောက်အမြား ထိခိုက်နစ်နာစေသော အကြမ်းဖက်မှု၏ ပြစ်မှုကျူးလွန်သူ သို့မဟုတ် ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းသူအဖြစ် ယူဆပါသည်။
  • ဖြစ်ရပ်အများအပြား သို့မဟုတ် နေရာအများအပြားတွင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော လူသတ်မှုများ ကျူးလွန်သော မည်သူကိုမဆို ကွင်းဆက်လူသတ်သမားအဖြစ် မှတ်ယူပါသည်။
အမုန်းပွားစေသော အယူဝါဒများ
  • အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ကျွန်ုပ်တို့၏သတ်မှတ်မှုများသည် အပြုအမူအပေါ်တွင် အဓိကထားသော်လည်း အကြမ်းဖက်မှုနှင့် အခြားသူများကို ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ် အခြေခံ၍ အကြမ်းဖက်ရန် သို့မဟုတ် ဖယ်ကြဉ်ရန်အတွက် လူများကို စည်းရုံး၊ တိုက်တွန်းရန် ကြိုးပမ်းမှုတို့နှင့် ပင်ကိုအားဖြင့် ဆက်စပ်နေသည့် အချို့သော အယူဝါဒများနှင့် ယုံကြည်ချက်များရှိသည်ကိုလည်း ကျွန်ုပ်တို့သိရှိနားလည်သည်။ ဤအခြေအနေများတွင် အယူဝါဒသက်သက်ကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ပြီး ထိုအယူဝါဒအား ပံ့ပိုးကူညီသော အကြောင်းအရာများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းမှ ဖယ်ရှားသည်။ ထိုအယူဝါဒများတွင် ပါဝင်သည်မှာ-
    • နာဇီဝါဒ
    • လူဖြူကြီးစိုးရေးဝါဒ
    • လူဖြူအမျိုးသားရေးဝါဒ
    • လူဖြူ ခွဲခြားရေးဝါဒ
  • ဤအယူဝါဒများကို အတိအလင်း အမွှမ်းတင်ခြင်း၊ ပံ့ပိုးခြင်းနှင့် ကိုယ်စားပြုခြင်းတို့ကို ကျွန်ုပ်တို့ဖယ်ရှားပြီး ဤအမုန်းပွားစေသော အယူဝါဒ တစ်ခုနှင့်အထက်ကို ယုံကြည်လက်ခံထားသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဖယ်ရှားပါသည်။
အဆင့် ၂- အကြမ်းဖက်မှုကျူးလွန်သော အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်းများနှင့် အကြမ်းဖက်မှုကို လှုံ့ဆော်သော အဖွဲ့အစည်းများ
အကြမ်းဖက်မှုကျူးလွန်သော အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်းများ သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်သော အဖွဲ့အစည်းများအဖြစ် Meta က သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့၏ပလက်ဖောင်းပေါ်တွင် ရှိနေခွင့်မပြုပါ သို့မဟုတ် ၎င်းတို့၏ကိုယ်စား အခြားသူများက ပံ့ပိုးဆောင်ရွက်၍ တည်ရှိနေခြင်းကို ခွင့်မပြုပါ။ အဆိုပါလူမှုအဖွဲ့အစည်းများသည် လက်နက်ကိုင် ပဋိပက္ခများအတွင်း အစိုးရ သို့မဟုတ် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင်များအပေါ် အကြမ်းဖက်ရာတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသောကြောင့် (အကြမ်းဖက်မှုကျူးလွန်သော အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်းများ ဖြစ်သောကြောင့်) သို့မဟုတ် နောင်တွင်အကြမ်းဖက်မှု အခြေအနေများဖြစ်လာစေရန် ပြင်ဆင်ခြင်း သို့မဟုတ် အားပေးခြင်း သို့မဟုတ် ဖန်တီးခြင်း ပြုလုပ်သောကြောင့် (အကြမ်းဖက်မှုကို လှုံ့ဆော်သော အဖွဲ့အစည်းများ ဖြစ်သောကြောင့်) ၎င်းတို့အား ရုပ်ဝတ္ထုပစ္စည်း ပံ့ပိုးမှုကို ခွင့်မပြုပါ။ ဤအဖွဲ့အစည်းများအား အမွှမ်းတင်မှုကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားပါမည်။
အောက်ပါတို့ကို လုပ်ဆောင်သည့် အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက်မှုကျူးလွန်သော အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်းများ-
  • လက်နက်ကိုင်ပဋိပက္ခ အခြေအနေတစ်ခု၌ စစ်ပြုခြင်းတွင် တိုက်ရိုက်ပါဝင်သော အစိုးရ၊ စစ်တပ် သို့မဟုတ် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားသည့် ရည်ရွယ်ချက်ရှိရှိ၊ စီစဉ်ထားသော ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှု လုပ်ရပ်ပုံစံတွင် ပါဝင်ဆောင်ရွက်သော်လည်း ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုဖြင့် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ အတိအလင်း ပစ်မှတ်မထားခြင်း။ နှင့်/သို့မဟုတ်
  • လူ့အဖွဲ့အစည်းများကို အလွန်အရေးပါသော အခြေခံအဆောက်အအုံများ သို့မဟုတ် သဘာဝသယံဇာတများကို အသုံးပြုခွင့်မရအောင် ပိတ်ပင်ခြင်း။ နှင့်/သို့မဟုတ်
  • အရပ်သားများ သေဆုံးမှု၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ဆိုးရွားသော ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိစေဘဲ အခြေခံအဆောက်အအုံကို သိသိသာသာ ပျက်စီးစေရန် ရည်ရွယ်သည့် တိုက်ခိုက်မှုပုံစံတစ်ခုတွင် ပါဝင်ဆောင်ရွက်ခြင်း။
အကြမ်းဖက်မှုကို လှုံ့ဆော်သော အဖွဲ့အစည်းများကို အောက်ပါအတိုင်း သတ်မှတ်ထားသည်-
အကြမ်းဖက်မှုကို လှုံ့ဆော်သော အဖွဲ့အစည်း (ယေဘုယျ) ဆိုသည်မှာ အောက်ပါတို့ကို လုပ်ဆောင်သည့် အရပ်ဘက်လူပုဂ္ဂိုလ်/အဖွဲ့အစည်း ဖြစ်သည်-
  • အစိုးရအစား သို့မဟုတ် အစိုးရနှင့်အတူ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် အစိုးရစည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်ချက် (ရဲဌာန၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးကဲ့သို့) ကို အကြမ်းဖက်နည်းဖြင့် ဆောင်ရွက်ရန် သို့မဟုတ် အစိုးရစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းဆောင်တာကို အကြမ်းဖက်နည်းဖြင့် နှောင့်ယှက်ရန်မှာ ၎င်း၏ ဖော်ပြထားသော ရည်မှန်းချက် သို့မဟုတ် ရည်ရွယ်ထားသော လုပ်ဆောင်ချက် ဖြစ်နေခြင်း။
  • ဤဖော်ပြထားသော ရည်မှန်းချက်ဆီသို့ ဦးတည်ဆောင်ရွက်သည့် အဓိကခြေလှမ်းကို Meta ၏ ပလက်ဖောင်းများပေါ်တွင် စတင်ထားခြင်းနှင့်
  • ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို ပြုလုပ်ရန် ခြိမ်းခြောက်သည့် သို့မဟုတ် လှုံ့ဆော်သည့် ဖြစ်ရပ်များစွာတွင် ပါဝင်ထားခြင်း (အွန်လိုင်းတွင်ဖြစ်စေ၊ ပြင်ပကမ္ဘာတွင်ဖြစ်စေ)။
အမုန်းတရားကြောင့် တားမြစ်ခံထားရသောအဖွဲ့အစည်း ဆိုသည်မှာ-
  • အမုန်းပွားစေသော အပြုအမူ သို့မဟုတ် အပြောအဆိုများတွင် ထပ်ခါတလဲလဲပါဝင်နေသော်လည်း ၎င်းတို့သည် အကြမ်းဖက်မှုတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် အကြမ်းဖက်မှုကို အတိအလင်း ထောက်ခံခြင်း မရှိသောကြောင့် သို့မဟုတ် ယခင်သတ်မှတ်ထားသော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် လုံလောက်သည့်ဆက်နွှယ်မှု မရှိသောကြောင့် အဆင့် ၁ အဖွဲ့အစည်းအဆင့်အထိ မရောက်ရှိသေးသည့် အရပ်ဘက် လူပုဂ္ဂိုလ်/အဖွဲ့အစည်းဖြစ်သည်။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
  • အချို့ကိစ္စများတွင် လူမှုစံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်နိုင်သည့် အကြောင်းအရာများသည် သရော်စာဖြစ်နေသည်ဟု ဆုံးဖြတ်သည့်အခါ ၎င်းတို့ကို ကျွန်ုပ်တို့ ခွင့်ပြုပါမည်။ အကြောင်းအရာတွင်ပါသည့် ချိုးဖောက်ထားသောအပိုင်းများသည် သရော်ရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်အတွက် အခြားတစ်စုံတစ်ရာ သို့မဟုတ် တစ်ဦးတစ်ယောက်အား သရော်ထားခြင်း သို့မဟုတ် ဖော်ညွှန်းထားခြင်းဖြစ်မှသာလျှင် ယင်းအကြောင်းအရာကို ခွင့်ပြုပါမည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
အချက်အလက်
နောက်ဆုံးထုတ်ပြန်ထားသော လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာကို ကြည့်ရှုရန်
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဆိုင်ရာ ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ