အွန်လိုင်းလုံခြုံရေး

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
ကျွန်ုပ်တို့ အသုံးပြုသူများ၏ အန္တရာယ်ကင်းရှင်းရေးတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်၊ အကောင့်များ၊ ပရိုဖိုင်များနှင့် ၎င်းတို့စီမံနိုင်သည့် အခြား Meta အဖွဲ့အစည်းများအပြင် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ဘေးကင်းလုံခြုံရေးတို့ ယေဘုယျအားဖြင့် ပါဝင်နေကြောင်းကို ကျွန်ုပ်တို့ သိရှိနားလည်ပါသည်။ လှည့်ဖြားသော သို့မဟုတ် နှောင့်ယှက်သော နည်းလမ်းများဖြင့် ထိခိုက်လွယ်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းရန် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲမှုတွင် ပါဝင်ဆောင်ရွက်ရန် ကြိုးပမ်းမှုများသည် ကျွန်ုပ်တို့အားပေးမြှင့်တင်လိုသော စစ်မှန်ပွင့်လင်းပြီး ဘေးကင်းလုံခြုံသည့် ရပ်ဝန်းတစ်ခုကို ထိခိုက်စေပါသည်။
ကျွန်ုပ်တို့သည် အောက်ပါတို့ကို ခွင့်မပြုပါ-
ခွင့်ပြုချက်မရှိသော နည်းလမ်းများအသုံးပြု၍ အကောင့်များကို ထိခိုက်အောင်လုပ်ရန် သို့မဟုတ် အကောင့်များကို ဝင်ရောက်သုံးစွဲရန် ကြိုးပမ်းမှုများ။ ယင်းတို့တွင် ပါဝင်သည်မှာ-
  • လိမ်လည်လှည့်ဖြားသော နည်းလမ်းများဖြင့် သို့မဟုတ် အကောင့်ပိုင်ရှင်၊ ပရိုဖိုင်ပိုင်ရှင် သို့မဟုတ် အဖွဲ့အစည်းပိုင်ရှင်ထံမှ အတိအလင်း ခွင့်ပြုချက်မရှိဘဲ မိမိကိုယ်ပိုင်မဟုတ်သည့် အကောင့်များ၊ ပရိုဖိုင်များ သို့မဟုတ် အခြားသော Meta အဖွဲ့အစည်းများကို ဝင်ရောက်အသုံးပြုခြင်း။
  • အောက်ပါ နည်းလမ်းများသုံး၍ အပါအဝင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုရန် ရည်ရွယ်ချက်အတွက် အခြားအသုံးပြုသူ၏ လော့ဂ်အင်ဝင်မှု အချက်အလက်များ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် အခြားထိခိုက်လွယ်သော အသုံးပြုသူ အချက်အလက်များကို ရယူခြင်း၊ ရရှိခြင်း သို့မဟုတ် တောင်းဆိုခြင်း-
    • ထိခိုက်လွယ်သော အသုံးပြုသူအချက်အလက်ကို လိမ်လည်ရယူရန် ရည်ရွယ်ချက်ဖြင့် ပိုမို၍ယုံကြည်စိတ်ချရသော သို့မဟုတ် ဂုဏ်သိက္ခာရှိသော ဆက်သွယ်မှုများ သို့မဟုတ် ဝက်ဘ်ဆိုက်များနှင့်တူအောင် ဒီဇိုင်းထုတ်ထားသည့် ဆက်သွယ်မှုများ သို့မဟုတ် ဝက်ဘ်ဆိုက်များကို ဖန်တီးသည့် လုပ်ရပ်အဖြစ် သတ်မှတ်ထားသော အချက်အလက် လိမ်လည်ခိုးယူမှု။
    • အသုံးများသော အကောင့်ပြန်ရယူမှု သို့မဟုတ် စကားဝှက်ပြန်ရယူမှုဆိုင်ရာ မေးခွန်းများအတွက် အဖြေများရရှိရန် သို့မဟုတ် ရယူရန် ကြိမ်ဖန်များစွာဖြစ်စေ၊ အမြဲတစေဖြစ်စေ ကြိုးပမ်းနေခြင်းများကဲ့သို့သော လူများ၏ယုံကြည်မှုကို အသုံးချ၍ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်း။
    • အောက်တွင်ဖော်ပြထားသကဲ့သို့ မဲလ်ဝဲ၊ ဂရေးဝဲ၊ စပိုင်ဝဲ သို့မဟုတ် အခြားထိခိုက်ပျက်စီးစေနိုင်သောကုဒ်။
ထိခိုက်ပျက်စီးစေနိုင်သော သို့မဟုတ် အန္တရာယ်ရှိသောကုဒ်ကို မျှဝေရန်၊ ဖန်တီးရန်၊ လက်ခံဆောင်ရွက်ရန် သို့မဟုတ် ဖြန့်ချိရန် ကြိုးပမ်းမှုများ။ ယင်းတွင် ပါဝင်သည်မှာ-
  • အသုံးပြုသူများ၏ အွန်လိုင်းလုံခြုံရေး သို့မဟုတ် အချက်အလက်လုံခြုံရေးကို ထိခိုက်စေမည့် အောက်ပါတို့အပါအဝင် ယင်းမျှမကသော ဖိုင်များ၊ အက်ပ်များ သို့မဟုတ် ပရိုဂရမ်များကို ဒေါင်းလုဒ်လုပ်ရန် သို့မဟုတ် အသုံးပြုရန် အသုံးပြုသူများကို တိုက်တွန်းခြင်း သို့မဟုတ် လှည့်ဖြားခြင်း-
    • စနစ်များကို အန္တရာယ်ပြုရန် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခွင့်ရယူရန် ဒီဇိုင်းထုတ်ထားသော ကုဒ် သို့မဟုတ် ဆော့ဖ်ဝဲအဖြစ် သတ်မှတ်ထားသည့် မဲလ်ဝဲ။ ၎င်းတွင် ကွန်ပျူတာစနစ်များကို အန္တရာယ်ပြုရန် ဒီဇိုင်းထုတ်ထားသော ပရိုဂရမ်များအပြင် ငွေညှစ်ဆော့ဖ်ဝဲကဲ့သို့ နစ်နာသူများထံမှ ငွေညှစ်ရန် ဒီဇိုင်းထုတ်ထားသော ဆော့ဖ်ဝဲများ ပါဝင်သည်။
    • အသုံးပြုသူများ၏ အချက်အလက်များကို စုဆောင်းပြီး အသုံးပြုသူ၏ သိရှိသဘောတူသည့်ခွင့်ပြုချက်မရှိဘဲ ၎င်းကို ကြားခံပြင်ပ အဖွဲ့အစည်းများထံ ပေးပို့သည့် သို့မဟုတ် အချက်အလက်ကို တရားမဝင် ရည်ရွယ်ချက်များ (ဥပမာ- လိုင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ ငွေညှစ်ခြင်း၊ စနစ်များကို တရားမဝင် ဝင်ရောက်အသုံးပြုခြင်း) အတွက် အသုံးပြုသည့် ကုဒ် သို့မဟုတ် ဆော့ဖ်ဝဲအဖြစ် သတ်မှတ်ထားသော စပိုင်ဝဲ။
    • ဟာ့ဒ်ဝဲ သို့မဟုတ် ဆော့ဖ်ဝဲအား အသုံးပြု၍မရနိုင်အောင် နှောင့်ယှက်ပြီး ကွန်ပျူတာစနစ် သို့မဟုတ် ကွန်ရက်မှ ဖယ်ရှားရန် ခက်ခဲနိုင်သည့် ကုဒ် သို့မဟုတ် ဆော့ဖ်ဝဲအဖြစ် သတ်မှတ်ထားသော ဂရေးဝဲ။
  • ကျွန်ုပ်တို့၏ အသုံးပြုသူများ သို့မဟုတ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အန္တရာယ်ဖြစ်စေသည့် ဘရောက်ဇာ အိတ်စ်တန်းရှင်းများနှင့် မိုဘိုင်းအပလီကေးရှင်းများအပါအဝင် အန္တရာယ်ရှိသော ဆော့ဖ်ဝဲကို ပလက်ဖောင်းပေါ်တွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ဖန်တီးခြင်း၊ မျှဝေခြင်း သို့မဟုတ် လက်ခံထုတ်လွှင့်ခြင်း။
  • ဆော့ဖ်ဝဲ သို့မဟုတ် အထောက်အထားများအား ခိုးယူရန် တိုက်တွန်းအားပေးသည့် ဆော့ဖ်ဝဲအပါအဝင် လုံခြုံရေးစနစ်များအား လူများရှောင်လွှဲနိုင်ရန် အထောက်အကူပေးသော ဆော့ဖ်ဝဲ၊ သင်တန်းများ သို့မဟုတ် ထုတ်ကုန်များကို မျှဝေခြင်း သို့မဟုတ် ကြော်ငြာခြင်းဖြင့် အပါအဝင် အကောင့်ခိုးယူမှု ပြုလုပ်ရန် ခြိမ်းခြောက်ခြင်း၊ ယင်းသို့ပြုလုပ်ကြောင်း ဝန်ခံခြင်း သို့မဟုတ် ယင်းလုပ်ရပ်ကို ပံ့ပိုးကူညီခြင်း
  • ကျွန်ုပ်တို့၏ဝန်ဆောင်မှုများပေါ်ရှိ အလွဲသုံးစားပြုသော လင့်ခ်အများစုသည် လူမှုစံနှုန်းများ၏ အမှိုက်စာ သို့မဟုတ် အွန်လိုင်းလုံခြုံရေး ကဏ္ဍများကို ချိုးဖောက်သောကြောင့် ထိုကဲ့သို့လင့်ခ်များကို စတင်လုပ်ဆောင်စေနိုင်သည့် ဝက်ဘ်မှတစ်ဆင့် စီစဉ်တင်ဆက်သော ဝန်ဆောင်မှုများ၊ ဒိုမိန်းအမည်စနစ်ဆာဗာများနှင့် ကြော်ငြာကွန်ရက်များအပါအဝင် အွန်လိုင်းအခြေခံဖွဲ့စည်းပုံစနစ်များကို ပံ့ပိုးပေးခြင်း။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
အွန်လိုင်းလုံခြုံရေး ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ