အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုနှင့် လိုက်လံတုပသော အပြုအမူများကို တားဆီးရန်နှင့် ဟန့်တားရန် ကြိုးပမ်းမှုအနေဖြင့် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများ၊ ပိုင်ဆိုင်မှု သို့မဟုတ် တိရစ္ဆာန်များအား ပစ်မှတ်ထားသည့် ရာဇဝတ်မှုမြောက်သော သို့မဟုတ် ထိခိုက်နစ်နာစေနိုင်သော လုပ်ဆောင်ချက်အချို့ကို ပံ့ပိုးကူညီခြင်း၊ စီစဉ်ခြင်း၊ အားပေးခြင်း သို့မဟုတ် ကျူးလွန်ခြင်းမပြုရန် လူများကို ကျွန်ုပ်တို့ တားမြစ်ထားပါသည်။ ကျွန်ုပ်တို့သည် လူများအား ရာဇဝတ်မှုမြောက်၍ အန္တရာယ်ရှိသော လုပ်ဆောင်မှုများ၏ တရားဥပဒေနှင့်လျော်ညီမှုကို ငြင်းခုံဆွေးနွေး၍ ထောက်ခံပြောဆိုခြင်းအပြင် ၎င်းတို့က အန္တရာယ်ဖြစ်စေရန် ထောက်ခံပြောဆိုခြင်း သို့မဟုတ် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်း မလုပ်သရွေ့ ၎င်းတို့ မျက်မြင်တွေ့နိုင်သည့် သို့မဟုတ် ကြုံရနိုင်သည့် အန္တရာယ်ရှိသော သို့မဟုတ် ရာဇဝတ်မှုမြောက်သော လုပ်ဆောင်ချက်ကို အာရုံစိုက်စေရန် တင်ပြခြင်းကို ခွင့်ပြုပါသည်။
အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်-
လူများကို အန္တရာယ်ပြုခြင်း
  • လူသိရှင်ကြား ဖွင့်ဟထုတ်ဖော်ခြင်း- အောက်ပါအချက်များရှိသည်ဟု ဆိုထားသူတစ်ဦးဦးနှင့် ဆက်စပ်နေသော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား သို့မဟုတ် တည်နေရာများကို ထုတ်ဖော်ခြင်း-
    • လူသိရှင်ကြား ဖွင့်ဟထုတ်ဖော်ခံရလျှင် အန္တရာယ်ရှိနိုင်သည့်အုပ်စုထဲတွင် ပါဝင်သူနှင့်/သို့မဟုတ်
    • လူသိရှင်ကြား ဖွင့်ဟထုတ်ဖော်ခံရလျှင် အန္တရာယ်ရှိနိုင်သည့် အုပ်စုဝင်(များ)၏ မိသားစုဝင်ဖြစ်ခြင်း နှင့်/သို့မဟုတ် ချစ်သူရည်းစား ဆက်ဆံရေးရှိခြင်းနှင့်/သို့မဟုတ်
    • လူသိရှင်ကြား ဖွင့်ဟထုတ်ဖော်ခံရလျှင် အန္တရာယ်ရှိနိုင်သည့် အုပ်စုကို ပံ့ပိုးကူညီသည့် ဝါရင့်ကျွမ်းကျင် လှုပ်ရှားမှုများ လုပ်ဆောင်ဖူးသူ (နိုင်ငံရေးနယ်ပယ်ရှိ လူသိများထင်ရှားသူများမှလွဲ၍)
  • အကြောင်းအရာတွင် ကိုယ်စားလှယ်၏ အမည်၊ သူ၏ မျက်နှာ သို့မဟုတ် ဝန်ထမ်းကတ်နှင့် အောက်ပါတို့အနက် တစ်ခုခု ပါရှိပါက ဥပဒေစိုးမိုးရေး၊ တပ်မတော် သို့မဟုတ် လုံခြုံရေး ဝန်ထမ်းအဖြစ် အသွင်ယူ၍ လျှို့ဝှက်စုံစမ်းထောက်လှမ်းမှု အခြေအနေကို လူသိရှင်ကြားထုတ်ဖော်ခြင်း -
    • ကိုယ်စားလှယ်၏ ဥပဒေစိုးမိုးရေး အဖွဲ့အစည်း
    • ကိုယ်စားလှယ်၏ ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု
    • သူ၏ လျှို့ဝှက်စုံစမ်းထောက်လှမ်းမှု အခြေအနေကို အတိအလင်း ရည်ညွှန်းဖော်ပြချက်များ
  • လူများပိုမိုသိရှိစေခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း၊ စိတ်ကူးယဉ် သို့မဟုတ် စီစဉ်ဖန်တီးထားသော ပတ်ဝန်းကျင်များ သို့မဟုတ် ကယ်ဆယ်ခြင်းနှင့် ဆက်စပ်သော အကြောင်းအရာမှလွဲ၍ အွန်လိုင်းနှောင့်ယှက်မှုကို ပူးပေါင်းကြံစည်ဆောင်ရွက်ခြင်း၊ ယင်းသို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ယင်းသို့ပြုလုပ်ရာတွင် ပံ့ပိုးကူညီခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်မှုကို ဝန်ခံခြင်း။
  • လူများပိုမိုသိရှိစေခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းနှင့် ဆက်စပ်သည့်အကြောင်းအရာမှလွဲ၍ အန္တရာယ်များသော ရေပန်းစားနေသည့် စိန်ခေါ်မှုတစ်ခုကို သရုပ်ဖော်ခြင်း၊ အားပေးခြင်း၊ ယင်းစိန်ခေါ်မှုတွင် ပါဝင်ရန်အတွက် စည်းရုံးလှုံ့ဆော်ခြင်း သို့မဟုတ် ယင်းတွင်ပါဝင်ရန် တိုက်တွန်းခြင်း။ ရုပ်ပုံကို အောက်ဖော်ပြပါ အကြောင်းအရာများနှင့် ဆက်စပ်၍ ဖော်ပြထားလျှင် ထိခိုက်လွယ်သော အကြောင်းအရာ ဖြစ်နိုင်သည်ဟု လူအများ သတိမူမိစေရန် အညွှန်းစာတန်းတစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းထားပါသည်။
တိရစ္ဆာန်များကို ညှဉ်းပန်းနှိပ်စက်ခြင်း
  • တိရစ္ဆာန်များအပေါ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေသည့် လုပ်ရပ်များကို (စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ နှုတ်ပြောဖြင့်ဖြစ်စေ) ညှိနှိုင်းဆောင်ရွက်ခြင်း၊ ထိုသို့ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခြင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်မှုကို ဝန်ခံခြင်း။ အောက်ပါတို့ကဲ့သို့ ဆက်စပ်အခြေအနေများဖြင့် ဖော်ပြထားခြင်းဖြစ်လျှင် မပါဝင်ပါ-
    • လူအများပိုမိုသတိပြုမိစေခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း
    • ကယ်ဆယ်ခြင်း
    • မိမိကိုယ်တိုင်၏၊ အခြားလူတစ်ဦး၏ သို့မဟုတ် အခြားတိရစ္ဆာန်၏ အသက်ရှင်သန်မှုအတွက်ဖြစ်စေ သို့မဟုတ် ခုခံကာကွယ်မှုအတွက်ဖြစ်စေ
    • စီစဉ်ဖန်တီးထားသော တိရစ္ဆာန်တိုက်ပွဲများ သို့မဟုတ် တိရစ္ဆာန်အတု ကယ်ဆယ်ခြင်းများကို ဖော်ပြလျှင်မှလွဲ၍ စိတ်ကူးယဉ် သို့မဟုတ် စီစဉ်ဖန်တီးထားသော ပတ်ဝန်းကျင်များ
    • အမဲလိုက်ခြင်း သို့မဟုတ် ငါးမျှားခြင်း
    • ဘာသာရေးအရ ယဇ်ပူဇော်ခြင်း
    • အစားအသောက် ပြင်ဆင်ခြင်း သို့မဟုတ် စီမံခြင်း
    • ဖျက်ကောင်များ သို့မဟုတ် ဒုက္ခပေးသောပိုးမွှားတိရစ္ဆာန်များ
    • ဝဋ်ကျွတ်အောင် သတ်ခြင်း
    • လူနှင့် နွားရိုင်းသတ်ပွဲ
  • လူအများပိုမိုသတိပြုမိစေရန် ဆောင်ရွက်မှု သို့မဟုတ် ဝေဖန်ရှုတ်ချမှု သို့မဟုတ် ကယ်ဆယ်ရေးနှင့်ဆက်စပ်သည့် အခြေအနေတွင်မှလွဲ၍ အတုအယောင် တိရစ္ဆာန်ကယ်ဆယ်ရေး ဗီဒီယိုရုပ်ပုံကို သရုပ်ဖော်ခြင်း သို့မဟုတ် စီစဉ်ဖန်တီးထားသော တိရစ္ဆာန် သတ်ပွဲများအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ထိုပွဲများပြုလုပ်ရန် ခြိမ်းခြောက်ခြင်း၊ အားပေးခြင်း၊ ယင်းလုပ်ရပ်များကို ပုံဖော်ပြသခြင်း သို့မဟုတ် ကျူးလွန်ကြောင်းဝန်ခံခြင်း။
ပစ္စည်းဥစ္စာများကို ထိခိုက်ပျက်စီးစေခြင်း
  • လက်သရမ်းဖျက်ဆီးခြင်း သို့မဟုတ် ခိုးယူခြင်းကို (စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ နှုတ်ပြောဖြင့်ဖြစ်စေ) ညှိနှိုင်းဆောင်ရွက်ခြင်း၊ ယင်းသို့လုပ်ရန် ခြိမ်းခြောက်ခြင်း၊ ပံ့ပိုးကူညီခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ကြောင်း ဝန်ခံခြင်း။ အောက်ပါတို့ကဲ့သို့သော အခြေအနေတွင် ဖော်ပြလျှင်မူ ခြွင်းချက်ထားပေးသည်
    • သိရှိမှုမြှင့်တင်ခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချမှု၊
    • ကယ်ဆယ်ရေး၊
    • စိတ်ကူးယဉ် သို့မဟုတ် စီစဉ်ဖန်တီးထားသည့် ပတ်ဝန်းကျင်များ၊
    • မိမိကိုယ်ကို သို့မဟုတ် အခြားလူတစ်ဦးကို ခုခံကာကွယ်သည့် ဆက်စပ်အခြေအနေဖြင့် ဝန်ခံခြင်း
    • ဆန္ဒပြခြင်းနှင့်ဆက်စပ်သော အကြောင်းအရာတွင် လက်သရမ်းဖျက်ဆီးခြင်းကို ဖော်ပြခြင်း။
    • ရေးခြစ်ပန်းချီသရုပ်ဖော်ခြင်း သို့မဟုတ်
    • အခြားသူများက ကျူးလွန်သော လက်သရမ်းဖျက်ဆီးခြင်းနှင့် ခိုးမှုအကြောင်းကို အကောင်းဘက်မှ ပြောခြင်း။
မဲဆန္ဒရှင် နှင့်/သို့မဟုတ် သန်းခေါင်စာရင်း လိမ်လည်မှု
  • ပြစ်တင်ရှုတ်ချသော၊ သိရှိမှုမြှင့်တင်သော၊ သတင်းအစီရင်ခံသော သို့မဟုတ် ဟာသမြောက်အောင် ဖော်ပြထားသော သို့မဟုတ် သရော်သော ဆက်စပ်အခြေအနေများတွင် မျှဝေထားခြင်းမှလွဲ၍ မည်သည့်အခြေအနေတွင်မဆို ငွေသား၊ လက်ဆောင်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အခြားရုပ်ဝတ္ထုပစ္စည်းများဖြင့် ဆန္ဒမဲများကို ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းချက်များ။
  • ပြစ်တင်ရှုတ်ချရန်၊ အသိပညာပေးရန်၊ သတင်းအစီရင်ခံရန် (သို့) ဟာသမြောက်အောင်ဖော်ပြရန် (သို့) သရော်ရန် မျှဝေခြင်းမှအပ မည်သည့်အခြေအနေတွင်မဆို မဲပေးရာတွင် တရားမဝင် ပါဝင်ဆောင်ရွက်ခြင်း (ဥပမာ- မဲနှစ်ကြိမ်ပေးခြင်း သို့မဟုတ် သင်၏ မဲပေးခွင့် သတ်မှတ်ချက်ပြည့်မီမှုကို လုပ်ကြံဖန်တီးခြင်း) သို့မဟုတ် သန်းခေါင်စာရင်းကောက်ယူသည့် လုပ်ငန်းစဉ်တွင် တရားမဝင် ပါဝင်ဆောင်ရွက်ခြင်း (ဥပမာ- လူဦးရေစာရင်း အချက်အလက်များ သို့မဟုတ် သင့်အိမ်ထောင်စုဝင်ဦးရေကို မဟုတ်မမှန် တင်ပြခြင်း) ကို ထောက်ခံအားပေးခြင်း၊ ယင်းအတွက် ညွှန်ကြားချက်များပေးခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အတိအလင်းရည်ရွယ်ချက်ကို ဖော်ပြခြင်း။
ထိခိုက်လွယ်သော အကြောင်းအရာ ဖြစ်နိုင်သည်ဟု လူအများသတိပြုမိစေရန် အောက်ပါအကြောင်းအရာများအတွက် အညွှန်းစာတန်းတစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းထားပါသည် -
  • ပြစ်တင်ရှုတ်ချ၍ဖြစ်စေ၊ ဆက်စပ်အန္တရာယ်များကို လူများပိုမိုဂရုပြုမိစေရန်တင်ပြ၍ဖြစ်စေ မျှဝေထားပါက အန္တရာယ်များသော ရေပန်းစားနေသည့် စိန်ခေါ်မှုတစ်ခုကို ဖော်ပြသော ပုံရိပ်။
အောက်ပါအကြောင်းအရာများအတွက် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်သူများသာ အကြောင်းအရာကို ကြည့်ရှုနိုင်စေရန် ကျွန်ုပ်တို့ကန့်သတ်ထားပါသည် -
  • စိတ်ကူးယဉ် (သို့) ကျွမ်းကျင်သူများ ပါဝင်သည့် အခြေအနေတွင် မျှဝေခြင်းမှအပ ယာဉ်မောင်း (သို့) အခြားသူများကို အသက်အန္တရာယ်ရှိနိုင်သော ဒဏ်ရာများ (သို့) သေဆုံးမှု ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ယာဉ်မောင်းနှင်မှုပုံစံများကို ဖော်ပြသည့် ရုပ်ပုံများ။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည် -
  • ဖွင့်ဟပြောခြင်း- အောက်ဖော်ပြပါ လူပုဂ္ဂိုလ်တစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ဖော်ထုတ်ပြော၍ ၎င်းတို့ကို အန္တရာယ်ကျရောက်စေခြင်း-
    • LGBTQIA+ အဖွဲ့ဝင်များ
    • မျက်နှာလွှားဇာလှပ်ထားသော အမျိုးသမီးများ
    • လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဖမ်းဆီးမှုစစ်ဆင်ရေးနှင့် ဆက်စပ်သော အကြောင်းအရာတွင် ကျူးလွန်သူများအဖြစ် ပြစ်မှုထင်ရှားစီရင်ထားခြင်းမရှိသော ပုဂ္ဂိုလ်များ
    • ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို လူသိရှင်ကြား ထုတ်ဖော်ခြင်းမှ ကန့်သတ်ထားသည့်အခါ ဥပဒေရေးရာကိစ္စများ၌ ပါဝင်ပတ်သက်နေသည့် ပုဂ္ဂိုလ်များ
    • သက်သေများ၊ သတင်းပေးသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဖမ်းဆီးခံထားရသူများ သို့မဟုတ် ဓားစာခံများ
    • ယုံကြည်စိတ်ချရသော အစိုးရချန်နယ်မှ အစီရင်ခံသည့်အခါ ပြည်ပြေးများ
    • လက်နက်ကိုင် ပဋိပက္ခတစ်ခုနှင့်ဆက်စပ်သော အကြောင်းအရာတွင် စစ်သုံ့ပန်းများ
  • အကယ်၍ အောက်ပါကိစ္စရပ်များရှိပါက ၎င်း၏မူလဇာစ်မြစ်နှင့်ပတ်သက်၍ အများပြည်သူကို လိမ်ညာနိုင်ဖွယ်ရှိသော ရုပ်ပုံ-
    • သရုပ်ဖော်ပြထားသည့် အဖွဲ့အစည်း သို့မဟုတ် ခွင့်ပြုထားသော ကိုယ်စားလှယ်တစ်ဦးက ရုပ်ပုံကို ကန့်ကွက်နိုင်ခြင်းနှင့်
    • ရုပ်ပုံတွင် အများပြည်သူအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အလားအလာရှိခြင်း။
  • အောက်ပါတို့မှ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ဖော်ပြခြင်း၊ လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း သို့မဟုတ် တိုက်တွန်းအားပေးခြင်း-
    • အရေးပေါ်ယာဉ်များ ပိတ်ဆို့နေကြောင်း အတည်ပြုချက် သို့မဟုတ် အများပြည်သူသိရှိနိုင်သော အတည်ပြုချက်ရှိသည့်အခါ အရေးကြီးဝန်ဆောင်မှုများကို ဝင်သုံးခွင့်ကို ပိတ်ပင်ထားခြင်း သို့မဟုတ်
    • တစ်ဦးတစ်ယောက် သို့မဟုတ် သီးခြားလူအုပ်စုတစ်စု၏ အန္တရာယ်ကင်းရှင်းရေးကို ခြိမ်းခြောက်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် အရေးကြီးဝန်ဆောင်မှုများ သို့မဟုတ် အတားအဆီးမရှိသော လမ်းကြောင်းကို ၎င်းတို့၏ဝင်သုံးခွင့်အား ပိတ်ပင်ထားခြင်းဖြင့် ၎င်းတို့ကို ပစ်မှတ်ထားခြင်း
  • အောက်ပါတို့အပါအဝင် မဲ‌ဆန္ဒရှင် သို့မဟုတ် သန်းခေါင်စာရင်းကောက်ခံမှုအပေါ် ကြားဖြတ်နှောင့်ယှက်မှု-
    • တရားဝင် ရွေးကောက်ပွဲ သို့မဟုတ် သန်းခေါင်စာရင်းကောက်ခံမှုတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ပါဝင်နိုင်ခွင့်ကို ထိခိုက်စေမည့် ပူးပေါင်းကြံစည်သော ကြားဖြတ်နှောင့်ယှက်မှု ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်များ။
    • မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခံခြင်းတွင် ပါဝင်ခြင်းသည် ဥပဒေစိုးမိုးရေးဆိုင်ရာ အကျိုးဆက်များ (ဥပမာအားဖြင့် ဖမ်းဆီးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် ထောင်ချခြင်း) ကို ဖြစ်ပေါ်စေနိုင် သို့မဟုတ် ဖြစ်ပေါ်မည်ဟူသော ပြောဆိုချက်များ။
    • ခြိမ်းခြောက်ရည်ညွှန်းပြောဆိုမှုနှင့် တွဲ၍ဖော်ပြထားပါက မဲဆန္ဒရှင်များ သို့မဟုတ် ရွေးကောက်ပွဲ တာဝန်ရှိသူများ၏ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်ရန် သို့မဟုတ် ကြည့်ရှုရန်အတွက် ရွေးကောက်ပွဲကျင်းပရာ နေရာတစ်ခုသို့သွားရန် ခြိမ်းခြောက်မှုများ (ဥပမာ- "ဘယ်သူက ဩဇာရှိသလဲဆိုတာ သူတို့ကို ပြလိုက်ရအောင်"၊ "သူတို့က ရုန်းရင်းဆန်ခတ်ဖြစ်တာကို လိုချင်တာမလား။ အဲ့လိုဖြစ်အောင် လုပ်ပေးရတာပေါ့။")။
    • ခြိမ်းခြောက်ရည်ညွှန်းပြောဆိုမှုနှင့် တွဲ၍ဖော်ပြထားပါက ရွေးကောက်ပွဲအပြီး လှုပ်ရှားဆောင်ရွက်မှု နေရာတစ်ခုသို့ သွားရောက်ရန် ခြိမ်းခြောက်မှုများ (ဥပမာ- "ဘယ်သူက ဩဇာရှိသလဲဆိုတာ သူတို့ကို ပြလိုက်ရအောင်"၊ "သူတို့က ရုန်းရင်းဆန်ခတ်ဖြစ်တာကို လိုချင်တာမလား။ အဲ့လိုဖြစ်အောင် လုပ်ပေးရတာပေါ့။")။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ