ကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အနိုင်ကျင့်စော်ကားမှုနှင့် ကလေးငယ်အဖော်အချွတ်ပုံ
မူဝါဒ အသေးစိတ်အချက်များ
မှတ်တမ်းပြောင်းရန်
ယနေ့
၂၀၂၅၊ ဇူ ၃၁
၂၀၂၅၊ ဇူ ၁၇
၂၀၂၄၊ ဒီဇင်ဘာ ၂၆
၂၀၂၄၊ အောက် ၂
၂၀၂၄၊ ဇူ ၂၅
၂၀၂၄၊ ဇူ ၈
၂၀၂၄၊ ဇန် ၁၁
၂၀၂၃၊ ဒီဇင်ဘာ ၅
၂၀၂၃၊ ဩ ၂
၂၀၂၂၊ ဒီဇင်ဘာ ၂၂
၂၀၂၂၊ ဧ ၂၈
၂၀၂၁၊ နို ၂၄
၂၀၂၁၊ အောက် ၂၈
၂၀၂၁၊ ဩ ၂၆
၂၀၂၁၊ မေ ၄
၂၀၂၁၊ ဇန် ၂၈
၂၀၂၀၊ နို ၁၈
၂၀၂၀၊ ဇွန် ၂၂
၂၀၁၈၊ ဒီဇင်ဘာ ၂၈
မူဝါဒဆိုင်ရာ သဘောတရား
ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သော သို့မဟုတ် ကလေးငယ်များကို အန္တရာယ်ဖြစ်စေသော အကြောင်းအရာ သို့မဟုတ် လှုပ်ရှားဆောင်ရွက်မှုကို ကျွန်ုပ်တို့ခွင့်မပြုပါ။ ကလေးငယ်အပေါ် ခေါင်းပုံဖြတ်ခြင်းကို ကျွန်ုပ်တို့ ထင်ထင်ရှားရှား သတိပြုမိသည့်အခါ ၎င်းကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ ပျောက်ဆုံးနေသော ကလေးများနှင့် အသုံးချအမြတ်ထုတ်ခံရသော ကလေးများအတွက် အမျိုးသားစင်တာ (NCMEC) သို့ သတင်းပို့ပါသည်။ တစ်ခါတစ်ရံ ရည်ရွယ်ချက်ကောင်းဖြင့် မိမိတို့ကလေးငယ်များ၏ အဖော်အချွတ်ပုံများကို လူများမျှဝေကြသည်ကို ကျွန်ုပ်တို့သိသော်လည်း ထိုပုံများကို အခြားသူများက တလွဲအသုံးပြုနိုင်ခြေ ရှိသောကြောင့် ၎င်းတို့ကို အခြားသူများ ပြန်အသုံးပြုခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခြင်း အလားအလာကို ရှောင်ရှားနိုင်စေရန်အတွက် ထိုရုပ်ပုံများကို ယေဘုယျအားဖြင့် ကျွန်ုပ်တို့ ဖယ်ရှားပါသည်။
အွန်လိုင်းသုံးစွဲမှု အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များ၊ အထူးသဖြင့် ကလေးငယ်များနှင့် စပ်လျဥ်းလျက်ရှိသော ထိုကဲ့သို့ကိစ္စရပ်များနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှုကို ဆွေးနွေးရန်နှင့် တိုးတက်အောင်ဆောင်ရွက်ရန် Meta အန္တရာယ်ကင်းရှင်းရေး အကြံပေးဘုတ်အဖွဲ့ အပါအဝင် ပြင်ပကျွမ်းကျင်သူများနှင့်လည်း ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်ပါသည်။ ကလေးသူငယ်အပေါ် အမြတ်ထုတ်ခြင်းကို ပပျောက်စေရန် ကြိုးစားဆောင်ရွက်ရာတွင် ကျွန်ုပ်တို့အသုံးပြုသည့် နည်းပညာအကြောင်း ပိုမိုလေ့လာပါ။
အောက်ပါတို့ကို ပို့စ်မတင်ရပါ-
ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း
(လက်တွေ့လောကမှ အရွယ်မရောက်သေးသူများ၊ လမ်းလျှောက်တတ်စ ကလေးငယ်များ သို့မဟုတ် မွေးကင်းစကလေးများ သို့မဟုတ် အနုပညာ၊ AI ဖြင့် ဖန်တီးထားသော အကြောင်းအရာ၊ စိတ်ကူးယဉ် ဇာတ်ကောင်များ၊ အရုပ်များ စသည်တို့ကဲ့သို့ လက်တွေ့လောကမှ မဟုတ်သော လူနှင့်တူသည့် သရုပ်ဖော်ပြမှုများအပါအဝင်) ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ခြိမ်းခြောက်သည့်၊ ယင်းကဲ့သို့ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို သရုပ်ဖော်သည့်၊ ချီးမွမ်းသည့်၊ အားပေးထောက်ခံသည့်၊ ယင်းသို့ပြုလုပ်ရန် ညွှန်ကြားချက်များပေးသည့်၊ ရည်ရွယ်ကြောင်း ထုတ်ဖော်ပြောဆိုသည့်၊ ယင်းကိစ္စတွင် ပါဝင်ကြောင်း ဝန်ခံသည့် သို့မဟုတ် ယင်းနှင့်ပတ်သက်သောလင့်ခ်များ မျှဝေသည့် အကြောင်းအရာ၊ လှုပ်ရှားဆောင်ရွက်မှု သို့မဟုတ် အပြန်အလှန်တုံ့ပြန်မှုများ။ ၎င်းတွင် အောက်ပါတို့ပါဝင်သော်လည်း ယင်းတို့ချည်းသာ ကန့်သတ်မထားပါ-
- လိင်ဆက်ဆံမှု
- အနည်းဆုံး လူတစ်ဦး၏ လိင်အင်္ဂါများ သို့မဟုတ် စအိုကို မြင်နေရစဉ် ပါးစပ် သို့မဟုတ် လိင်အင်္ဂါများသည် အခြားသူတစ်ဦး၏ လိင်အင်္ဂါများ သို့မဟုတ် စအိုထဲသို့ ထည့်သွင်းခြင်း သို့မဟုတ် ၎င်းတို့နှင့်ထိတွေ့ခြင်းအဖြစ် သတ်မှတ်ထားသော ထင်ရှားသည့် လိင်ဆက်ဆံမှု သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း။
- ထိတွေ့ခါနီးဆဲဆဲဖြစ်နေသည့်အခါ သို့မဟုတ် ထိတွေ့မှုကို တိုက်ရိုက်မမြင်ရသည့်အခါ အပါအဝင် သွယ်ဝိုက်သောနည်းလမ်းဖြင့် လိင်ဆက်ဆံမှု သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံမှု။
- လုပ်ရပ်ကို လုပ်ခါနီးဆဲဆဲ ဖြစ်နေသည့်အခါ သို့မဟုတ် တိုက်ရိုက်မမြင်ရသည့်အခါ အပါအဝင် လိင်အင်္ဂါများ သို့မဟုတ် စအိုများကို နှိုးဆွပေးခြင်း။
- တိရစ္ဆာန်တစ်ကောင် ပါဝင်နေသည့် အထက်ဖော်ပြပါ လုပ်ရပ်တစ်ခုခု။
- အောက်ပါတို့ အပါအဝင် ၎င်းတို့ချည်းသာမကဘဲ အခြားသော လိင်စိတ်နှိုးဆွသည့်အရာများနှင့်အတူ ကလေးငယ်များရှိနေခြင်း-
- ထိန်းချုပ်ပစ္စည်း အသုံးအဆောင်များ
- လိင်စိတ်နိုးကြွမှု လက္ခဏာများ
- လိင်အင်္ဂါများ သို့မဟုတ် စအိုကို အသားပေး ဖော်ပြမှု
- လိင်စိတ်ကြွနေသော အရွယ်ရောက်ပြီးသူတစ်ဦး ရှိနေခြင်း
- လိင်ကိစ္စအတွက်သုံးသည့်အရုပ်များရှိနေခြင်း သို့မဟုတ် လိင်စိတ်နှိုးဆွမှု သို့မဟုတ် စိတ်ကျေနပ်မှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုအတွက် အရာဝတ္ထုတစ်ခုခုကို အသုံးပြုခြင်း
- လိင်အသားပေး သရုပ်ဖော်ဝတ်စုံ
- အဝတ်မဲ့ကပြဖျော်ဖြေခြင်း
- စီစဉ်ဖန်တီးထားသည့် ပတ်ဝန်းကျင် (ဥပမာ၊ အိပ်ရာပေါ်တွင်) သို့မဟုတ် (ရုပ်ထွက်အရည်အသွေး/ဆုံချက်/ရှုထောင့်အရ) ပညာသားပါပါ ရိုက်ကူးခြင်း
- ပါးစပ်ချင်းတေ့၍ နမ်းရှိုက်ခြင်း
- လူ၏နို့သီးခေါင်းများကို နှိုးဆွခြင်း သို့မဟုတ် အမျိုးသမီးရင်သားကို ညှစ်ခြင်း (မိခင်နို့တိုက်ခြင်း ဆက်စပ်အခြေအနေမှလွဲ၍)
- လိင်မှုကိစ္စပြုလုပ်ခြင်းမှ ထွက်လာသောအရာများရှိနေခြင်း
- လိင်စိတ်စွဲလမ်းမှု ဆက်စပ်အခြေအနေတွင် ကလေးငယ်များပါဝင်နေသော အကြောင်းအရာ
- ကျန်းမာရေးကိစ္စအတွက် ကြားနေသဘောဖြင့် ဆွေးနွေးခြင်း မဟုတ်လျှင် ကလေးငယ်များအပေါ် လိင်စိတ်စွဲလမ်းမှုတွင် ပါဝင်ပတ်သက်ခြင်းကို ထောက်ခံသည့်၊ အားပေးသည့်၊ စည်းရုံးလှုံ့ဆော်သည့် သို့မဟုတ် တိုက်တွန်းသည့် အကြောင်းအရာ
- ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသူများဟုဆိုသော နစ်နာသူများအား အမည်တပ်၍ သို့မဟုတ် ပုံဖြင့် ခွဲခြားဖော်ပြသော သို့မဟုတ် လှောင်ပြောင်သော အကြောင်းအရာ
မြှူဆွယ်ခြင်း
အောက်ပါတို့အဖြစ် သတ်မှတ်ထားသည့် ကလေးများကို သရုပ်ဖော်ထားသော သို့မဟုတ် ကလေးများပါဝင်သော လိင်ပိုင်းဆိုင်ရာ အကြောင်းအရာ သို့မဟုတ် လှုပ်ရှားဆောင်ရွက်မှုကို မြှူဆွယ်သည့် အကြောင်းအရာ-
- ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု အကြောင်းအရာ (CSAM)
- လက်တွေ့လောကမှ ကလေးများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ လူပုံစံတူဖန်တီးထားသော ကလေးများ၏ အဖော်အချွတ်ပုံ
- လက်တွေ့လောကမှ ကလေးများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ လူပုံစံတူဖန်တီးထားသော ကလေးများ၏ လိင်အသားပေးရုပ်ပုံ
ကလေးငယ်များနှင့် မသင့်လျော်စွာ တုံ့လှယ်ဆက်ဆံမှုများ
ကလေးငယ်များနှင့် မသင့်လျော်စွာ တုံ့လှယ်ဆက်ဆံမှုများ ဖြစ်လာစေသည့် သို့မဟုတ် ဖြစ်မြောက်အောင် ပံ့ပိုးပေးသည့် အောက်ပါတို့ကဲ့သို့သော အကြောင်းအရာများ-
- ကလေးများနှင့် လိင်ပိုင်းဆိုင်ရာအရ တွေ့ဆုံမှုများကို မြှူဆွယ်ခြင်း၊ ကြိုတင်စီစဉ်ခြင်း သို့မဟုတ် အကွက်ချခြင်း
- လိင်အသားပေးသော အပြန်အလှန်စကားဝိုင်းများမှတစ်ဆင့် ကလေးများအား လိင်ပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွင် ပါဝင်လာစေရန် ဆွဲဆောင်ခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ထိတွေ့စေမှု သို့မဟုတ် သီးသန့်မက်ဆေ့များမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများကို ကလေးများအား ပြသခြင်း၊ အဆိုပါအကြောင်းအရာများကို ကလေးများထံမှ ရယူခြင်း သို့မဟုတ် တောင်းဆိုခြင်း
- သီးသန့်မက်ဆေ့များထဲတွင် သွယ်ဝိုက်သောနည်းဖြင့် ကလေးများအား လိင်ကိစ္စများအကြောင်း ပြောဆိုသည့် အပြန်အလှန်စကားဝိုင်းများတွင် ပါဝင်ခြင်း
- သီးသန့်မက်ဆေ့များတွင် ကလေးများထံမှ လိင်ကိစ္စအကြောင်းအရာများကို ရယူခြင်း သို့မဟုတ် တောင်းဆိုခြင်း
အသုံးချအမြတ်ထုတ်သည့် အတွင်းကျကျ လိင်မှုကိစ္စ ပုံရိပ်နှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း
အောက်ပါတို့ကို ပြုလုပ်ခြင်းဖြင့် လက်တွေ့လောကမှ ကလေးများအပေါ် အသုံးချအမြတ်ထုတ်ရန် ကြိုးပမ်းသော အကြောင်းအရာများ-
- လက်တွေ့လောကမှ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ ပုံစံတူဖန်တီးထားသည့် အတွင်းကျသော ပုံရိပ်များ သို့မဟုတ် အချက်အလက်များကို ဖော်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ငွေကြေး၊ အခွင့်အရေးများ သို့မဟုတ် အတွင်းကျသော ပုံရိပ်များကို အတင်းအကျပ် တောင်းခံခြင်း။
- သီးသန့် လိင်ပိုင်းဆိုင်ရာ အပြန်အလှန်စကားဝိုင်းများ သို့မဟုတ် လက်တွေ့လောကမှ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ ပုံစံတူဖန်တီးထားသည့် အတွင်းကျသော ပုံရိပ်များကို မျှဝေခြင်း၊ ထိုသို့မျှဝေရန် ခြိမ်းခြောက်ခြင်း သို့မဟုတ် ထိုသို့မျှဝေလိုသော ရည်ရွယ်ချက်ကို ဖော်ပြခြင်း
ကလေးငယ်များအား လိင်အသားပေးဖော်ပြခြင်း
- လက်တွေ့လောကမှ ကလေးများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ လူပုံစံတူဖန်တီးထားသော ကလေးငယ်များအား လိင်အသားပေး ဖော်ပြသော အကြောင်းအရာများ (ဓာတ်ပုံများ၊ ဗီဒီယိုများ၊ လက်တွေ့ကမ္ဘာ အနုပညာလက်ရာ၊ ဒစ်ဂျစ်တယ် အကြောင်းအရာများနှင့် နှုတ်ဖြင့်ဖော်ညွှန်းမှုများ အပါအဝင်)
- လက်တွေ့လောကမှ ကလေးများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ လူပုံစံတူဖန်တီးထားသော ကလေးငယ်များအား လိင်အသားပေး ဖော်ပြရန် ရည်ရွယ်ထားသော အဖွဲ့များ၊ စာမျက်နှာများနှင့် ပရိုဖိုင်များ
ကလေးငယ် အဖော်အချွတ်ပုံ
အောက်ပါအတိုင်း သတ်မှတ်ထားသော လက်တွေ့လောကမှ ကလေးများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ ပုံစံတူဖန်တီးထားသည့် ကလေးငယ်များ၏ အဖော်အချွတ်ကို ပြသသော အကြောင်းအရာ-
- လက်တွေ့လောကမှ ကလေးများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ လူပုံစံတူဖန်တီးထားသော ကလေးငယ်များ၏ လိင်အင်္ဂါအနီးကပ်ပုံများ
- အောက်ပါတို့ကို ပြသထားသည့် အဝတ်မဲ့နေသော လက်တွေ့လောကမှ လမ်းလျှောက်တတ်စကလေးများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ လူပုံစံတူဖန်တီးထားသော လမ်းလျှောက်တတ်စကလေးများ-
- ထွင်းဖောက်မြင်နိုင်သော အဝတ်အထည်ဖြင့် ဖုံးကာထားသည့်တိုင် သို့မဟုတ် ကာဆီးထားသည့်တိုင် အထင်အရှားမြင်နိုင်သော လိင်အင်္ဂါ
- အထင်အရှားမြင်နိုင်သော စအို နှင့်/သို့မဟုတ် အဝတ်အကာ လုံးဝမပါသည့် တင်ပါးအနီးကပ်ပုံ
- အောက်ပါတို့ကို ပြသထားသည့် အဝတ်မဲ့နေသော လက်တွေ့လောကမှ အရွယ်မရောက်သေးသူများ သို့မဟုတ် လက်တွေ့လောကမှမဟုတ်ဘဲ လူပုံစံတူဖန်တီးထားသော အရွယ်မရောက်သေးသူများ-
- အထင်အရှားမြင်နိုင်သော လိင်အင်္ဂါ (ဆီးခုံမှ အမွေးအမျှင်များ သို့မဟုတ် ဖောက်ထွင်းမြင်နိုင်သော အဝတ်အစားများဖြင့်သာ ဖုံးအုပ်ထားသည့် လိင်အင်္ဂါအပါအဝင်)
- အထင်အရှားမြင်နိုင်သော စအို နှင့်/သို့မဟုတ် အဝတ်အကာ လုံးဝမပါသည့် တင်ပါးအနီးကပ်ပုံ
- ဖုံးကာထားခြင်းမရှိသည့် အမျိုးသမီး သားမြတ်
- လိင်အင်္ဂါများ သို့မဟုတ် အမျိုးသမီးနို့သီးခေါင်းများကို ပြသမထားသည့်တိုင် လည်ပင်းမှ ဒူးအထိ အဝတ်တစ်စုံတစ်ရာ မဝတ်ထားခြင်း
- အစစ်အမှန်မဟုတ်သော စိတ်ကူးယဉ်ရုပ်ပုံသည် ကျန်းမာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်မဟုတ်လျှင် သို့မဟုတ် လိင်အသားပေးခြင်းမရှိဘဲ လက်တွေ့လောက အနုပညာဖြင့် ကလေးငယ်၏ အဖော်အချွတ်ပုံကို သရုပ်ဖော်မှု မဟုတ်လျှင်
လိင်ပိုင်းဆိုင်ရာမဟုတ်သည့် ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှု
ရုပ်ပုံသည် လက်တွေ့လောကရှိ အနုပညာ၊ ကာတွန်းများ၊ ရုပ်ရှင်များ သို့မဟုတ် ဗီဒီယိုဂိမ်းများမှ မဟုတ်လျှင် မျှဝေသည့်ရည်ရွယ်ချက်က မည်သို့ပင်ရှိစေကာမူ အစစ်အမှန်ဖြစ်စေ၊ အစစ်အမှန်မဟုတ်သည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာမဟုတ်သည့် ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှုကို ဖော်ပြသည့် ဗီဒီယိုများ သို့မဟုတ် ဓာတ်ပုံများ
လိင်ပိုင်းဆိုင်ရာမဟုတ်သည့် ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှုကို ချီးကျူးသည့်၊ ပံ့ပိုးသည့်၊ အားပေးသည့်၊ ထောက်ခံသည့်၊ ညွှန်ကြားချက်များပေးသည့် သို့မဟုတ် ယင်းကိစ္စတွင် ပါဝင်ရန် တိုက်တွန်းသည့် အကြောင်းအရာ
ကျွန်ုပ်တို့၏ စိစစ်သုံးသပ်သူများနှင့် အလိုအလျောက် လုပ်ဆောင်သော စနစ်များသည် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အနိုင်ကျင့်စော်ကားမှုနှင့် ကလေးငယ်၏ အဖော်အချွတ်ပုံ (CSEAN) ဆိုင်ရာ ကျွန်ုပ်တို့၏မူဝါဒများကို ချိုးဖောက်သည့် အကောင့်များကို ဖယ်ရှားခြင်းအပြင် မလိုလားအပ်သော သို့မဟုတ် မလုံခြုံသော တုံ့ပြန်ဆက်သွယ်မှုများ ဖြစ်နိုင်ခြေကို ကူညီတားဆီးပေးရန် အချက်ပြအမျိုးမျိုးကိုလည်း ထည့်သွင်းစဉ်းစားသည်။
- အခြားအကောင့်များနှင့် အရွယ်ရောက်ပြီးသူများ၏ တုံ့ပြန်ဆက်သွယ်မှုများ၊ ၎င်းတို့က စည်းကမ်းချိုးဖောက်သည့် အကြောင်းအရာများကို ရှာဖွေမှုများ သို့မဟုတ် ထိုအကြောင်းအရာများကို ထိတွေ့တုံ့ပြန်မှုများ (ဥပမာ- နှစ်သက်ကြောင်းပြခြင်း သို့မဟုတ် သိမ်းဆည်းခြင်း) သို့မဟုတ် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည့်အတွက် ကျွန်ုပ်တို့ဖယ်ရှားထားသော လူမှုအသိုင်းအဝိုင်းများ (ဥပမာ- အဖွဲ့များ) တွင် ၎င်းတို့အဖွဲ့ဝင်ဖြစ်ခြင်းပေါ်အခြေခံ၍ အကောင့်များကို ပိတ်ပင်ခြင်း သို့မဟုတ် ထုတ်ကုန်များနှင့် လုပ်ဆောင်ချက်များသုံးခွင့် (ဥပမာ- အချို့သော အကောင့်များကို စောင့်ကြည့်နိုင်ခွင့်) ကန့်သတ်ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။
အကြောင်းအရာသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အသက်ဆယ့်ရှစ်နှစ်နှင့်အထက်ရှိသော အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုနိုင်သည်ကို လူအများသတိမူမိစေရန် အောက်ပါအကြောင်းအရာများအတွက် သတိပေးချက် မျက်နှာပြင်တစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းထားပါသည်-
- ရဲအရာရှိများ သို့မဟုတ် တပ်မတော်သားများက လိင်ပိုင်းဆိုင်ရာမဟုတ်သည့် ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်နေသည်ကို ပုံဖော်သည့် ဗီဒီယိုများ သို့မဟုတ် ဓာတ်ပုံများ
- ကလေးတစ်ဦးကို ဘေးကင်းရာသို့ ပြန်ပို့ရန် ထင်ရှားသောရည်ရွယ်ချက်ဖြင့် ဖော်ပြထားသည့် အကြောင်းအရာကို ကျွန်ုပ်တို့က ပလက်ဖောင်းပေါ်တွင် ဆက်လက်ထားရှိစေရန် ဥပဒေစိုးမိုးရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီများ သို့မဟုတ် ယုံကြည်စိတ်ချရသော ဘေးကင်းရေး မိတ်ဖက်များက တောင်းဆိုသည့်အခါ လိင်ပိုင်းဆိုင်ရာမဟုတ်သည့် ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှု ဗီဒီယိုများ သို့မဟုတ် ဓာတ်ပုံများ
လူတချို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရာဖြစ်နိုင်သည်ဟု လူအများသတိမူမိစေရန် အောက်ပါအကြောင်းအရာများအတွက် ထိခိုက်လွယ်ကြောင်း ကြိုတင်သတိပေးချက် မျက်နှာပြင်တစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းထားပါသည်-
- ဘာသာရေး ထုံးတမ်းစဉ်လာများအရ ကလေးငယ်တစ်ဦးအား ရေထဲတွင် ကြမ်းတမ်းစွာ နှစ်မြှုပ်နေသည့် ဗီဒီယိုများ သို့မဟုတ် ဓာတ်ပုံများ
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
ထိခိုက်လွယ်သော အကြောင်းအရာ ဖြစ်နိုင်သည်ဟု လူအများ သတိမူမိစေရန် အောက်ပါအကြောင်းအရာများအတွက် သတိပေးအညွှန်းစာသားတစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းထားပါသည်-
- အကြောင်းအရာဖယ်ရှားခံရမည့် ချိုးဖောက်နေသည့် စာတန်းတစ်ခုဖြင့် ပူးတွဲဖော်ပြထားခြင်း မဟုတ်လျှင် သို့မဟုတ် ချိုးဖောက်နေသည့် ဆက်စပ်အခြေအနေတစ်ခုတွင် မျှဝေခြင်း မဟုတ်လျှင် ငတ်မွတ်ခေါင်းပါးမှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ပွားသည့် အခြေအနေအတွင်း ကလေးငယ်၏ အဖော်အချွတ်ပုံကို ဖော်ပြသည့် သတင်းဌာနတစ်ခုက တင်သောပုံ
သတင်းမီဒီယာပါတနာများ၊ NGO များ သို့မဟုတ် အခြား ယုံကြည်စိတ်ချရသော ဘေးကင်းရေး မိတ်ဖက်များက အစီရင်ခံသည့်အခါ လိင်ပိုင်းဆိုင်ရာမဟုတ်သည့် ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှု ဖြစ်ပွားပြီး နောက်ဆက်တွဲအခြေအနေကို ဖော်ပြသည့်ပုံကို ကျွန်ုပ်တို့ ဖယ်ရှားနိုင်ပါသည်။
အကြောင်းအရာတွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသူများဟု ဆိုသော နစ်နာသူများ၏ အထောက်အထားကို ခွဲခြားဖော်ထုတ်နိုင်ဖွယ်ရှိသည့် အချက်အလက်များ ပါဝင်နေပါက ထိုသူကို အမည် သို့မဟုတ် ပုံမှလွဲ၍ အခြားသောနည်းလမ်းများဖြင့် မည်သူမည်ဝါ ခွဲခြားဖော်ပြသော အကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည်။
အကြောင်းအရာကို ဖယ်ရှားပေးရန် ဥပဒေစိုးမိုးရေး၊ အစိုးရ၊ ယုံကြည်ရသောပါတနာက တောင်းဆိုထားသည့်အခါ သို့မဟုတ် အရွယ်မရောက်သေးသူ ကိုယ်တိုင်ကဖြစ်စေ၊ အရွယ်မရောက်သေးသူ၏ မိဘ/တရားဝင်အုပ်ထိန်းသူ ကိုယ်တိုင်ကဖြစ်စေ အကြောင်းအရာကို တိုင်ကြားထားသည့်အခါ အရွယ်မရောက်သေးသူ၏ အန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေသည်ဆိုလျှင် သာမန်အရွယ်မရောက်သေးသူတစ်ဦးကို မည်သူမည်ဝါ ခွဲခြားဖော်ပြရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသော အကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
အချက်အလက်
နောက်ဆုံးထုတ်ပြန်ထားသော လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာကို ကြည့်ရှုရန်
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အနိုင်ကျင့်စော်ကားမှုနှင့် အဖော်အချွတ် ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ