အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းသည် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းနှင့် မည်သူမည်ဝါအထောက်အထားပြ အချက်အလက်များအား ထုတ်ဖော်ခြင်းမှသည် ခြိမ်းခြောက်မက်ဆေ့များပို့ခြင်းနှင့် မလိုလားသည့် အန္တရာယ်ရှိသော ထိတွေ့ဆက်သွယ်မှုပြုလုပ်ခြင်းအထိ ပုံစံအမျိုးမျိုးဖြင့် နေရာအမျိုးမျိုးတွင် ဖြစ်ပေါ်နေနိုင်ပါသည်။ ဤအပြုအမူသည် Facebook၊ Instagram နှင့် Threads ပေါ်တွင် လုံခြုံ၍ တလေးတစားဆက်ဆံမှုကို လူများမခံစားနိုင်အောင် ဟန့်တားနေသောကြောင့် ဤအပြုအမူမျိုးကို ကျွန်ုပ်တို့လက်မခံပါ။
သတင်းတွင် ပါလာသူများ သို့မဟုတ် လူထုပရိသတ် မြောက်မြားစွာ ရှိထားသူများ၏ ဆန်းစစ်ဝေဖန်ချက်များ ယေဘုယျအားဖြင့်ပါဝင်သည့် ဆွေးနွေးမှုများကို ခွင့်ပြုလိုသောကြောင့် လူသိများသောပုဂ္ဂိုလ်များနှင့် သာမန်ပုဂ္ဂိုလ်များဟူ၍ ကျွန်ုပ်တို့ခွဲခြားထားပါသည်။ လူသိများသောပုဂ္ဂိုလ်များအတွက်ဆိုလျှင် ကျွန်ုပ်တို့သည် ဆိုးရွားသော တိုက်ခိုက်မှုများကိုသာမက လူသိများသောပုဂ္ဂိုလ်အား ပို့စ် သို့မဟုတ် မှတ်ချက်ထဲတွင် တိုက်ရိုက် အမည်ကတ်တွဲထားသည့် အချို့သောတိုက်ခိုက်မှုများကိုပါ ဖယ်ရှားပါသည်။ ကျွန်ုပ်တို့သည် လူသိများသောပုဂ္ဂိုလ်များအား ပြည်နယ်နှင့် နိုင်ငံတော်အဆင့် အစိုးရအရာရှိများ၊ အဆိုပါအရာရှိများအတွက် နိုင်ငံရေး ကိုယ်စားလှယ်လောင်းများ၊ လူမှုကွန်ရက်တွင် ပရိသတ် သို့မဟုတ် စောင့်ကြည့်သူ တစ်သန်းအထက်ရှိသူများနှင့် များပြားလှသော သတင်းပေးပို့ချက်များကို လက်ခံရရှိသည့်လူများအဖြစ် သတ်မှတ်သည်။
သာမန်ပုဂ္ဂိုလ်များအတွက် ကျွန်ုပ်တို့က ပို၍ကာကွယ်မှုပေးထားပါသည်- ဥပမာအားဖြင့် ကျွန်ုပ်တို့သည် လူတစ်ဦး၏ လိင်မှုကိစ္စအကြောင်း ပြောဆိုချက်များ အပါအဝင် သိက္ခာချရန် သို့မဟုတ် အရှက်ရစေရန် ရည်ရွယ်သည့် အကြောင်းအရာများကို ဖယ်ရှားပါသည်။ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းသည် အရွယ်မရောက်သေးသူများအပေါ် ပို၍စိတ်ထိခိုက်စေနိုင်ကြောင်းကို ကျွန်ုပ်တို့ သိနားလည်သောကြောင့် ကျွန်ုပ်တို့၏ မူဝါဒများသည် အသုံးပြုသူအခြေအနေက မည်သို့ပင်ဖြစ်စေကာမူ အသက် ၁၈ နှစ်အောက် မည်သူမဆိုအား ပိုမိုမြင့်မားသော ကာကွယ်မှုကို ပေးအပ်ခြင်းဖြစ်သည်။
အခြေအနေနှင့် ရည်ရွယ်ချက်က အရေးပါအရာရောက်ပြီး အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းကို ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ဂရုပြုအာရုံစိုက်လာစေရန်အတွက် မျှဝေခဲ့သည်မှာ ထင်ရှားလျှင် ပို့စ်တင်ရန်နှင့် မျှဝေရန် ကျွန်ုပ်တို့က လူများကို ခွင့်ပြုပေးပါသည်။ အချို့သောဖြစ်စဉ်များတွင် ကာယကံရှင်ကိုယ်တိုင် တိုင်ကြားခြင်းကို ကျွန်ုပ်တို့ လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့တိုင်ကြားခြင်းက ပစ်မှတ်ထားခံရသူမှာ အနိုင်ကျင့်ခြင်း သို့မဟုတ် ထိပါးနှောင့်ယှက်ခြင်းကို ခံစားနေရကြောင်း ကျွန်ုပ်တို့အား သဘောပေါက် နားလည်စေသောကြောင့် ဖြစ်ပါသည်။ အဆိုပါအပြုအမူနှင့် အကြောင်းအရာများကို တိုင်ကြားခြင်းအပြင် ၎င်းကို တားဆီးကာကွယ်ရန်အတွက် ကျွန်ုပ်တို့၏ ပလက်ဖောင်းများပေါ်၌ ရရှိနိုင်သော ကိရိယာများကို အသုံးပြုကြရန် လူအများကို ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
အနိုင်ကျင့်ခြင်း၊ အခြားသော အငြင်းပွားမှုများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအတွက် ပံ့ပိုးကူညီမှု ရှာဖွေနေသော ဆယ်ကျော်သက်များ၊ မိဘများနှင့် ပညာသင်ကြားပေးသူများအတွက် အားထားရာ အရင်းအမြစ်တစ်ခုဖြစ်သည့် အနိုင်ကျင့်ခြင်း တားဆီးရေးဌာနလည်း ကျွန်ုပ်တို့တွင် ရှိပါသည်။ အနိုင်ကျင့်ခြင်းနှင့်ပတ်သက်သည့် အရေးကြီးသော အပြန်အလှန်စကားဝိုင်းများ စတင်ပုံအတွက် သတင်းအချက်အလက်များ အပါအဝင် တစ်ဆင့်ချင်း လမ်းညွှန်ချက်ကိုလည်း ပံ့ပိုးပေးထားသည်။ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောက်ယှက်ခြင်းတို့မှ လူအများကို ကာကွယ်ရန် ကျွန်ုပ်တို့လုပ်ဆောင်လျက်ရှိသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဤနေရာ တွင် ပိုမိုလေ့လာပါ။
မှတ်ချက်- ဤမူဝါဒသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒ အရ သတ်မှတ်ထားသော အဖွဲ့အစည်းများတွင် ပါဝင်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် ၁၉၀၀ ပြည့်နှစ်မတိုင်မီ သေဆုံးသွားခဲ့သော လူပုဂ္ဂိုလ်များအပေါ် မသက်ရောက်ပါ။
အဆင့် ၁- လူတိုင်းအတွက် အလုံးစုံကာကွယ်ပေးမှုများ-
  • လူတိုင်းကို အောက်ပါတို့မှ ကာကွယ်ပေးထားပါသည်-
    • အောက်ပါအတိုင်းဖြစ်သော မလိုလားအပ်သည့် ထိတွေ့ဆက်သွယ်မှု-
      • ထပ်ခါတလဲလဲဖြစ်သော သို့မဟုတ်
      • လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သော သို့မဟုတ်
      • ကြိုတင်တောင်းဆိုထားမှုမရှိဘဲ လူပုဂ္ဂိုလ်များစွာထံသို့ ရည်ညွှန်းပြောဆိုထားသော။
    • သတ်မှတ်ထားသော လူတစ်ဦး သို့မဟုတ် လူတစ်စုအား မိမိကိုယ်ကို နာကျင်အောင်လုပ်စေရန် သို့မဟုတ် သေကြောင်းကြံစည်စေရန် နှိုးဆော်မှုများ။
    • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု သို့မဟုတ် အိမ်တွင်းအကြမ်းဖက်မှု တွေ့ကြုံရခြင်းအပေါ် အခြေခံ၍ တိုက်ခိုက်ခြင်း။
    • လိင်မှုကိစ္စဆောင်ရွက်လိုကြောင်း သို့မဟုတ် လိင်မှုကိစ္စဆောင်ရွက်ရန် အားပေးသော ပြောဆိုရေးသားမှုများ။
    • ဆိုးဝါးပြင်းထန်သော လိင်အသားပေး မှတ်ချက်များ ရေးသားခြင်း။
    • ရိုင်းစိုင်းသော လိင်အသားပေး ဖိုတိုရှော့ သို့မဟုတ် ရုပ်ပုံများ
    • လိင်ပိုင်းဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်သော ရိုင်းစိုင်းသည့် အသုံးအနှုန်းများဖြင့် တိုက်ခိုက်ခြင်းများ (ဥပမာ- ပြည့်တန်ဆာ၊ မိန်းမပျက်)။
    • အလွန်တရာ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးတစ်ခု မဖြစ်ပွားခဲ့ကြောင်း ပြောဆိုမှုများ။
    • အောက်ဖော်ပြပါ ပြောဆိုမှုများအပါအဝင် အလွန်တရာ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုး သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုကို ခံစားခဲ့ရသည့် နစ်နာသူဖြစ်သည်ဟု လူများက လိမ်ပြောနေကြောင်း ပြောဆိုမှုများ-
      • သီးခြားဖြစ်ရပ်တစ်ခုကို ခံစားခဲ့ရသည့် နစ်နာသူတစ်ဦးဖြစ်သည်ဟု သရုပ်ဆောင်ခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း သို့မဟုတ်
      • ဖြစ်ရပ်အတွင်း ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ လူအများကို လှည့်စားရန်အတွက် အဖိုးအခပေးထားခြင်း သို့မဟုတ် အလုပ်ခန့်ထားခြင်း။
  • တစ်ဦးတစ်ယောက်၏ သီးသန့်ဖုန်းနံပါတ်၊ နေထိုင်ရာလိပ်စာ၊ အီးမေးလိပ်စာ သို့မဟုတ် ဆေးကုသမှုမှတ်တမ်းများ (ကိုယ်ရေးလုံခြုံမှု ချိုးဖောက်မှုများဆိုင်ရာ မူဝါဒတွင် သတ်မှတ်ထားသည့်အတိုင်း) ကို ထုတ်ပြန်ရန် ခြိမ်းခြောက်မှုများ။
  • အနိုင်ကျင့်မှု နှင့်/သို့မဟုတ် စော်ကားမှုတို့ ပြုလုပ်အောင် နှိုးဆော်ခြင်းများ သို့မဟုတ် ထိုသို့သော လုပ်ရပ်များတွင် ပါဝင်ဆောင်ရွက်လိုကြောင်း ပြောဆိုမှုများ။
  • ဓမ္မတာလာခြင်း၊ ကျင်ငယ်စွန့်ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းသွားခြင်းများ ဖြစ်နေစဉ် သို့မဟုတ် ဖြစ်ပြီးစအခြေအနေတွင် ဖော်ပြခံရသူများကို သိက္ခာကျစေသော သို့မဟုတ် ရွံရှာစက်ဆုပ်ကြောင်း ဖော်ပြသော အကြောင်းအရာများ
  • လူတိုင်းကို အောက်ဖော်ပြပါတို့မှ ကာကွယ်ပေးသော်လည်း အရွယ်ရောက်ပြီးသည့် လူသိများသောပုဂ္ဂိုလ်များအတွက်မှာမူ အောက်ဖော်ပြပါတို့ကို တမင်တကာ တွေ့ကြုံရပါမည်-
    • သေဆုံးမှုကို တောင်းဆိုခြင်းများနှင့် ဆေးဘက်ဆိုင်ရာ ရောဂါအခြေအနေတစ်ခု ကူးစက်ရရှိခြင်း သို့မဟုတ် ဖြစ်ပွားခြင်းကို ထောက်ခံသော ပြောဆိုရေးသားမှုများ။
    • သေဆုံးမှု သို့မဟုတ် ဆေးဘက်ဆိုင်ရာ ရောဂါအခြေအနေကို ဂုဏ်ပြုခြင်း သို့မဟုတ် လှောင်ပြောင်ခြင်း။
    • လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်သော ရောဂါများနှင့်ပတ်သက်၍ ပြောဆိုခြင်းများ။
    • ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသွင်ပြင်နှင့်ပတ်သက်၍ နှိမ့်ချဖော်ပြချက်များ။
အဆင့် ၂- အရွယ်မရောက်သေးသူများ၊ သာမန်လူပုဂ္ဂိုလ်များနှင့် ကန့်သတ်ထားသည့် နယ်ပယ်အလိုက် လူသိများသော ပုဂ္ဂိုလ်များ (ဥပမာအားဖြင့် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုအရေးကိစ္စ၊ စာနယ်ဇင်းတွင်သာ အဓိကကျော်ကြားသော လူပုဂ္ဂိုလ်များ သို့မဟုတ် သဘောဆန္ဒမပါသော နည်းလမ်းများမှတစ်ဆင့် ကျော်ကြားလာသူများ) အားလုံးအတွက် ထပ်ဆောင်းကာကွယ်ပေးမှုများ-
  • လူတိုင်းအတွက် အလုံးစုံကာကွယ်ပေးမှုများအပြင် အရွယ်မရောက်သေးသူများအားလုံး (သာမန် လူပုဂ္ဂိုလ်များနှင့် လူသိများသောပုဂ္ဂိုလ်များ)၊ သာမန်အရွယ်ရောက်ပြီးသူများနှင့် ကန့်သတ်ထားသည့် နယ်ပယ်အလိုက် လူသိများသော ပုဂ္ဂိုလ်များကို အောက်ဖော်ပြပါတို့မှ ကာကွယ်ပေးသည်-
  • အရွယ်မရောက်သေးသူများအားလုံး (သာမန်လူပုဂ္ဂိုလ်များနှင့် လူသိများသောပုဂ္ဂိုလ်များ)၊ သာမန်လူပုဂ္ဂိုလ်များနှင့် ကန့်သတ်ထားသည့် နယ်ပယ်အလိုက် လူသိများသောပုဂ္ဂိုလ်များ) ကို အောက်ဖော်ပြပါတို့မှ ကာကွယ်ပေးသော်လည်း လူသိများသော အရွယ်မရောက်သေးသူများအတွက်မူ အောက်ဖော်ပြပါတို့ကို တမင်တကာ ကြုံတွေ့ရပါမည်-
    • အောက်ဖော်ပြပါတို့နှင့်ပတ်သက်၍ သို့မဟုတ် ယင်းတို့အကြောင်း (စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ) ရေးသားဖော်ပြထားသော လူသားအဖြစ်မှ နှိမ့်ချသည့် နှိုင်းယှဉ်ချက်များ-
      • ယဉ်ကျေးမှုအရ ယုတ်ညံ့သည်ဟု ယူဆသည့် လူထက်နိမ့်ကျသော သတ္တဝါများ အပါအဝင် တိရစ္ဆာန်များနှင့် ပိုးမွှားများ။
      • ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ ရောဂါပိုးမွှားများနှင့် ရောဂါများ။
      • အမှိုက်၊ အညစ်အကြေး၊ မစင်အပါအဝင် သက်မဲ့အရာဝတ္ထုများ။
  • ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာ အတိအကျ (နှာခေါင်း၊ နား စသည်တို့) ကို အသားပေးဖော်ပြရန်၊ ဝိုင်းပြရန် သို့မဟုတ် အခြားသော အပျက်သဘောဖြင့် အာရုံစိုက်မိစေရန် ပြောင်းလဲထားသည့် အကြောင်းအရာများ။
  • ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသွင်ပြင် သို့မဟုတ် စရိုက်လက္ခဏာများပေါ်အခြေခံ၍ ၎င်းတို့ကို အဆင့်သတ်မှတ်သည့် အကြောင်းအရာ။
  • (တိုက်ခိုက်ရေး အားကစား အခြေအနေများမှလွဲ၍) ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း သရုပ်ဖော်မှုတွင် ပါဝင်သည့် လူပုဂ္ဂိုလ်များကို သိက္ခာချအရှက်ခွဲသည့် အကြောင်းအရာ။
အဆင့် ၃- သာမန်အရွယ်မရောက်သေးသူများ၊ သာမန်အရွယ်ရောက်ပြီးသူများနှင့် သဘောဆန္ဒမပါသော နည်းလမ်းများဖြင့် နာမည်ကျော်လာသော အရွယ်မရောက်သေးသူများအတွက် ထပ်ဆောင်းကာကွယ်ပေးမှုများ-
  • အထက်ဖော်ပြပါ ကာကွယ်ပေးမှုအားလုံးအပြင် သာမန်အရွယ်မရောက်သေးသူများ၊ သာမန်အရွယ်ရောက်ပြီးသူများ (မိမိဘာသာ တိုင်ကြားမှုပြုရမည်) နှင့် သဘောဆန္ဒမပါသော နည်းလမ်းများဖြင့် နာမည်ကျော်လာသည့် အရွယ်မရောက်သေးသူများ အားလုံးကို အောက်ဖော်ပြပါတို့မှ ကာကွယ်ပေးထားသည်-
    • ဦးတည်၍ ဆဲဆိုမှု။
    • အချစ်ရေးကိစ္စများ၌ ပါဝင်ပတ်သက်မှု၊ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် လိင်စိတ်ခံယူချက်တို့နှင့် ပတ်သက်၍ အခိုင်အမာပြောဆိုခြင်းများ။
    • ဖယ်ကြဉ်ထားရန် တောင်းဆိုခြင်းများ၊ ဖယ်ကြဉ်ထားစေလိုကြောင်း ပြောဆိုရေးသားမှုများ၊ ဖယ်ကြဉ်ခြင်းပြုရန် ရည်ရွယ်ချက်ကို ပြဆိုသော သို့မဟုတ် ယင်းကဲ့သို့အခြေအနေတစ်ရပ်ကို မူတည်သော ပြောဆိုမှုများ သို့မဟုတ် ဖယ်ကြဉ်ခြင်းကို ထောက်ခံသော သို့မဟုတ် အားပေးသော ပြောဆိုခြင်းများ။
    • အရွယ်ရောက်ပြီးသူများအပေါ် ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များနှင့် လုပ်ငန်းစိစစ်သုံးသပ်ချက်များ ပြုလုပ်သည့် အကြောင်းအရာများမှလွဲ၍ အပျက်သဘောဆောင်သည့် စရိုက်လက္ခဏာဆိုင်ရာ သို့မဟုတ် အရည်အသွေးဆိုင်ရာ အခိုင်အမာပြောဆိုခြင်းများ။
    • အရွယ်ရောက်ပြီးသူများအပေါ် ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များပြုလုပ်သည့် အကြောင်းအရာတွင်မှလွဲ၍ လူတစ်ဦးတစ်ယောက်၏ ဖြစ်တည်မှုကို အထင်သေးမှု၊ ရွံရှာစက်ဆုပ်မှုကို ဖော်ပြခြင်းများ သို့မဟုတ် ယင်းဖြစ်တည်မှုကို ငြင်းဆန်သော အကြောင်းအရာများ။
  • မိမိဘာသာ တိုင်ကြားသည့်အခါ သာမန်အရွယ်မရောက်သေးသူများ၊ သာမန်အရွယ်ရောက်ပြီးသူများနှင့် သဘောဆန္ဒမပါသော နည်းလမ်းများဖြင့် နာမည်ကျော်လာသည့် အရွယ်မရောက်သေးသူများကို အောက်ဖော်ပြပါတို့မှ ကာကွယ်ပေးထားသည်-
    • ကိုယ်တိုင်ပါဝင်ပတ်သက်သူအဖြစ် ပြောဆိုသည့်ပုံစံဖြင့် အနိုင်ကျင့်ခြင်း။
    • မလိုလားအပ်သော ပြုပြင်ထားသည့် ရုပ်ပုံများ။
    • ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသွင်ပြင်အပေါ် အခြေခံ၍ အခြား လူသိများကျော်ကြားသူ၊ စိတ်ကူးယဉ်ဇာတ်ကောင် သို့မဟုတ် သာမန်လူပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်သုံးသပ်ချက်။
    • ဘာသာရေးဆိုင်ရာ လက္ခဏာတစ်ရပ်အကြောင်း အခိုင်အမာပြောဆိုမှုများ သို့မဟုတ် ဘာသာရေးအရပုတ်ခတ်ပြောဆိုမှု
    • အသိဉာဏ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျသည်ဟု ယဉ်ကျေးမှုအရ မယူဆထားသော တိရစ္ဆာန်များ သို့မဟုတ် ပိုးမွှားများဖြင့် နှိုင်းယှဉ်ခြင်းများ (“ကျား”၊ “ခြင်္သေ့”)။
    • ဘက်မလိုက်သော သို့မဟုတ် အပြုသဘောဆောင်သော ရုပ်ပိုင်းဆိုင်ရာ ရှင်းလင်းဖော်ပြချက်များ။
    • အပျက်သဘောမဆောင်သည့် အကျင့်စရိုက်ဆိုင်ရာ သို့မဟုတ် အရည်အသွေးဆိုင်ရာ အခိုင်အမာပြောဆိုခြင်းများ။
    • လိင်မှုကိစ္စမရှိခြင်းနှင့်ပတ်သက်သော ရိုင်းစိုင်းစော်ကားသည့် အသုံးအနှုန်းများဖြင့် တိုက်ခိုက်ခြင်းများ
အဆင့် ၄- သာမန်အရွယ်မရောက်သေးသူများအတွက် သီးသန့်ထပ်ဆောင်းကာကွယ်ပေးမှုများ-
  • အရွယ်မရောက်သေးသူများသည် ကျွန်ုပ်တို့၏မူဝါဒအရ ကာကွယ်ပေးမှုအများဆုံး ရရှိကြသည်။ အထက်ဖော်ပြပါ ကာကွယ်ပေးမှုအားလုံးအပြင် သာမန်အရွယ်မရောက်သေးသူများကို အောက်ဖော်ပြပါတို့မှလည်း ကာကွယ်ပေးသည်-
    • ပြစ်မှုဆိုင်ရာ သို့မဟုတ် ဥပဒေနှင့်မညီသော အပြုအမူများနှင့်ပတ်သက်၍ စွပ်စွဲချက်များ။
    • မည်သည့်အခြေအနေမျိုးတွင် မျှဝေထားသည်ဖြစ်စေ အရွယ်မရောက်သေးသူများအပေါ် ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်းကို ပြသသည့် ဗီဒီယိုများ။
    • အမျိုးသမီးများအား ကျား/မခွဲခြား၍ ဆဲရေးတိုင်းထွာခြင်းနှင့်ဆက်စပ်သည့် နိမ့်ကျရိုင်းစိုင်းသော အသုံးအနှုန်းများ။
စာမျက်နှာများ၊ အဖွဲ့များ၊ ပွဲအစီအစဉ်များနှင့် မက်ဆေ့များမှတစ်ဆင့် အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း
  • အဆင့် ၁ မှ ၄ အထိ ကာကွယ်ပေးမှုများကို စာမျက်နှာများ၊ အဖွဲ့များ၊ ပွဲအစီအစဉ်များနှင့် မက်ဆေ့များတွင်လည်း လိုက်နာကျင့်သုံးထားပါသည်။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
အောက်ပါတို့ကို မလုပ်ဆောင်ရပါ-
  • မလိုလားအပ်သည့် စာမျက်နှာများ၊ အဖွဲ့များနှင့် ပွဲအစီအစဉ်များမှတစ်ဆင့် သာမန်လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားသည့် အကြောင်းအရာကို ပို့စ်တင်ခြင်း။ ပစ်မှတ်ထားခံရသူကဖြစ်စေ၊ ပစ်မှတ်ထားခံရသူ၏ ခွင့်ပြုထားသောကိုယ်စားလှယ်ကဖြစ်စေ ဤအကြောင်းအရာကို တိုင်ကြားသည့်အခါ ၎င်းကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။
  • ပစ်မှတ်ထားခံရသူက တစ်နည်းနည်းဖြင့် တိုင်ကြားရန်လိုအပ်သည့် အထက်ဖော်ပြပါ အကြောင်းအရာကို ပို့စ်တင်ခြင်း သို့မဟုတ် ပို့စ်တင်သူက ပစ်မှတ်ထားခံရသူကို တိုက်ရိုက်ရည်ရွယ်ကြောင်း အကြောင်းအရာက ညွှန်ပြခြင်း (ဥပမာ- ပို့စ်ထဲတွင် သို့မဟုတ် မှတ်ချက်ထဲတွင် ပစ်မှတ်ထားခံရသူကို အမည်ကတ်တွဲခြင်း)။ ထိုအကြောင်းအရာကို မနှစ်သက်ကြောင်း ပစ်မှတ်ထံမှဖြစ်စေ၊ (အသက်ရှင်လျက်ရှိသော သို့မဟုတ် သေဆုံးသွားသော) ပစ်မှတ်၏ ခွင့်ပြုထားသောကိုယ်စားလှယ်ထံမှဖြစ်စေ အတည်ပြုချက်ရပါက ဤအကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်။
  • ကျွန်ုပ်တို့၏ မူဝါဒများအရ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအဖြစ် သတ်မှတ်နိုင်သည့် လုပ်ရပ်တွင် ပါဝင်ရန် တောင်းဆိုသည့် သို့မဟုတ် ရည်ရွယ်ကြောင်း ဖော်ပြသည့် အကြောင်းအရာကို ပို့စ်တင်ခြင်း။ ထိုအကြောင်းအရာကို မနှစ်သက်ကြောင်း ရည်ရွယ်ပစ်မှတ်ထားခံရသူထံမှဖြစ်စေ၊ ၎င်း၏ ခွင့်ပြုထားသောကိုယ်စားလှယ်ထံမှဖြစ်စေ အတည်ပြုချက်ကို ရရှိသည့်အခါ ဤအကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်။
  • လူသိများသောပုဂ္ဂိုလ်တစ်ယောက်ကို လိင်အသားပေးထားသည့် အကြောင်းအရာကို ပို့စ်တင်ခြင်း။ ထိုအကြောင်းအရာကို မနှစ်သက်ကြောင်း ရည်ရွယ်ပစ်မှတ်ထားခံရသူထံမှဖြစ်စေ၊ ၎င်း၏ ခွင့်ပြုထားသောကိုယ်စားလှယ်ထံမှဖြစ်စေ အတည်ပြုချက်ကို ရရှိသည့်အခါ ဤအကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်။
  • ကျူးလွန်ခံရသူအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် ထိတွေ့မှုကို စတင်လုပ်ဆောင်ခြင်း။ အဆိုပါထိတွေ့မှုကို လိုလားနှစ်သက်ခြင်းမရှိကြောင်း ကျူးလွန်ခံရသူထံမှဖြစ်စေ၊ ကျူးလွန်ခံရသူ၏ ခွင့်ပြုထားသောကိုယ်စားလှယ်ထံမှဖြစ်စေ အတည်ပြုချက်ကို ရရှိသည့်အခါ မလိုလားအပ်သော အခြေအနေနှင့်ဆက်စပ်၍ မျှဝေထားသည့် အကြောင်းအရာမှန်သမျှကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်။
  • အောက်ပါအခြေအနေများနှင့် ကိုက်ညီသည့်အခါ တိုက်ရိုက်ရည်ညွှန်းပြောဆိုသည့် အစုလိုက်အပြုံလိုက် အနှောင့်အယှက်ပေးမှုကို ဖယ်ရှားပါမည်-
    • မည်သည့်နေရာမှဖြစ်စေ "ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်မှု ကြုံတွေ့ရနိုင်ခြေများသူများ" ကို ပစ်မှတ်ထားခြင်း။ ထိုသူများမှာ-
      • လူ့အခွင့်အရေးကာကွယ်သူများ
      • အရွယ်မရောက်သေးသူများ
      • အကြမ်းဖက် ဖြစ်ရပ်များ/အဖြစ်ဆိုးများကို ခံစားရသူများ
      • ရွေးကောက်ပွဲကာလများတွင် အန္တရာယ်ရှိသော နိုင်ငံများမှ အတိုက်အခံပုဂ္ဂိုလ်များ
      • ရွေးကောက်ပွဲ အရာရှိများ
      • အစိုးရနှင့် သဘောထားကွဲလွဲဆန့်ကျင်မှု အခြေအနေပေါ်မူတည်၍ ပစ်မှတ်ထားခံရသည့် အစိုးရနှင့် သဘောထားကွဲလွဲဆန့်ကျင်သူများ
      • ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများ
      • အန္တရာယ်ရှိနိုင်သည်ဟု သတ်မှတ်ထားသည့် သတိထားမိလွယ်သော အုပ်စုဝင်
    • ဝင်စာပုံး သို့မဟုတ် ပရိုဖိုင်များ ကဲ့သို့သော ကိုယ်ရေးကိုယ်တာ မျက်နှာစာများမှတစ်ဆင့် လူပုဂ္ဂိုလ်တစ်ဦးဦးအား ပစ်မှတ်ထားခြင်း-
      • သာမန်လူပုဂ္ဂိုလ်များအတွက် ချမှတ်ထားသည့် အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းဆိုင်ရာ မူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာ သို့မဟုတ်
      • နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ် အခြေခံသော ကန့်ကွက်နိုင်သည့် အကြောင်းအရာ
  • မျက်နှာစာ တစ်ခုခုမှတစ်ဆင့် လူပုဂ္ဂိုလ်တစ်ဦးဦးကို ပစ်မှတ်ထားသည့် ပြည်နယ် သို့မဟုတ် ပြည်နယ်နှင့်ဆက်စပ်သည့် ကွန်ရက် တစ်ခုခု၏ တစ်စိတ်တစ်ပိုင်းအဖြစ်
    • အလုံးအရင်းနှင့် နှောင့်ယှက်မှုတွင် ပါဝင်သည့် အကောင့်များကို ပိတ်ခြင်း။
    • မျက်နှာစာတစ်ခုခုမှနေ၍ အောက်ပါအကြောင်းအရာများဖြင့် လူပုဂ္ဂိုလ်တစ်ဦးဦးအား ပစ်မှတ်ထားသည့် အဖျက်ရန်ကွန်ရက်များ-
      • သာမန်လူပုဂ္ဂိုလ်များအတွက် ချမှတ်ထားသည့် အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းဆိုင်ရာ မူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာ သို့မဟုတ်
      • နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ် မူတည်၍ ၎င်းတို့ကို ပစ်မှတ်ထားသည့် အကြောင်းအရာ သို့မဟုတ်
      • ဒေသတွင်းအခြေအနေအရ ကန့်ကွက်နိုင်သည်ဟု တစ်နည်းအားဖြင့် ယူဆရသော အကြောင်းအရာ သို့မဟုတ် အပြုအမူ
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
အချက်အလက်
နောက်ဆုံးထုတ်ပြန်ထားသော လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာကို ကြည့်ရှုရန်
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း ပြဿနာများအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ