စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားဖြင့် ကိုယ်စားပြုခြင်း

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
မူဝါဒဆိုင်ရာ သဘောတရား
စစ်မှန်မှုသည် ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ စစ်မှန်မှုသည် လူများက အဓိပ္ပာယ်ပြည့်ဝသောနည်းလမ်းများဖြင့် တစ်ဦးအပေါ်တစ်ဦး တာဝန်ခံမှုရှိသည့်၊ Meta အပေါ် တာဝန်ခံမှုရှိသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးနိုင်ရန် ကူညီပေးသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို မှားယွင်းစွာကိုယ်စားပြုမှုနှင့် အယောင်ဆောင်ခြင်းကို တားဆီးနေစဉ် တစ်ဖက်တွင်လည်း ကျွန်ုပ်တို့၏ ကမ္ဘာတစ်ဝန်းရှိ လူမှုအဖွဲ့အစည်းအသီးသီးတွင် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ထုတ်ဖော်ပြသည့် နည်းလမ်းများစွာကိုလည်း ကျွန်ုပ်တို့ ခွင့်ပြုပေးလိုပါသည်။ လူများ တစ်ဦးပေါ်တစ်ဦးယုံကြည်နိုင်ပြီး လူမှုအဖွဲ့အစည်း တည်ဆောက်နိုင်သည့် အန္တရာယ်ကင်းရှင်းပြီး ပွင့်လင်းသော ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းရန်အတွက် ကျွန်ုပ်တို့သည် အခြားသူများအား လှည့်ဖြားရန် ဖန်တီးထားသည့် သို့မဟုတ် အသုံးပြုထားသည့် အကောင့်များ သို့မဟုတ် ပရိုဖိုင်များ ဖန်တီးမှုကို ခွင့်မပြုပါ။
Facebook တွင် ကျွန်ုပ်တို့သည် လူများအား သူတို့၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ကိုယ်စားပြုသည့် နေ့စဉ်ဘဝတွင် ခေါ်ဝေါ်သောအမည်ကိုသုံး၍ အကောင့်တစ်ခုဖွင့်ရန် သတ်မှတ်ထားပါသည်။ လူများအား ၎င်းတို့၏ စိတ်ဝင်စားမှုများ သို့မဟုတ် လုပ်ငန်းများကဲ့သို့ ၎င်းတို့၏ မတူညီ‌သော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား အစိတ်အပိုင်းများကို ထုတ်ဖော်ပြနိုင်စေရန် ထပ်ဆောင်း ပရိုဖိုင်များကို ကျွန်ုပ်တို့ ဖန်တီးခဲ့သည်။
အောက်ပါတို့ကဲ့သို့သော Facebook၊ Instagram နှင့် Threads အကောင့်များ သို့မဟုတ် Facebook ပေါ်ရှိ အခြားအရာများ (စာမျက်နှာများ၊ အဖွဲ့များကဲ့သို့) ကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား သုံးစွဲခွင့်မပြုသည့်အပြင် ၎င်းတို့ကို ကန့်သတ်ပါမည် သို့မဟုတ် ပိတ်သိမ်းပါမည်-
  • အသက်မပြည့်သေးသော ကလေးများက ပိုင်ဆိုင်သည့်အရာများ
  • အောက်ပါနည်းလမ်းများဖြင့် အခြားလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအဖြစ် အယောင်ဆောင်သောအရာများ-
    • အခြားသူများအား လှည့်ဖြားရန် ရည်ရွယ်၍ ၎င်းတို့၏ရုပ်ပုံ(များ)၊ အမည် သို့မဟုတ် ပုံတူကို အသုံးပြုခြင်းဖြင့်
    • အသုံးပြုသူကို ခွင့်ပြုချက်မပေးထားသော်လည်း ၎င်းက အခြားလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ ကိုယ်စား ပြောဆိုဆောင်ရွက်ခြင်းဖြင့် (ဥပမာ- စာမျက်နှာ သို့မဟုတ် ပရိုဖိုင် ဖန်တီးခြင်းဖြင့်)
  • အခြားသူများကို နားလည်မှုလွဲစေရန် သို့မဟုတ် လိမ်လည်လှည့်ဖြားရန်၊ စည်းကမ်းထိန်းသိမ်းမှုကို ရှောင်တိမ်းရန် သို့မဟုတ် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်ရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအား မှားယွင်းစွာကိုယ်စားပြုမှုတွင် ပါဝင်ဆောင်ရွက်သည့်အရာများ။ နားလည်မှုလွဲစေသော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအား မှားယွင်းစွာကိုယ်စားပြုမှုကို အကဲဖြတ်သည့်အခါ ကျွန်ုပ်တို့သည် အောက်ပါတို့ကဲ့သို့ အချက်များစွာကို ထည့်သွင်းစဉ်းစားသည်-
    • အမည် သို့မဟုတ် အသက်ကဲ့သို့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား အသေးစိတ်အချက်အလက်များ ထပ်နေခြင်း သို့မဟုတ် ၎င်းတို့တွင် သိသာသော ပြောင်းလဲမှုများ
    • ကိုယ်ရေးအကျဉ်း အသေးစိတ်အချက်များနှင့် ပရိုဖိုင် တည်နေရာကဲ့သို့ နားလည်မှုလွဲစေသော ပရိုဖိုင်အချက်အလက်များ
    • ဓာတ်ပုံကုန်စည်ကို အသုံးပြုခြင်း
  • ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်နေသည့်အရာများ ပါဝင်သည့် အမည်တစ်ခုကို အသုံးပြုခြင်း။
Facebook တွင် အောက်ပါတို့ကို သင်လုပ်ဆောင်ပါက ပရိုဖိုင်များ သို့မဟုတ် အကောင့်များကို ယာယီကန့်သတ်ခြင်းမှသည် အပြီးတိုင်ပိတ်သည်အထိ အရေးယူခြင်းများမလုပ်မီ နောက်ထပ်အချက်အလက်များကို ကျွန်ုပ်တို့ ကြိုးစားရှာဖွေပါမည်-
  • မွေးနေ့အမှားကို ဖြည့်စွက်ခြင်း
  • နေ့စဉ်ဘဝတွင် သင့်ကိုခေါ်ဝေါ်သော အမည်ရင်းမဟုတ်သည့် အခြားအမည်တစ်ခုကို အသုံးပြုခြင်း
  • လူတစ်ယောက်နှင့်အထက်ကို ကိုယ်စားပြုသော သို့မဟုတ် လူတစ်ယောက်နှင့်အထက်က အသုံးပြုသော အကောင့်တစ်ခုကို ဖန်တီးခြင်း
  • Facebook အကောင့်အများအပြားကို ဖန်တီးခြင်း သို့မဟုတ် ထိန်းသိမ်းထားခြင်း
  • လုပ်ငန်း၊ အိမ်မွေးတိရစ္ဆာန် သို့မဟုတ် စိတ်ကူးယဉ်ဇာတ်ကောင်ကဲ့သို့ လူမဟုတ်သောအရာကို ကိုယ်စားပြုသည့် အကောင့်တစ်ခု ဖန်တီးခြင်း
  • အသုံးမပြုသည်မှာ ကြာပြီဖြစ်သော ပရိုဖိုင်အလွတ်များကို ထားရှိခြင်း
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားဖြင့် ကိုယ်စားပြုခြင်းနှင့်ပတ်သက်၍ အကူအညီ ရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ