အရွယ်မရောက်သေးသူများအား ထပ်ဆောင်းကာကွယ်ပေးမှု

မူဝါဒ အသေးစိတ်အချက်များ

မှတ်တမ်းပြောင်းရန်
ကျွန်ုပ်တို့သည် အောက်ပါတောင်းဆိုမှုများကို လိုက်လျောပါသည်-
  • အသက်မပြည့်သေးသူ၏ အကောင့်ကို ဖယ်ရှားပေးရန် တောင်းဆိုမှုများ။
  • လိင်ပိုင်းဆိုင်ရာမဟုတ်သည့် ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှု ရုပ်ပုံကို ဖယ်ရှားပေးရန် အစိုးရထံမှ တောင်းဆိုမှုများ။
  • မထင်မှတ်ဘဲ ကျော်ကြားလာသည့် အရွယ်မရောက်သေးသူများအပေါ် တိုက်ခိုက်မှုများအား ဖယ်ရှားပေးရန် တရားဝင်အုပ်ထိန်းသူထံမှ တောင်းဆိုမှုများ။
အောက်ပါလူမှုစံနှုန်းများအတွက် ကျွန်ုပ်တို့ စည်းကမ်းထိန်းသိမ်းတင်းကျပ်နိုင်စေရန် ထပ်ဆောင်းအချက်အလက်များ နှင့်/သို့မဟုတ် ဆက်စပ်အခြေအနေကို လိုအပ်ပါသည်-
အသုံးပြုသူတစ်ဦးကဖြစ်စေ၊ အစိုးရ၊ ဥပဒေစိုးမိုးရေး သို့မဟုတ် ကလေးသူငယ် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြင်ပကျွမ်းကျင်သူများက တောင်းဆိုလာသည့်အခါ အရွယ်မရောက်သေးသူတစ်ဦး၏ အန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေနိုင်ပါက အဆိုပါသာမန်အရွယ်မရောက်သေးသူအား မည်သူမည်ဝါ ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသည့် အကြောင်းအရာကို ကျွန်ုပ်တို့ဖယ်ရှားနိုင်သည်။
အသုံးပြုသူ၏ အတွေ့အကြုံများ
Facebook ပေါ်တွင် ဆက်မထားသင့်ဟု သင်ယူဆသော အကြောင်းအရာတစ်ခုခုကို တိုင်ကြားပုံ၊ ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို သင် ချိုးဖောက်ထားကြောင်း အသိပေးအကြောင်းကြားမှုရရှိပုံနှင့် အချို့အကြောင်းအရာများပေါ်တွင် သတိပေးချက် မျက်နှာပြင်ကို မြင်တွေ့ရပုံကဲ့သို့ Facebook ပေါ်တွင် အသုံးပြုသူများအား စည်းကမ်းထိန်းသိမ်းမှုပုံစံ နမူနာအချို့ကို ကြည့်ပါ။
မှတ်ချက်- ကျွန်ုပ်တို့သည် အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ဤနေရာတွင် သင် တွေ့ရှိမည့်အရာသည် ကျွန်ုပ်တို့လက်ရှိအသုံးပြုနေသည်နှင့် နှိုင်းစာလျှင် အနည်းငယ် ဟောင်းနေနိုင်သည်။
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားခြင်း
အသုံးပြုသူ၏ တွေ့ကြုံမှု
တိုင်ကြားပြီးနောက်ပိုင်း ဆက်သွယ်မှု
အသုံးပြုသူ၏ တွေ့ကြုံမှု
ဖြုတ်ချခြင်းဆိုင်ရာ တွေ့ကြုံမှု
အသုံးပြုသူ၏ တွေ့ကြုံမှု
သတိပေးချက် မျက်နှာပြင်များ
စည်းကမ်းထိန်းသိမ်းမှု
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ Facebook အသုံးပြုသူတိုင်းအတွက် တူညီသော မူဝါဒများကို ချမှတ်ထားသည်။
စိစစ်သုံးသပ်ရေး အဖွဲ့များ
ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့မှ စိစစ်သုံးသပ်သူ ၁၅,၀၀၀ ကျော် ပါဝင်သောအဖွဲ့သည် Facebook ပေါ်ရှိ အသုံးပြုသူများ လုံခြုံမှုရှိစေရန် နေ့စဉ်မပြတ် လုပ်ဆောင်လျက်ရှိသည်။
သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု
ပြင်ပရှိ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ NGO များနှင့် မူဝါဒချမှတ်သူများသည် Facebook လူမှုစံနှုန်းများအကြောင်းကို သိရှိကြစေရန် ကူညီပေးနေသည်။
အရွယ်မရောက်သေးသူများအား ထပ်ဆောင်းကာကွယ်ပေးမှုအတွက် အကူအညီရယူပါ
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် တစ်စုံတစ်ရာကို Facebook တွင် မြင်တွေ့ပါက သင်လုပ်နိုင်သည်များကို လေ့လာပါ။
ကျွန်ုပ်တို့၏ အကူအညီစင်တာတွင် ဝင်ကြည့်ပါ