ကျွန်ုပ်တို့၏ အက်ပ်များတွင် ခွင့်ပြုထားသည့်အရာနှင့် ခွင့်ပြုမထားသည့်အရာကို ဖော်ပြသော မူဝါဒများ။
ကြော်ငြာအကြောင်းအရာနှင့် လုပ်ငန်းအွန်လိုင်းပိုင်ဆိုင်မှုအတွက် မူဝါဒများ။
Meta နည်းပညာဖန်တီးမှုများအပေါ် သက်ရောက်မှုရှိသည့် အခြားမူဝါဒများ။
ကျွန်ုပ်တို့၏ မူဝါဒများကို အပ်ဒိတ်လုပ်ပုံ၊ ရလဒ်များကို အကဲဖြတ်တိုင်းတာပုံ၊ အခြားသူများနှင့်လက်တွဲလုပ်ဆောင်ပုံအပြင် နောက်ထပ်အရာများ။
Facebook နှင့် Instagram တွင် အန္တရာယ်ကင်းပြီး အပြုသဘောဆောင်သော သက်ဝင်ခံစားမှုများကို ဆယ်ကျော်သက်များ ရရှိစေရေးအတွက် ကျွန်ုပ်တို့ ကူညီပေးပုံကို လေ့လာပါ။
ချိုးဖောက်ထားသော အကြောင်းအရာများနှင့် အကောင့်များကို ရှာဖွေဖော်ထုတ်ရန်နှင့် စိစစ်သုံးသပ်ရန် နည်းပညာနှင့် စိစစ်သုံးသပ်ရေးအဖွဲ့များက ကျွန်ုပ်တို့အား ကူညီပေးပုံ။
အကြောင်းအရာကို စည်းကမ်းထိန်းသိမ်းရာတွင်- ဖယ်ရှား၊ လျှော့ချပြီး သတင်းပေးဟူသော အပိုင်းသုံးပိုင်းဖြင့် ချဉ်းကပ်ဖြေရှင်းနည်း။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသူများအား ကာကွယ်ရန် ပူးပေါင်းကြံစည်ထားသော အဖျက်ကွန်ရက်များကို ကျွန်ုပ်တို့ ဖြုတ်ချပုံ
ကမ္ဘာတစ်ဝန်းတွင် ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးပြီး တန်ပြန်တုံ့ပြန်သည့် စိန်ခေါ်မှုများ
၂၀၁၇ ခုနှစ်ကတည်းက ကျွန်ုပ်တို့ ဖြုတ်ချခဲ့သည့် အဖျက်ကွန်ရက်များနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံရေးဆိုင်ရာ သုတေသနပြုမှု
အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ။
ဘိန်းပါသောဆေးဝါးများ အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုနှင့် ဆေးရုံတက်ရောက်ကုသမှု များပြားလာသည့် ပြဿနာကို ကြုံတွေ့နေရသော အသိုင်းအဝိုင်းများအား ပံ့ပိုးကူညီခြင်း။
ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးရန်၊ လူအများအား ဆန္ဒမဲပေးခွင့်နှင့် ပိုမိုလုပ်ဆောင်ခွင့်ပေးရန် ကျွန်ုပ်တို့က ကူညီပေးပုံ။
ကျွန်ုပ်တို့က သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးသူများအပြင် အခြားသူများနှင့် လက်တွဲပြီး သတင်းအချက်အလက်အမှားများကို ဖော်ထုတ်၍ အရေးယူဆောင်ရွက်ပုံ။
အကြောင်းအရာကို သတင်းဖြစ်လောက်မှုရှိ၊ မရှိ ကျွန်ုပ်တို့အကဲဖြတ်ပုံ။
ကျွန်ုပ်တို့က အလင်းစဉ်တွင် ပြဿနာရှိသော အကြောင်းအရာကို လျှော့ချပုံ။
AI စနစ်များကို ကျွန်ုပ်တို့ တည်ဆောက်ပုံ။
Facebook နှင့် Instagram မှတစ်ဆင့် အများသူငှာထံ ဝေမျှထားသော အချက်အလက်ကို အပြည့်အစုံ ဝင်ရောက်ကြည့်ရှုခွင့်
Meta နည်းပညာဖန်တီးမှုများ အသီးသီးတွင် လက်ရှိပြသနေသော ကြော်ငြာအားလုံးနှင့် စပ်လျဉ်း၍ ပြည့်ပြည့်စုံစုံ ရှာဖွေနိုင်သော ဒေတာဘေ့စ် အချက်အလက်များ
Meta နည်းပညာနှင့် ဝန်ဆောင်မှုအစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ် သုတေသနပြု လေ့လာမှုအတွက် ထပ်ဆောင်းကိရိယာများ
Facebook အက်ပ်နှင့် Instagram တွင် ကျွန်ုပ်တို့၏ မူဝါဒများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာ၌ ကျွန်ုပ်တို့ မည်မျှကောင်းစွာ လုပ်ဆောင်နေပုံအကြောင်း သုံးလတစ်ကြိမ် အစီရင်ခံစာ။
ကျွန်ုပ်တို့က လူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်ရန် မည်မျှကောင်းစွာ ကူညီပေးနေပုံအကြောင်း အစီရင်ခံစာ။
လူများ၏အချက်အလက်များကို အစိုးရ၏ တောင်းဆိုမှုအကြောင်း အစီရင်ခံစာ။
ဒေသဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း ကျွန်ုပ်တို့ထံ တိုင်ကြားထားသော အကြောင်းအရာကို ကျွန်ုပ်တို့က ကန့်သတ်သည့်အချိန်နှင့်ပတ်သက်သော အစီရင်ခံစာ။
လူများ၏ အင်တာနက် အသုံးပြုနိုင်ခွင့်ကို ကန့်သတ်ထားသည့် တမင်ရည်ရွယ်ထားသော အင်တာနက် ကန့်သတ်ချက်များအကြောင်း အစီရင်ခံစာ။
သုံးလပတ်အတွင်း လူကြည့်အများဆုံး အကြောင်းအရာ အပါအဝင် Facebook ပေါ်တွင် လူများကြည့်ရှုထားသည့်အရာများအကြောင်း သုံးလတစ်ကြိမ် အစီရင်ခံစာ။
Facebook နှင့် Instagram အတွက် လက်ရှိနှင့် ယခင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အစီရင်ခံစာများကို ဒေါင်းလုဒ်လုပ်ပါ။
လူမှုစံနှုန်းများတွင် Facebook၊ Instagram၊ Messenger နှင့် Threads တို့၌ ခွင့်ပြုထားသည့်အရာနှင့် ခွင့်ပြုမထားသည့်အရာကို ဖော်ပြထားသည်။
လူများသည် နေ့စဉ်နေ့တိုင်း ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေရန်သာမက သူငယ်ချင်းများ၊ မိသားစုနှင့် ဆက်သွယ်ရန်အပြင် လူမှုအဖွဲ့အစည်းများကို ဖန်တီးတည်ဆောက်ရန် Facebook၊ Instragram၊ Messenger နှင့် Threads တို့ကို အသုံးပြုကြသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် သန်းထောင်ပေါင်းများစွာသော လူများအတွက် နိုင်ငံနှင့် ယဉ်ကျေးမှုအားလုံးတွင် ဘာသာစကားပေါင်းများစွာဖြင့် မိမိကိုယ်ကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်စေရန် ဆောင်ရွက်ပေးသည်။
Facebook၊ Instagram၊ Messenger နှင့် Threads တို့ကို လူများဆက်သွယ်ပြောဆိုခွင့်ရှိသည်ဟု ခံစားရသော နေရာများ ဖြစ်လာစေရန်မှာ လွန်စွာအရေးကြီးကြောင်းကို Meta က သိရှိနားလည်ပြီး အလွဲသုံးစားပြုမှုကို ဝန်ဆောင်မှုမှ ကင်းဝေးအောင် ဖယ်ရှားပေးသည့် ကျွန်ုပ်တို့၏ အခန်းကဏ္ဍကိုလည်း အလေးအနက်ထား လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့က ဤဝန်ဆောင်မှုများပေါ်တွင် ခွင့်ပြုထားသည့်အရာနှင့် ခွင့်ပြုမထားသည့်အရာအတွက် စံနှုန်းများကို ရေးဆွဲဖန်တီးထားခြင်းဖြစ်သည်။
ဤစံနှုန်းများကို လူအများ၏ သဘောထားမှတ်ချက်အပြင် နည်းပညာ၊ အများပြည်သူဘေးကင်းလုံခြုံရေးနှင့် လူ့အခွင့်အရေးကဲ့သို့ နယ်ပယ်များရှိ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်အပေါ် အခြေပြုထားသည်။ လူတိုင်း၏ ထုတ်ဖော်ပြောဆိုမှုကို တန်ဖိုးထားကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် တစ်နည်းနည်းဖြင့် လျစ်လျူရှုခံထားရသည့် သို့မဟုတ် ဖယ်ကြဉ်ခံထားရသည့် လူများနှင့် လူမှုအဖွဲ့အစည်းများထံမှ ကွဲပြားသည့် အမြင်များနှင့် ထင်မြင်ယူဆချက်များ အထူးသဖြင့် ပါဝင်နေသည့် စံနှုန်းများကို ဖန်တီးရန် အထူးဂရုပြု ဆောင်ရွက်ပါသည်။
လူမှုစံနှုန်းများ၏ အမေရိကန်ပြည်ထောင်စု အင်္ဂလိပ်ဗားရှင်းသည် နောက်ဆုံးပြောင်းလဲပြင်ဆင်ထားသည့် မူဝါဒများကို ဖော်ပြထားကြောင်းနှင့် ၎င်းကို အဓိကစာရွက်စာတမ်းအဖြစ် အသုံးပြုသင့်ကြောင်း မှတ်သားထားပါ။
ကျွန်ုပ်တို့ လူမှုစံနှုန်းများ၏ ရည်မှန်းချက်မှာ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ပြီး လူတိုင်းအား ထုတ်ဖော်ပြောဆိုခွင့် ပေးစွမ်းနိုင်သည့် နေရာတစ်ခု ဖန်တီးရန်ဖြစ်သည်။ Meta သည် အချို့လူများအတွက် သဘောထားကွဲလွဲနိုင် သို့မဟုတ် ကန့်ကွက်စရာဟု ထင်ရနိုင်သော်ငြားလည်း မိမိတို့အတွက် အရေးပါသည့် ကိစ္စရပ်များကို စာဖြင့်ရေးထားသော မှတ်ချက်များ၊ ဓာတ်ပုံများ၊ တေးဂီတ သို့မဟုတ် အခြားအနုပညာကြားခံများမှတစ်ဆင့် လူထုအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့် ရှိစေလိုပါသည်။ အချို့ဖြစ်စဉ်များတွင် သတင်းဖြစ်လောက်ပြီး အများပြည်သူအတွက် အကျိုးရှိပါက ကျွန်ုပ်တို့၏ စံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်သည့် အကြောင်းအရာကို ခွင့်ပြုပေးပါသည်။ ဤဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို ကြည့်၍ လူထုအကျိုးစီးပွား တန်ဖိုးနှင့် အန္တရာယ်ဖြစ်နိုင်ခြေတို့ကို ချိန်ဆပြီးမှသာ ယင်းကို ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။ အခြားကိစ္စရပ်များတွင် ထပ်ဆောင်းဆက်စပ်အခြေအနေအရ အဆိုပါအကြောင်းအရာသည် ကျွန်ုပ်တို့၏ စံနှုန်းများကို ဆန့်ကျင်ကြောင်း အကျိုးအကြောင်းသင့် နားလည်သွားစေသည့်အခါ ထိုဒွိဟဖြစ်စေသော သို့မဟုတ် သွယ်ဝိုက်သော စကားအသုံးအနှုန်းကို အသုံးပြုသည့် အကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်မှာ ပဓာနကျသော်လည်း အင်တာနက်သည် အလွဲသုံးစားပြုလုပ်နိုင်စေရန် များပြားလှသော အခွင့်အရေးသစ်များကို ဖန်တီးပေးနေကြောင်းကိုလည်း သိရှိပါသည်။ ဤသို့သော အကြောင်းရင်းများအတွက် ထုတ်ဖော်ပြောဆိုမှုကို ကျွန်ုပ်တို့ ကန့်သတ်လိုက်သည့်အခါ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အောက်ပါတန်ဖိုးများအပေါ် မူတည်၍ ဆောင်ရွက်ပါသည်-
ကျွန်ုပ်တို့သည် လူအများ မြင်တွေ့နေရသည့် အကြောင်းအရာများကို စစ်မှန်မှုရှိစေလိုသည်။ စစ်မှန်မှုသည် ပိုမိုကောင်းမွန်စွာ မျှဝေနိုင်သော ရပ်ဝန်းတစ်ခုကို ဖန်တီးပေးသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည့်အတွက် ကျွန်ုပ်တို့သည် လူများအား ၎င်းတို့ မည်သူဖြစ်သည် သို့မဟုတ် မည်သည့်အရာကို လုပ်ကိုင်နေသည်ကို မှားယွင်းစွာကိုယ်စားပြု၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးမပြုစေလိုခြင်းဖြစ်သည်။
Facebook၊ Instagram၊ Messenger နှင့် Threads တို့ကို အန္တရာယ်ကင်းသော နေရာများအဖြစ် ပြုလုပ်ရန် ကျွန်ုပ်တို့က ကတိပြုထားသည်။ ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်များ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများကို ဖယ်ရှားပါသည်။ လူများကို ခြိမ်းခြောက်သည့် အကြောင်းအရာသည် အခြားသူများကို ထိတ်လန့်ကြောက်ရွံ့စေရန်၊ ဖယ်ထုတ်ရန် သို့မဟုတ် နှုတ်ဆိတ်နေစေရန် အလားအလာရှိသောကြောင့် ယင်းအကြောင်းအရာကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများပေါ်တွင် ခွင့်မပြုပါ။
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် အချက်အလက်များကို ကာကွယ်ရန် သန္နိဋ္ဌာန် ချထားပါသည်။ ကိုယ်ရေးလုံခြုံမှုရှိလျှင် လူအများအနေဖြင့် ၎င်းတို့ပုံစံအတိုင်း လွတ်လပ်စွာ ပြုမူနိုင်ပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများပေါ်တွင် မျှဝေမည့်နည်းလမ်းနှင့် မျှဝေမည့်အချိန်တို့ကို ရွေးချယ်နိုင်စေကာ ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်စေသည်။
လူများအားလုံးတွင် တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ လူများသည် အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားပြီး အခြားသူများကို နှောင့်ယှက်တိုက်ခိုက်ခြင်း သို့မဟုတ် သိက္ခာချခြင်း ပြုလုပ်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများသည် ကမ္ဘာတစ်ဝန်းလုံးရှိ လူတိုင်းလူတိုင်းအပေါ် သက်ရောက်သည်သာမက AI ဖန်တီးထားသော အကြောင်းအရာအပါအဝင် အကြောင်းအရာ အမျိုးအစားအားလုံးအပေါ် သက်ရောက်ပါသည်။
ကျွန်ုပ်တို့၏လူမှုစံနှုန်းများပါ ကဏ္ဍအသီးသီးကို မူဝါဒဆိုင်ရာ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြထားသော "မူဝါဒဆိုင်ရာ သဘောတရားများ" ဖြင့် အစချီပြီး နောက်ပိုင်းတွင် အောက်ပါ မူဝါဒအကြောင်းအရာများကို တိတိကျကျ အနှစ်ချုပ်၍ ထည့်သွင်းဖော်ပြပေးထားသည်-
ခွင့်ပြုမထားသော အကြောင်းအရာနှင့်
စည်းကမ်းထိန်းသိမ်းရန်အတွက် ထပ်ဆောင်းအချက်အလက် သို့မဟုတ် ဆက်စပ်အခြေအနေ လိုအပ်သော အကြောင်းအရာ၊ သတိပေးချက် မျက်နှာပြင်ဖြင့် ခွင့်ပြုထားသော အကြောင်းအရာ သို့မဟုတ် ခွင့်ပြုထားသော်လည်း အသက် ၁၈ နှစ်နှင့် အထက် အရွယ်ရောက်သူများသာ ကြည့်ရှုနိုင်သော အကြောင်းအရာ။
အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
ရွေးကောက်ပွဲများနှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
သတင်းအချက်အလက်အမှားများကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
သတင်းဖြစ်လောက်သော အကြောင်းအရာနှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
Facebook အလင်းစဉ် အဆင့်သတ်မှတ်စနစ်ကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
အဆင့်သတ်မှတ်စနစ်အကြောင်း ရှင်းပြရန် ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
ကြီးကြပ်ထိန်းသိမ်းပုံ ဆန်းသစ်ပြောင်းလဲမှု
ကြီးကြပ်ရေးဘုတ်အဖွဲ့အကြောင်း အနှစ်ချုပ်
ကြီးကြပ်ရေးဘုတ်အဖွဲ့ထံသို့ အယူခံဝင်နည်း
ကြီးကြပ်ရေးဘုတ်အဖွဲ့ထံမှ အမှုကိစ္စများ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကြံပြုချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခြင်း
ကြီးကြပ်ရေးဘုတ်အဖွဲ့- နောက်ထပ်မေးမြန်းထားသော မေးခွန်းများ
ကြီးကြပ်ရေးဘုတ်အဖွဲ့နှင့်ပတ်သက်၍ Meta က တစ်နှစ်နှစ်ကြိမ်တင်ပြသော နောက်ဆုံးရအချက်အလက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်မှုကို ခြေရာခံခြင်း
လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာ
ဉာဏပစ္စည်းမူပိုင်ခွင့်
အသုံးပြုသူအချက်အလက်များကို အစိုးရ၏ တောင်းဆိုမှုများ
ဒေသဆိုင်ရာ ဥပဒေအပေါ် အခြေခံထားသော အကြောင်းအရာ ကန့်သတ်ချက်များ
အင်တာနက် ပြတ်တောက်မှုများ
လူကြည့်များသော အကြောင်းအရာဆိုင်ရာ အစီရင်ခံစာ
စည်းမျဉ်းစည်းကမ်းဆိုင်ရာနှင့် အခြားသော ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာများ
ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ