ကျွန်ုပ်တို့၏ အက်ပ်များတွင် ခွင့်ပြုထားသည့်အရာနှင့် ခွင့်ပြုမထားသည့်အရာကို ဖော်ပြသော မူဝါဒများ။
ကြော်ငြာအကြောင်းအရာနှင့် လုပ်ငန်းအွန်လိုင်းပိုင်ဆိုင်မှုအတွက် မူဝါဒများ။
Meta နည်းပညာဖန်တီးမှုများအပေါ် သက်ရောက်မှုရှိသည့် အခြားမူဝါဒများ။
ကျွန်ုပ်တို့၏ မူဝါဒများကို အပ်ဒိတ်လုပ်ပုံ၊ ရလဒ်များကို အကဲဖြတ်တိုင်းတာပုံ၊ အခြားသူများနှင့်လက်တွဲလုပ်ဆောင်ပုံအပြင် နောက်ထပ်အရာများ။
Facebook နှင့် Instagram တွင် အန္တရာယ်ကင်းပြီး အပြုသဘောဆောင်သော သက်ဝင်ခံစားမှုများကို ဆယ်ကျော်သက်များ ရရှိစေရေးအတွက် ကျွန်ုပ်တို့ ကူညီပေးပုံကို လေ့လာပါ။
ချိုးဖောက်ထားသော အကြောင်းအရာများနှင့် အကောင့်များကို ရှာဖွေဖော်ထုတ်ရန်နှင့် စိစစ်သုံးသပ်ရန် နည်းပညာနှင့် စိစစ်သုံးသပ်ရေးအဖွဲ့များက ကျွန်ုပ်တို့အား ကူညီပေးပုံ။
အကြောင်းအရာကို စည်းကမ်းထိန်းသိမ်းရာတွင်- ဖယ်ရှား၊ လျှော့ချပြီး သတင်းပေးဟူသော အပိုင်းသုံးပိုင်းဖြင့် ချဉ်းကပ်ဖြေရှင်းနည်း။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသူများအား ကာကွယ်ရန် ပူးပေါင်းကြံစည်ထားသော အဖျက်ကွန်ရက်များကို ကျွန်ုပ်တို့ ဖြုတ်ချပုံ
ကမ္ဘာတစ်ဝန်းတွင် ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးပြီး တန်ပြန်တုံ့ပြန်သည့် စိန်ခေါ်မှုများ
၂၀၁၇ ခုနှစ်ကတည်းက ကျွန်ုပ်တို့ ဖြုတ်ချခဲ့သည့် အဖျက်ကွန်ရက်များနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံရေးဆိုင်ရာ သုတေသနပြုမှု
အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ။
ဘိန်းပါသောဆေးဝါးများ အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုနှင့် ဆေးရုံတက်ရောက်ကုသမှု များပြားလာသည့် ပြဿနာကို ကြုံတွေ့နေရသော အသိုင်းအဝိုင်းများအား ပံ့ပိုးကူညီခြင်း။
ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးရန်၊ လူအများအား ဆန္ဒမဲပေးခွင့်နှင့် ပိုမိုလုပ်ဆောင်ခွင့်ပေးရန် ကျွန်ုပ်တို့က ကူညီပေးပုံ။
ကျွန်ုပ်တို့က သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးသူများအပြင် အခြားသူများနှင့် လက်တွဲပြီး သတင်းအချက်အလက်အမှားများကို ဖော်ထုတ်၍ အရေးယူဆောင်ရွက်ပုံ။
အကြောင်းအရာကို သတင်းဖြစ်လောက်မှုရှိ၊ မရှိ ကျွန်ုပ်တို့အကဲဖြတ်ပုံ။
ကျွန်ုပ်တို့က အလင်းစဉ်တွင် ပြဿနာရှိသော အကြောင်းအရာကို လျှော့ချပုံ။
AI စနစ်များကို ကျွန်ုပ်တို့ တည်ဆောက်ပုံ။
Facebook နှင့် Instagram မှတစ်ဆင့် အများသူငှာထံ ဝေမျှထားသော အချက်အလက်ကို အပြည့်အစုံ ဝင်ရောက်ကြည့်ရှုခွင့်
Meta နည်းပညာဖန်တီးမှုများ အသီးသီးတွင် လက်ရှိပြသနေသော ကြော်ငြာအားလုံးနှင့် စပ်လျဉ်း၍ ပြည့်ပြည့်စုံစုံ ရှာဖွေနိုင်သော ဒေတာဘေ့စ် အချက်အလက်များ
Meta နည်းပညာများနှင့် ဝန်ဆောင်မှုအစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ် သုတေသနပြု လေ့လာမှုအတွက် ထပ်ဆောင်းကိရိယာများ
Facebook အက်ပ်နှင့် Instagram တွင် ကျွန်ုပ်တို့၏ မူဝါဒများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာ၌ ကျွန်ုပ်တို့ မည်မျှကောင်းစွာ လုပ်ဆောင်နေပုံအကြောင်း သုံးလတစ်ကြိမ် အစီရင်ခံစာ။
ကျွန်ုပ်တို့က လူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်ရန် မည်မျှကောင်းစွာ ကူညီပေးနေပုံအကြောင်း အစီရင်ခံစာ။
လူများ၏အချက်အလက်များကို အစိုးရ၏ တောင်းဆိုမှုအကြောင်း အစီရင်ခံစာ။
ဒေသဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း ကျွန်ုပ်တို့ထံ တိုင်ကြားထားသော အကြောင်းအရာကို ကျွန်ုပ်တို့က ကန့်သတ်သည့်အချိန်နှင့်ပတ်သက်သော အစီရင်ခံစာ။
လူများ၏ အင်တာနက် အသုံးပြုနိုင်ခွင့်ကို ကန့်သတ်ထားသည့် တမင်ရည်ရွယ်ထားသော အင်တာနက် ကန့်သတ်ချက်များအကြောင်း အစီရင်ခံစာ။
သုံးလပတ်အတွင်း လူကြည့်အများဆုံး အကြောင်းအရာ အပါအဝင် Facebook ပေါ်တွင် လူများကြည့်ရှုထားသည့်အရာများအကြောင်း သုံးလတစ်ကြိမ် အစီရင်ခံစာ။
Facebook နှင့် Instagram အတွက် လက်ရှိနှင့် ယခင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အစီရင်ခံစာများကို ဒေါင်းလုဒ်လုပ်ပါ။
NOV 12, 2024
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် မူလက စတင်ဖြန့်ချိခဲ့သည့် ပရိုတိုကော
သာမန်အားဖြင့် လူများက Facebook လူမှုစံနှုန်းများ သို့မဟုတ် Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များကို ချိုးဖောက်သည့်အခါ ၎င်းတို့သည် ပို့စ်တင်ခြင်း၊ မှတ်ချက်ပေးခြင်း၊ Facebook Live အသုံးပြုခြင်း သို့မဟုတ် စာမျက်နှာ ဖန်တီးခြင်းကဲ့သို့ အကြောင်းအရာ ဖန်တီးခွင့်မှ ကန့်သတ်ခံရနိုင်သည်။ ပုံမှန်အားဖြင့် တစ်ရက်မှ ရက် ၃၀ အထိ ကြာမြင့်သည့် ဤပုံမှန်ကန့်သတ်ချက်များသည် သတ်မှတ်အချိန်ကာလတစ်ခုကြာ နောက်ထပ်ချိုးဖောက်မှုများကို ဖယ်ထုတ်ထားရန်နှင့် လူများအား နောင်ချိုးဖောက်မှုများမပြုအောင် တားမြစ်ရန် ရည်ရွယ်သည်။ ၎င်းတို့ကျူးလွန်ထားသည့် ချိုးဖောက်မှုအတွက် သင့်တင့်မျှတသော ကန့်သတ်ချက်များကို ထားရှိရန် ကျွန်ုပ်တို့ကြိုးပမ်းပါသည်။
အကြိမ်ကြိမ် သတိပေးချက်များနှင့် ကန့်သတ်ချက်များ ရှိလင့်ကစား ကျွန်ုပ်တို့၏ လူမှုစံနှုန်းများ သို့မဟုတ် လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များကို ထပ်ခါထပ်ခါ ချိုးဖောက်ခြင်းကြောင့် သို့မဟုတ် အချို့သော အလွန်ဆိုးဆိုးဝါးဝါး စည်းကမ်းချိုးဖောက်မှုများကြောင့် အကောင့်များကို ကျွန်ုပ်တို့ ပိတ်ပင်နိုင်သည်။
ကျွန်ုပ်တို့၏ ပုံမှန်ကန့်သတ်ချက်များသည် ချိုးဖောက်မှုအတွက် သင့်တင့်မျှတမှုမရှိခြင်း သို့မဟုတ် လက်ရှိဖြစ်ပွားနေဆဲ အကြမ်းဖက်မှု သို့မဟုတ် လူထုအုံကြွမှု ကာလအတွင်း လူသိများသောပုဂ္ဂိုလ်များက အကြောင်းအရာတင်သည့် အခြေအနေမျိုးတွင် နောက်ထပ် ထိခိုက်မှုအန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချရန် လုံလောက်မှုမရှိခြင်း ဖြစ်နိုင်သည်။
လူသိများသောပုဂ္ဂိုလ်များသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းများအနှံ့ တွင်ကျယ်စွာ လွှမ်းမိုးမှုရှိတတ်သောကြောင့် ၎င်းတို့က ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည့်အခါ ထိခိုက်မှုအန္တရာယ် ပိုမိုကြီးမားနိုင်သည်။ လူသိများသောပုဂ္ဂိုလ်များ ဆိုသည်မှာ ပြည်နယ်နှင့် နိုင်ငံတော်အဆင့် အစိုးရအရာရှိများ၊ ထိုအစိုးရရုံးဌာနများအတွက် နိုင်ငံရေး ကိုယ်စားလှယ်လောင်းများ၊ လူမှုကွန်ရက်တွင် ပရိသတ် သို့မဟုတ် စောင့်ကြည့်သူ တစ်သန်းအထက်ရှိသူများနှင့် သတင်းထုတ်ပြန်ချက်များတွင် အလွန်အမင်း ဖော်ပြခံရသူများအဖြစ် ကျွန်ုပ်တို့ အဓိပ္ပာယ်သတ်မှတ်သည်။
လက်ရှိဖြစ်ပေါ်နေဆဲ အကြမ်းဖက်ဖြစ်ရပ်များ သို့မဟုတ် လူထုအုံကြွမှုကို လှုံ့ဆော်သည့် သို့မဟုတ် ချီးကျူးဂုဏ်ပြုသည့် နည်းလမ်းများဖြင့် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည့် လူသိများသောပုဂ္ဂိုလ်တစ်ဦးအတွက် သင့်လျော်သော ကန့်သတ်ချက်ကို ဆုံးဖြတ်သည့်အခါ အောက်ပါအချက်များကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားနိုင်သည်-
ချိုးဖောက်မှု၏ပြင်းထန်မှုအဆင့်၊ လက်ရှိနှင့် ယခင်ချိုးဖောက်မှုများ အပါအဝင် Facebook သို့မဟုတ် Instagram တွင် လူသိများသောပုဂ္ဂိုလ်၏ ချိုးဖောက်မှုမှတ်တမ်း။
အကြမ်းဖက်မှုတွင်ပါဝင်သော လူပုဂ္ဂိုလ်များအပေါ် လူသိများသောပုဂ္ဂိုလ်၏ အလားအလာရှိသော လွှမ်းမိုးမှုနှင့် ၎င်းတို့နှင့် ပတ်သက်မှု။
အကြမ်းဖက်မှုနှင့် အခြားဆက်စပ်သော ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုမှန်သမျှ၏ ပြင်းထန်မှုအဆင့်
လူထုအုံကြွမှုနှင့် လက်ရှိအကြမ်းဖက်မှု ဖြစ်နေစဉ် ကာလအတွင်း ကျွန်ုပ်တို့သည် ဤအချက်များကို အသုံးပြု၍ သင့်လျော်သော ကန့်သတ်မှုကြာမြင့်ချိန်ကို တစ်လမှ ၂ နှစ်အထိ အပိုင်းအခြားအလိုက် ဆုံးဖြတ်ပါသည်။ ချိုးဖောက်မှုအများစုအတွက် လူသိများသောပုဂ္ဂိုလ်တစ်ဦးသည် အကြောင်းအရာ ဖန်တီးခွင့်မှ တစ်လကြာ ကန့်သတ်ခံရပါမည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေတွင် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ ထုတ်ပြန်ချက်အတွက် လင့်ခ်ကို မျှဝေခြင်းကဲ့သို့ ပိုမိုဆိုးဝါးသော ချိုးဖောက်မှုများသည် အကြောင်းအရာ ဖန်တီးခွင့်မှ ၆ လကြာ သို့မဟုတ် ၁၂ လကြာ ကန့်သတ်ခံရမည်။ ပြင်းထန်မှုမြင့်သည့် အကြမ်းဖက်မှုဆိုလျှင် ကျွန်ုပ်တို့သည် အကောင့်ကို ၂ နှစ်ကြာ ကန့်သတ်ပါမည်။
ကန့်သတ်ကာလပြီးဆုံးချိန်တွင် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးပေါ် ထိခိုက်နိုင်ခြေ လျော့ပါးသွားခြင်းရှိ၊ မရှိ အကဲဖြတ်ရန် ကျွမ်းကျင်သူများကို ကျွန်ုပ်တို့ အားကိုးတကြီး မျှော်လင့်ပါမည်။ အကြမ်းဖက်မှုဖြစ်စဉ်များ၊ ငြိမ်းချမ်းစွာစုဝေးမှုအပေါ် ကန့်သတ်ချက်များနှင့် ကမ္ဘာအနှံ့ ဆူပူအုံကြွမှု သို့မဟုတ် လူထုအုံကြွမှုဆိုင်ရာ အခြားပြယုဂ်များ အပါအဝင် ပြင်ပအချက်များကိုလည်း ကျွန်ုပ်တို့အကဲဖြတ်ပါမည်။ အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအပေါ် ပြင်းထန်သော ထိခိုက်နိုင်ခြေ ဆက်ရှိနေသေးသည်ဟု ကျွန်ုပ်တို့ဆုံးဖြတ်ပါက ကန့်သတ်ချက်ကို သတ်မှတ်အချိန်ကာလတစ်ခုအထိ ထပ်တိုးပြီး အန္တရာယ်မလျော့ပါးမချင်း ဆက်လက်၍ ပြန်လည်အကဲဖြတ်ပါမည်။
လူသိများသောပုဂ္ဂိုလ်အပေါ် ကန့်သတ်ထားမှု သက်တမ်းစေ့ပြီး ၎င်းတို့သည် Facebook သို့မဟုတ် Instagram ကို ပြန်လည်အသုံးပြုခွင့် ရရှိပါက ထပ်ခါထပ်ခါ ချိုးဖောက်မှုများ မဖြစ်စေရန်အတွက် ၎င်းတို့ကို မြင့်မားသောပြစ်ဒဏ်များ ချမှတ်သွားပါမည်။ လတ်တလော ချိုးဖောက်မှုအသစ်များသည် အကြောင်းအရာဖန်တီးခွင့်မှ တစ်လကြာ ကန့်သတ်ခံရစဉ် ပိုမိုပြင်းထန်သော ချိုးဖောက်မှုများသည် နောက်ထပ် ၂ နှစ်ကြာ ကန့်သတ်ခံရပါမည်။ ထုံးစံအတိုင်း ကျွန်ုပ်တို့က အကြိမ်ကြိမ် သတိပေးချက်များနှင့် ကန့်သတ်မှုများ ပြုလုပ်သော်ငြားလည်း စည်းကမ်းချိုးဖောက်မှုရှိသည့် အကြောင်းအရာကို ဆက်လက်၍ ပို့စ်တင်နေသည့် အကောင့်မှန်သမျှကိုလည်း ပိတ်ပင်နိုင်ပါသည်။
အကြောင်းအရာက ကျွန်ုပ်တို့၏လူမှုစံနှုန်းများကို မချိုးဖောက်သော်လည်း လူသိများသောပုဂ္ဂိုလ်အပေါ် ကနဦးဆိုင်းငံ့ခဲ့ရသည့် အရင်းခံအကြောင်းရင်းဖြစ်သော အန္တရာယ်မျိုးကို ဖြစ်ပေါ်စေသည်ဆိုလျှင် ကျွန်ုပ်တို့သည် ထိုကဲ့သို့ပို့စ်များ၏ ပျံ့နှံ့မှုကို ကန့်သတ်နိုင်ပြီး ထပ်ခါထပ်ခါဆိုလျှင် ကျွန်ုပ်တို့၏ ကြော်ငြာကိရိယာများအား အသုံးပြုခွင့်ကို ယာယီကန့်သတ်နိုင်သည်။ ဤအဆင့်သည် အကြောင်းအရာကို လူသိများသောပုဂ္ဂိုလ်၏ အကောင့်တွင် ဆက်မြင်ရမည်ဖြစ်သော်လည်း ထိုလူသိများသောပုဂ္ဂိုလ်ကို လူများစောင့်ကြည့်ထားသည့်တိုင် ၎င်းတို့၏အလင်းစဉ်များတွင် ပျံ့နှံ့နေမည်မဟုတ်ဟု ဆိုလိုပါမည်။ ကျွန်ုပ်တို့သည် ထပ်ပြီးမျှဝေရန် ခလုတ်ကိုလည်း ထိုကဲ့သို့ပို့စ်များမှ ဖယ်ရှားနိုင်ပြီး ၎င်းတို့ကို အကြံပြုခြင်း သို့မဟုတ် ကြော်ငြာများအဖြစ် ပြသခြင်းမှလည်း ရပ်တန့်နိုင်သည်။ လူသိများသောပုဂ္ဂိုလ်က လူမှုစံနှုန်းများကို အတိအကျ ချိုးဖောက်သည့် အကြောင်းအရာကို တင်သော်လည်း ကျွန်ုပ်တို့၏ သတင်းဖြစ်လောက်သည့် အကြောင်းအရာဆိုင်ရာ မူဝါဒအရ ထိုပုဂ္ဂိုလ်တင်ထားသည့် ရေးသားဖော်ပြချက်ကို သိရှိခြင်းကြောင့် အများပြည်သူအကျိုးစီးပွားက အန္တရာယ်ဖြစ်နိုင်ခြေမှန်သမျှထက် ပိုအလေးသာကြောင်း ကျွန်ုပ်တို့အကဲဖြတ်ပါက ကျွန်ုပ်တို့သည် ထိုကဲ့သို့ပို့စ်များ၏ ပျံ့နှံ့မှုကို ကန့်သတ်ရန် အလားတူ ရွေးချယ်နိုင်သော်လည်း ၎င်းတို့ကို လူသိများသောပုဂ္ဂိုလ်၏ အကောင့်တွင် မြင်ရအောင် ဆက်ထားနိုင်သည်။ ပျံ့နှံရောက်ရှိမှုနှုန်းမြင့်ပြီး ဩဇာလွှမ်းမိုးမှုရှိသော အသုံးပြုသူများအပေါ် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အလေးပေးမှုနှင့် "အကြောင်းအရာဆိုင်ရာ မူဝါဒများအပေါ် ဆိုးဆိုးဝါးဝါး စည်းကမ်းချိုးဖောက်မှုများကို တုံ့ပြန်သည့် သင့်တင့်မျှတပြီး လိုအပ်သော ပြစ်ဒဏ်များကို ဖန်တီးရန်" Meta ၏ အခန်းကဏ္ဍအပေါ် ၎င်း၏ အလေးပေးမှုကို ထည့်သွင်းစဉ်းစား၍ ဤအဆင့်များကို ကျွန်ုပ်တို့လုပ်ဆောင်နေပါသည်။
အပ်ဒိတ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်
ကျွန်ုပ်တို့၏အသုံးပြုသူများသည် ကျွန်ုပ်တို့၏ပလက်ဖောင်းများပေါ်ရှိ နိုင်ငံရေးကိုယ်စားလှယ်လောင်းထံမှ သတင်းစကားကို ကြားသိနိုင်ကြောင်း သေချာစေရေးအလို့ငှာ ကျွန်ုပ်တို့သည် လူမှုစံနှုန်း ချိုးဖောက်မှုများအတွက် ပိုမိုပြင်းထန်သောပြစ်ဒဏ်များက ဆက်လက်သင့်လျော်မှုရှိ၊ မရှိ ဆုံးဖြတ်ရန် ဤပရိုတိုကောပေါ်မူတည်၍ အကောင့်များကို ရှေ့ဆက်၍ ပုံမှန်စိစစ်သုံးသပ်မည်ဖြစ်သည်။ ကြီးကြပ်ရေးဘုတ်အဖွဲ့က ဖော်ပြထားသည့်အတိုင်း “နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုကို ခွင့်ပြုရန်" ကျွန်ုပ်တို့၏တာဝန်ကို "အခြားသော လူ့အခွင့်အရေးများအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ခြေများကို ရှောင်ရှားရန်” ကျွန်ုပ်တို့၏တာဝန်နှင့်ယှဉ်၍ ချိန်ဆသုံးသပ်ခြင်းဖြင့် ဤဆုံးဖြတ်ချက်ကို ချမှတ်ရပေမည်။
အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
ရွေးကောက်ပွဲများနှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
သတင်းအချက်အလက်အမှားများကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
သတင်းဖြစ်လောက်သော အကြောင်းအရာနှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
Facebook အလင်းစဉ် အဆင့်သတ်မှတ်စနစ်ကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
အဆင့်သတ်မှတ်စနစ်အကြောင်း ရှင်းပြရန် ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ
ကြီးကြပ်ထိန်းသိမ်းပုံ ဆန်းသစ်ပြောင်းလဲမှု
ကြီးကြပ်ရေးဘုတ်အဖွဲ့အကြောင်း အနှစ်ချုပ်
ကြီးကြပ်ရေးဘုတ်အဖွဲ့ထံသို့ အယူခံဝင်နည်း
ကြီးကြပ်ရေးဘုတ်အဖွဲ့ထံမှ အမှုကိစ္စများ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကြံပြုချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခြင်း
ကြီးကြပ်ရေးဘုတ်အဖွဲ့- နောက်ထပ်မေးမြန်းထားသော မေးခွန်းများ
ကြီးကြပ်ရေးဘုတ်အဖွဲ့နှင့်ပတ်သက်၍ Meta မှ တစ်နှစ်နှစ်ကြိမ်တင်ပြသော နောက်ဆုံးရအချက်အလက်များ
လူမှုစံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာ
ဉာဏပစ္စည်းမူပိုင်ခွင့်
အသုံးပြုသူအချက်အလက်များကို အစိုးရ၏ တောင်းဆိုမှုများ
ဒေသဆိုင်ရာ ဥပဒေအပေါ် အခြေခံထားသော အကြောင်းအရာ ကန့်သတ်ချက်များ
အင်တာနက် ပြတ်တောက်မှုများ
လူကြည့်များသော အကြောင်းအရာဆိုင်ရာ အစီရင်ခံစာ
စည်းမျဉ်းစည်းကမ်းဆိုင်ရာနှင့် အခြားသော ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာများ
ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ